ipega PG – 9078 Universal Wireless Bluetooth Game Controller Review
0
1008
Zawgyi Version
Specification
General Brand: Ipega
Model: PG – 9078
Functions: Bluetooth
Bluetooth Version: V3.0
Interface: USB
Material: ABS
Charge way: USB Charge
Charging Time: 2h
Working Time: 10h
ခလုတ်ရဲ့ဖွဲ့စည်းတည်ဆောက်မှုကြောင့် တစ်နေ့လုံး ဆော့ကစားရင်တောင် လက်နာတာမျိုးတွေ မဖြစ်တော့ဘူးပေါ့။
°~°~°~°~°~°~°~°~°~°~°~°
MMAS Phone Spareparts
Unicode Version
ဒီကောင်လေးကဘာပစ္စည်းလဲဆိုတာကတော့ ပြန်ပြောနေဖို့လိုမယ်မထင်ပါဘူး။ ipega ကထုတ်တဲ့ ဂိမ်း controller လေးတစ်ခုပါပဲ။ ဖုန်းနဲ့ bluetooth ချိတ်ဆက်ပြီးတော့ ဆော့ကစားရမှာဖြစ်ပါတယ်။ ဆော့ကစားဖို့အတွက် နည်းလမ်းလေးတွေကို မပြောခင်မှာ ကျွန်တော်တို့ အချက်အလက်လေးတွေကို အရင်ကြည့်လိုက်ရအောင်။
Specification
General Brand: Ipega
Model: PG – 9078
Functions: Bluetooth
Bluetooth Version: V3.0
Compatible with: Android,IOS,PC,Tablet PC,TV
Features: Cable,Joystick
Connection Type: Bluetooth
System support: Android,IOS,PC
Interface: USB
Material: ABS
Power Battery Type: Built-in
Battery Capacity (mAh): 380mAh
Charge way: USB Charge
Charging Time: 2h
Working Time: 10h
Dimensions and Weight Product weight: 0.1500 kg
Package weight: 0.2760 kg
Product size: 16.00 x 11.00 x 3.50 cm / 6.3 x 4.33 x 1.38 inches
Package size: 18.50 x 16.50 x 7.50 cm / 7.28 x 6.5 x 2.95 inches
Package Contents Package Contents: 1 x Game Controller, 1 x English Instruction, 1 x USB Cable, 1 x Bracket
ဒီထဲမှာ ကျွန်တော်အကြိုက်ဆုံးအချက်တစ်ခုကိုပြောပါဆိုရင်တော့ ၂နာရီလောက်အားသွင်းပြီးတော့၊ ၁၀နာရီလောက် ဆော့ကစားနိုင်တယ်ဆိုတာပါပဲ။ ဒီတော့ ချိတ်ဆက်နည်းကိုကြည့်ရအောင်။ ဘူးထဲမှာလည်း အသုံးပြုနည်းကို အင်္ဂလိပ်၊ တရုတ်နှစ်ဘာသာနဲ့ ရေးသားပေးထားပါတယ်။ Android ၊ iOS ၊ PC စတာတွေနဲ့ ချိတ်ဆက်နည်းတွေအားလုံးကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ကျွန်တော်ကတော့ Android သုံးစွဲသူတွေအတွက် ချိတ်ဆက်ပုံလေးကို ပြောပြပေးသွားမှာပါ။
ချိတ်ဆက်ဖို့အတွက်ဆိုရင်တော့ အသုံးပြုနည်းလမ်းညွှန်မှာပါတဲ့ QR code လေးကို scan ဖတ်ပြီးတော့ app လေးကို ဒေါင်းလုတ်ဆွဲရမှာဖြစ်ပါတယ်။ App နာမည်လေးကတော့ Happy Chick ပါ။ ဒေါင်းလုတ်ဆွဲပြီးရင်တော့ ကျွန်တော်တို့ ချိတ်ဆက်ဖို့ အသင့်ဖြစ်နေပါပြီ။
အဆင့်(၁) ဖုန်းမှာ Bluetooth ဖွင့်လိုက်ပါ။
အဆင့်(၂) ခလုတ်မှာရှိတဲ့ ipega ခလုတ်လေးနဲ့ X ခလုတ်လေးကို တစ်ပြိုင်နက်တည်း နှိပ်လိုက်ပါ။ မီးလေးလုံး မှိတ်တုတ်မှိတ်တုတ် ဖြစ်လာတာကို မြင်ရပါလိမ့်မယ်။
အဆင့်(၃) ဖုန်းမှာ ဂိမ်းခလုတ်ပုံစံလေးနဲ့ နာမည်လေးတစ်ခုပေါ်လာပါလိမ့်မယ်။ သူနဲ့ pair လုပ်လိုက်ပါ။
အဆင့်(၄) connected ဆိုရင်တော့ အောင်မြင်စွာချိတ်ဆက်သွားပါပြီ။
ဒါဆိုရင်တော့ ကျွန်တော်တို့ ဘယ်ဂိမ်းတွေဆော့လို့ရမလဲဆိုတောကို ကြည့်လိုက်ရအောင်။ ခုနက ဒေါင်းလုတ်ဆွဲထားတဲ့ Happy Chick ဆိုတာလေးကို ဖွင့်လိုက်ပါ။ ဒါဆိုရင်တော့ Playstore လိုမျိုး UI လေးတက်လာမှာ ဖြစ်ပါတယ်။
အဲဒီအထဲကမှ Category ကိုသွားလိုက်ပါ။ Emulator ဆိုတဲ့ ခေါင်းစဉ်လေးအောက်မှာ အမျိုးအစားတွေ အများကြီးကို ထပ်တွေ့ရမှာ ဖြစ်ပါတယ်။ အဲဒီအထဲကမှ ဒီခလုတ်လေး support ပေးနိုင်တဲ့ အမျိုးအစားတွေကတော့ PS, FC, PCE, PSP, GBC, N64 တို့ဖြစ်ပါတယ်။
ကျွန်တော်ကတော့ ဒီလိုတွေထက် Retro ဂိမ်းလေးတွေကို ဆော့ရတာပိုကြိုက်တယ်ဆိုတော့ Back ပြန်ဆုတ်လိုက်ပြီး The Must-Play Retro Games ဆိုတာလေးကို နှိပ်ကြည့်လိုက်တယ်။ ဝိုး သူငယ်ပြန်သွားစေမယ့်ဂိမ်းတွေဆိုပါလား။ စူပါမာရီယို၊ စနိုးဘရို၊ Battle City ၊ Kage no Densetsu ၊ Rockman ၊ PES တွေ အများကြီးပါပဲ။ ကြိုက်နှစ်သက်ရာဂိမ်းကို ဒေါင်းလုတ်ဆွဲပြီးတော့ ဆော့ကစားနိုင်ပါပြီ။ ဖိုင်ဆိုဒ်လေးတွေက သေးပြီးတော့ offline ဆော့ကစားနိုင်ပါတယ်။
ဆော့ကြည့်တဲ့အရသာကို ပြောရမယ်ဆိုရင်တော့ လုံး၀ perfect ပါပဲ။ ဘာကြောင့်လဲ။ သူထုတ်ထားတဲ့ ရည်ရွယ်ချက်ကိုက retro ဂိမ်းတွေနဲ့ PS ဂိမ်းတွေအတွက်  ထောက်ပံ့ထားတဲ့ခလုတ်ဒီဇိုင်းကို အသုံးပြုထားတယ်။ ဒီတော့ Retro နဲ့ PS အတွက်ဆိုရင်တော့ ချိန်စရာမလိုပါဘူး။ ချိတ်လိုက်တာနဲ့ ဂိမ်းကို တန်းဆော့ခွင့်ရအောင် လုပ်ပေးထားပါတယ်။
Rocker ကလည်း လုံး၀ တိကျပြီးတော့ 360 ဒီဂရီလည်နိုင်တာဆိုတော့ အဆုံးရောက်သွားလို့ ပြန်လှည့်ရတာမျိုးတွေ မရှိတော့ပါဘူး။ Texture လေးတွေကို သေချာပြင်ဆင်ထားတာကြောင့် ချော်ထွက်မှာကိုလည်း မစိုးရိမ်ရပါဘူး။
ခလုတ်လေးတွေကလည်း ရောင်စုံခရစ္စတယ်လေးတွေကို အသုံးပြုပြီးတော့ တည်ဆောက်ထားတာပါ။ ပြီးတော့ အချိန်ကြာကြာဆော့ကစားမယ့်သူတွေအတွက် ချွေးမကပ်နိုင်တဲ့ texture လေးကိုလည်း တွေ့မြင်ရမှာပါ။
ခလုတ်ရဲ့ဖွဲ့စည်းတည်ဆောက်မှုကြောင့် တစ်နေ့လုံး ဆော့ကစားရင်တောင် လက်နာတာမျျိုးတွေ မဖြစ်တော့ဘူးပေါ့။
ခံစားမှုအရမ်းကောင်းတဲ့ ခလုတ်တွေနဲ့ဆိုတော့ နှိပ်လိုက်တာနဲ့ ချက်ချင်းသက်ရောက်မှု ပေးစွမ်းနိုင်ပါတယ်။
ဘယ်လိုလူတွေအတွက်သင့်တော်သလဲဆိုတာက အခုခေတ်ဂိမ်းတွေကို စိတ်မဝင်စားတဲ့သူတွေ၊ ငယ်ငယ်တုန်းကဆော့ဖူးတဲ့ဂိမ်းလေးတွေကို တစ်ခေါက်ပြန်ဆော့ကစားချင်တဲ့သူတွေ၊ Retro ဂိမ်းတွေကိုမှ မဆော့စားဘူးသေးတဲ့သူတွေ၊ PS ဂိမ်းဖန်တွေ အတွက်တော့ လုံးဝကိုက်ညီတဲ့ ဂိမ်းခလုတ်လေးပါ။
ဈေးနှုန်းကတော့ နှစ်သောင်းကျပ်တိတိ ဖြစ်ပါတယ်။
လက်လီလက်ကားဝယ်ယူရရှိနိင်ပါပြီ။
MMAS Mobile Phone နှင့် Spareparts အမျိုးမျိုးဖြန့်ချိရေးတွင်
°~°~°~°~°~°~°~°~°~°~°~°
မိုဘိုင်းဖုန်း Accessories အမျိုးမျိုး
ဖုန်းပြုပြင်အပိုပစ္စည်းအစိတ်ပိုင်းမျိုးစုံ ၊
ဖုန်းပြုပြင်ပစ္စည်းကရိယာမျိုးစုံ ကို လက်လီလက္ကား ဝယ်ယူရရှိနိုင်ပါသည်။
နယ်မြို့အသီးသီးမှမှာယူမှုများအတွက်လည်းကားဂိတ်မှတဆင့်ပို့ဆောင်ပေးနေပါတယ်ခင်ဗျာ။
MMAS Phone Spareparts
၈၄ လမ်း ၊ ၃၃x၃၄ လမ်းကြား ၊ မန္တလေးမြို့
၀၉၇၉၀၈၈၈၈၇၉ ၊ ၀၉၂၆၀၈၈၈၈၇၉
Leave a Reply