Galaxy S8 ကို Galaxy S Light Luxury အမည္ျဖင့္ ေရာင္းခ်မည္

0
1721

Galaxy S8 နဲ႔ ဒီဇိုင္း တူၿပီး စြမ္းရည္သင့္ ဟာ့ဒ္၀ဲမ်ား ထည့္သြင္းထားတဲ့ Galaxy S8 Lite ရဲ႕ သတင္းအခ်က္အလက္မ်ား လြန္ခဲ့တဲ့ လက ထြက္ေပၚခဲ့ဖူးပါတယ္။ အခုေတာ့ အဲဒီ စမတ္ဖုန္းကို Galaxy S8 Lite အစား Galaxy S Light Luxury အမည္ျဖင့္ ေရာင္းခ်မယ္ဆိုတာ ေသခ်ာသြားပါၿပီ။ ဆမ္ေဆာင္းက အဲဒီ စမတ္ဖုန္း မိတ္ဆက္ပြဲအတြက္ တရုတ္မွာ မီဒီယာမ်ားအား ဖိတ္စာမ်ား ေ၀ငွလိုက္ပါတယ္။ ဖိတ္စာမွာ အဲဒီ စမတ္ဖုန္းကို Galaxy S Light Luxury လို႔ အမည္ေပးထားမယ္ဆိုတာ သိခဲ့ရပါတယ္။

Galaxy S8 Lite ရဲ႕ ဓါတ္ပံုမ်ားစြာဟာလည္း အြန္လိုင္းမွာ ေပါက္ၾကားထြက္ေပၚခဲ့ဖူးပါတယ္။ သူ႔မွာ ၅.၈ လက္မ FHD+ Infinity Display တပ္ဆင္ထားမွာ ျဖစ္ပါတယ္။ ယခင္ႏွစ္က Galaxy S8 မွာ မိတ္ဆက္ခဲ့တဲ့ Bixby Button ကိုလည္း ထည့္သြင္းေပးထားမွာ ျဖစ္ပါတယ္။ အေနာက္ဘက္မွာ ကင္မရာနဲ႔ အတူ လက္ေဗြရာ ဆန္ဆာကို ထည့္သြင္းထားတဲ့ ဒီဇိုင္းကလည္း တူညီပါတယ္။

ယခင္က ေပါက္ၾကားထြက္ေပၚခဲ့ဖူးတဲ့ သတင္းမ်ားအရ သူ႔မွာ Qualcomm Snapdragon 660 Processor , 4GB RAM , 64GB Storage မ်ား ထည့္သြင္းထားပါတယ္။ အေနာက္ဘက္မွာ 16MP နဲ႔ အေရွ႕ဘက္မွာ 8MP Camera မ်ား ပါရွိပါတယ္။ ဘက္ထရီမွာ 3000mAh ျဖစ္ပါတယ္။ Android 8.0 Oreo ပါလာမွာ ျဖစ္ပါတယ္။

ေဘဂ်င္းမွာ စမတ္ဖုန္းကို မိတ္ဆက္မွာ ျဖစ္ပါတယ္။ အနက္နဲ႔ အနီေရာင္မ်ား ထုတ္လုပ္ေပးထားမွာ ျဖ စ္ပါတယ္။ ေစ်းႏႈန္းကိုေတာ့ မသိရေသးပါဘူး။

unicode

Galaxy S8 ကို Galaxy S Light အမည်ဖြင့် ရောင်းချမည်
Galaxy S8 နဲ့ ဒီဇိုင်း တူပြီး စွမ်းရည်သင့် ဟာ့ဒ်ဝဲများ ထည့်သွင်းထားတဲ့ Galaxy S8 Lite ရဲ့ သတင်းအချက်အလက်များ လွန်ခဲ့တဲ့ လက ထွက်ပေါ်ခဲ့ဖူးပါတယ်။ အခုတော့ အဲဒီ စမတ်ဖုန်းကို Galaxy S8 Lite အစား Galaxy S Light Luxury အမည်ဖြင့် ရောင်းချမယ်ဆိုတာ သေချာသွားပါပြီ။ ဆမ်ဆောင်းက အဲဒီ စမတ်ဖုန်း မိတ်ဆက်ပွဲအတွက် တရုတ်မှာ မီဒီယာများအား ဖိတ်စာများ ဝေငှလိုက်ပါတယ်။ ဖိတ်စာမှာ အဲဒီ စမတ်ဖုန်းကို Galaxy S Light Luxury လို့ အမည်ပေးထားမယ်ဆိုတာ သိခဲ့ရပါတယ်။

Galaxy S8 Lite ရဲ့ ဓါတ်ပုံများစွာဟာလည်း အွန်လိုင်းမှာ ပေါက်ကြားထွက်ပေါ်ခဲ့ဖူးပါတယ်။ သူ့မှာ ၅.၈ လက်မ FHD+ Infinity Display တပ်ဆင်ထားမှာ ဖြစ်ပါတယ်။ ယခင်နှစ်က Galaxy S8 မှာ မိတ်ဆက်ခဲ့တဲ့ Bixby Button ကိုလည်း ထည့်သွင်းပေးထားမှာ ဖြစ်ပါတယ်။ အနောက်ဘက်မှာ ကင်မရာနဲ့ အတူ လက်ဗွေရာ ဆန်ဆာကို ထည့်သွင်းထားတဲ့ ဒီဇိုင်းကလည်း တူညီပါတယ်။

ယခင်က ပေါက်ကြားထွက်ပေါ်ခဲ့ဖူးတဲ့ သတင်းများအရ သူ့မှာ Qualcomm Snapdragon 660 Processor , 4GB RAM , 64GB Storage များ ထည့်သွင်းထားပါတယ်။ အနောက်ဘက်မှာ 16MP နဲ့ အရှေ့ဘက်မှာ 8MP Camera များ ပါရှိပါတယ်။ ဘက်ထရီမှာ 3000mAh ဖြစ်ပါတယ်။ Android 8.0 Oreo ပါလာမှာ ဖြစ်ပါတယ်။

ဘေဂျင်းမှာ စမတ်ဖုန်းကို မိတ်ဆက်မှာ ဖြစ်ပါတယ်။ အနက်နဲ့ အနီရောင်များ ထုတ်လုပ်ပေးထားမှာ ဖြ စ်ပါတယ်။ ဈေးနှုန်းကိုတော့ မသိရသေးပါဘူး။

Leave a Reply