Dual-Rear Camera ပါတဲ့ ဖုန္းမ်ားရဲ႕ အက်ိဳးေက်းဇူးမ်ား

0
1218

အခုဆိုရင္ စြမ္းေဆာင္ရည္ျမင့္ သာမက တန္ဖိုးနည္း စမတ္ဖုန္းမ်ားမွာပါ အေနာက္ကင္မရာ ၂ လံုး တပ္ဆင္ထားၾကပါတယ္။ အဲဒီ နည္းပညာ အသစ္မွာ ကင္မရာ ၂ လံုးဟာ အခ်င္းခ်င္း ပံ့ပိုးကူညီ၍ အလုပ္လုပ္ၾကပါတယ္။ မ်ားေသာအားျဖင့္ Main Camera က အေရာင္မ်ားကို အစံုလင္ဆံုးျဖစ္ေအာင္ ဖမ္းယူေပးပါတယ္။ ဒုတိယ ကင္မရာကေတာ့ Main Camera မဖမ္းယူေပးႏုိင္တဲ့ အရာမ်ားကို ျဖည့္စြက္ ဖမ္းယူေပးပါတယ္။ ကင္မရာ ၂ လံုး ဖမ္းယူေပးတဲ့ အရာမ်ားကို Camera App က ေပါင္းစပ္ေပးျခင္းအားျဖင့္ အေကာင္းဆံုး ရလဒ္ကို ရရွိေစပါတယ္။ စမတ္ဖုန္း ထုတ္လုပ္သူမ်ားက အေကာင္းဆံုး ဓါတ္ပံုမ်ားကို ရရွိေစဖို႔ သူတို႔ ကိုယ္ပိုင္ ကင္မရာ ၂ လံုး အတြဲအစပ္ နည္းပညာမ်ားကို ဖန္တီးေနၾကပါတယ္။

Special Effects မ်ားကို တိုးတက္ေစျခင္း

3D နီးပါး အရည္အေသြးရွိတဲ့ ဓါတ္ပံုမ်ား

ကင္မရာ ၂ လံုး အတြဲအစပ္ရဲ႕ အားသာခ်က္တစ္ခုက သံုးဖက္ျမင္ စြမ္းရည္ကို ထုတ္လုုပ္ေပးတာပါ။ ဥပမာအားျဖင့္ လြန္ခဲ့တ့ဲ ႏွစ္မ်ားက ထြက္ခဲ့တဲ့ Honor 6X နဲ႔ Huawei Mate 9 တို႔မွာ ဆိုရင္ ဒုတိယ ကင္မရာေၾကာင့္ အကြာအေ၀းကို ပိုမို တိက်စြာ တြက္ခ်က္ေပးႏုိင္တဲ့အတြက္ 3D နီးပါး အရည္အေသြး ရွိတဲ့ ဓါတ္ပံုမ်ားကို ထုတ္လုပ္ေပးပါတယ္။ အဲဒီ စြမ္းရည္ဟာ ေအာက္မွာ ေဖာ္ျပမယ့္ Special Effects မ်ားကို ရရွိေအာင္လည္း ကူညီေပးပါတယ္။

Bokeh Effect

ဒုတိယ ကင္မရာက ျဖည့္စြက္ ဖမ္းယူေပးတဲ့ အရာမ်ားက ဓါတ္ပံုရဲ႕ ၾကည္လင္ျပတ္သားမႈကို တိုးတက္ေစပါတယ္။ HTC One M8 မွာဆိုရင္ ဓါတ္ပံုရဲ႕ Background နဲ႔ Foreground မွာ Color Effect မ်ားကို ထည့္သြင္းႏုိင္ပါတယ္။ ဒါ့အျပင္ ဓါတ္ပံုတစ္ခုရဲ႕ အစိတ္အပိုင္းကို အျခား ဓါတ္ပံုမ်ားမွာ ထည့္သြင္းႏုိင္ပါတယ္။ အထူးျခားဆံုးကေတာ့ Focus မမိတဲ့ ေနရာမ်ားကို မြမ္းမံျခင္းနဲ႔ ေနာက္ခံကို Blur လုပ္ႏုိင္ျခင္းမ်ား ျဖစ္ပါတယ္။

Augmented Reality

Lenovo Phab 2 Pro နဲ႔ Asus Zenfone AR တို႔မွာေတာ့ Augmented Reality နည္းပညာကို ပံ့ပိုးေပးထားပါတယ္။ သမားရိုးက် RGB Camera အျပင္ Fish-Eye Lens တစ္ခုနဲ႔ Time-of-Flight အမည္ရ ကင္မရာ တစ္ခု တပ္ဆင္ထားပါတယ္။ 3-in-1 Camera အမ်ိဳးအစားလို႔ ေျပာလို႔ရပါတယ္။ သူ႔ရဲ႕ အိုင္ဒီယာက ရိုးရွင္းပါတယ္။ ကင္မရာမွာ ပါတဲ့ အနီေအာက္ ေရာင္ျခည္ရဲ႕ အကူအညီျဖင့္ RBG Sensors က အကြာအေ၀းကို တိက်စြာ တြက္ခ်က္ေပးပါတယ္။ ဒါဟာ Augmented Reality အတြက္ ေကာင္းမြန္တဲ့ ရလဒ္မ်ားကို ရရွိေစပါတယ္။

ဓါတ္ပံု အရည္အေသြးကို တိုးတက္ေစျခင္း

အေသးစိတ္ က်တဲ့ ဓါတ္ပံုမ်ား

Huawei P9 , Mate 9 နဲ႔ Honor 8 တို႔မွာ သူတို႔ရဲ႕ ဒုတိယ ကင္မရာက အေရာင္မ်ားကို မဖမ္းယူဘဲ အျဖဴနဲ႔ အနက္ကိုသာ ဖမ္းယူပါတယ္။ ဒါေပမယ့္ အေသးစိတ္ ေဒတာမ်ားကို ရယူႏုိင္ၾကပါတယ္။ အဲဒီေနာက္မွာ ေဆာ့ဖ္၀ဲ အသံုးျပဳ၍ အေရာင္မ်ားကို ထည့္ေပးျခင္းျဖင့္ အေသးစိတ္က်တဲ့ ဓါတ္ပံုကို ထုတ္လုပ္ေပးပါတယ္။

အလင္းေရာင္ နည္းတဲ့ အေျခအေနမ်ား

အလင္းေရာင္ကို စီမံခန္႔ခြဲျခင္းဟာ ဓါတ္ပံုဆရာမ်ားအတြက္ေတာင္ ခက္ခဲေစပါတယ္။ ပေရာ္ဖက္ရွင္နယ္ သမားမ်ားအတြက္ေတာ့ လိုအပ္တဲ့ အလင္းေရာင္ ပမာဏကို ခ်ိန္ညွိတတ္ၾကပါတယ္။ ဒါေပမယ့္ သာမာန္ လူမ်ားအတြက္ေတာ့ အလင္းေရာင္ နည္းပါးတဲ့ အေျခအေနမ်ားမွာ လွပတဲ့ ဓါတ္ပံုမ်ားကို မရိုက္တတ္ၾကပါဘူး။

အခုေတာ့ ကင္မရာ ၂ လံုးအတြက္အစပ္က အဲဒီ ျပႆနာကို ေျဖရွင္းေပးပါတယ္။ ဒုတိယ ကင္မရာက အေသးစိတ္ ေဒတာမ်ားကို ဖမ္းယူေပးၿပီးေနာက္မွ အလင္းေရာင္ကို ျဖည့္စြက္ေပးပါတယ္။ ရလဒ္ကေတာ့ ပေရာ္ဖက္ရွင္နယ္ ဓါတ္ပံုဆရာမ်ားကို မမွီေပမယ့္ ကင္မရာ တစ္လံုးထက္ေတာ့ ပိုမို ေကာင္းမြန္ပါတယ္။

ဓါတ္ပုံ အရည္အေသြး သိပ္မက်ေစဘဲ Zoom ဆြဲႏုိင္ျခင္း

စမတ္ဖုန္း ကင္မရာမ်ားကေန Digital Zoom ျပဳလုပ္၍ ရိုက္ကူးရင္ ဓါတ္ပံု အရည္အေသြး က်ဆင္းေလ့ရွိပါတယ္။ iPhone 7 Plus လို ဖုန္းကင္မရာမ်ားကေတာ့ ဓါတ္ပံု အရည္အေသြး သိပ္မက်ေစဘဲ Digital Zoom ဆြဲေပးႏုိင္ပါတယ္။

ref : androidpit

unicode

Dual-Rear Camera ပါတဲ့ ဖုန်းများရဲ့ အကျိုးကျေးဇူးများ

အခုဆိုရင် စွမ်းဆောင်ရည်မြင့် သာမက တန်ဖိုးနည်း စမတ်ဖုန်းများမှာပါ အနောက်ကင်မရာ ၂ လုံး တပ်ဆင်ထားကြပါတယ်။ အဲဒီ နည်းပညာ အသစ်မှာ ကင်မရာ ၂ လုံးဟာ အချင်းချင်း ပံ့ပိုးကူညီ၍ အလုပ်လုပ်ကြပါတယ်။ များသောအားဖြင့် Main Camera က အရောင်များကို အစုံလင်ဆုံးဖြစ်အောင် ဖမ်းယူပေးပါတယ်။ ဒုတိယ ကင်မရာကတော့ Main Camera မဖမ်းယူပေးနိုင်တဲ့ အရာများကို ဖြည့်စွက် ဖမ်းယူပေးပါတယ်။ ကင်မရာ ၂ လုံး ဖမ်းယူပေးတဲ့ အရာများကို Camera App က ပေါင်းစပ်ပေးခြင်းအားဖြင့် အကောင်းဆုံး ရလဒ်ကို ရရှိစေပါတယ်။ စမတ်ဖုန်း ထုတ်လုပ်သူများက အကောင်းဆုံး ဓါတ်ပုံများကို ရရှိစေဖို့ သူတို့ ကိုယ်ပိုင် ကင်မရာ ၂ လုံး အတွဲအစပ် နည်းပညာများကို ဖန်တီးနေကြပါတယ်။

Special Effects များကို တိုးတက်စေခြင်း

3D နီးပါး အရည်အသွေးရှိတဲ့ ဓါတ်ပုံများ

ကင်မရာ ၂ လုံး အတွဲအစပ်ရဲ့ အားသာချက်တစ်ခုက သုံးဖက်မြင် စွမ်းရည်ကို ထုတ်လုုပ်ပေးတာပါ။ ဥပမာအားဖြင့် လွန်ခဲ့တဲ့ နှစ်များက ထွက်ခဲ့တဲ့ Honor 6X နဲ့ Huawei Mate 9 တို့မှာ ဆိုရင် ဒုတိယ ကင်မရာကြောင့် အကွာအဝေးကို ပိုမို တိကျစွာ တွက်ချက်ပေးနိုင်တဲ့အတွက် 3D နီးပါး အရည်အသွေး ရှိတဲ့ ဓါတ်ပုံများကို ထုတ်လုပ်ပေးပါတယ်။ အဲဒီ စွမ်းရည်ဟာ အောက်မှာ ဖော်ပြမယ့် Special Effects များကို ရရှိအောင်လည်း ကူညီပေးပါတယ်။

Bokeh Effect

ဒုတိယ ကင်မရာက ဖြည့်စွက် ဖမ်းယူပေးတဲ့ အရာများက ဓါတ်ပုံရဲ့ ကြည်လင်ပြတ်သားမှုကို တိုးတက်စေပါတယ်။ HTC One M8 မှာဆိုရင် ဓါတ်ပုံရဲ့ Background နဲ့ Foreground မှာ Color Effect များကို ထည့်သွင်းနိုင်ပါတယ်။ ဒါ့အပြင် ဓါတ်ပုံတစ်ခုရဲ့ အစိတ်အပိုင်းကို အခြား ဓါတ်ပုံများမှာ ထည့်သွင်းနိုင်ပါတယ်။ အထူးခြားဆုံးကတော့ Focus မမိတဲ့ နေရာများကို မွမ်းမံခြင်းနဲ့ နောက်ခံကို Blur လုပ်နိုင်ခြင်းများ ဖြစ်ပါတယ်။

Augmented Reality

Lenovo Phab 2 Pro နဲ့ Asus Zenfone AR တို့မှာတော့ Augmented Reality နည်းပညာကို ပံ့ပိုးပေးထားပါတယ်။ သမားရိုးကျ RGB Camera အပြင် Fish-Eye Lens တစ်ခုနဲ့ Time-of-Flight အမည်ရ ကင်မရာ တစ်ခု တပ်ဆင်ထားပါတယ်။ 3-in-1 Camera အမျိုးအစားလို့ ပြောလို့ရပါတယ်။ သူ့ရဲ့ အိုင်ဒီယာက ရိုးရှင်းပါတယ်။ ကင်မရာမှာ ပါတဲ့ အနီအောက် ရောင်ခြည်ရဲ့ အကူအညီဖြင့် RBG Sensors က အကွာအဝေးကို တိကျစွာ တွက်ချက်ပေးပါတယ်။ ဒါဟာ Augmented Reality အတွက် ကောင်းမွန်တဲ့ ရလဒ်များကို ရရှိစေပါတယ်။

ဓါတ်ပုံ အရည်အသွေးကို တိုးတက်စေခြင်း

အသေးစိတ် ကျတဲ့ ဓါတ်ပုံများ

Huawei P9 , Mate 9 နဲ့ Honor 8 တို့မှာ သူတို့ရဲ့ ဒုတိယ ကင်မရာက အရောင်များကို မဖမ်းယူဘဲ အဖြူနဲ့ အနက်ကိုသာ ဖမ်းယူပါတယ်။ ဒါပေမယ့် အသေးစိတ် ဒေတာများကို ရယူနိုင်ကြပါတယ်။ အဲဒီနောက်မှာ ဆော့ဖ်ဝဲ အသုံးပြု၍ အရောင်များကို ထည့်ပေးခြင်းဖြင့် အသေးစိတ်ကျတဲ့ ဓါတ်ပုံကို ထုတ်လုပ်ပေးပါတယ်။

အလင်းရောင် နည်းတဲ့ အခြေအနေများ

အလင်းရောင်ကို စီမံခန့်ခွဲခြင်းဟာ ဓါတ်ပုံဆရာများအတွက်တောင် ခက်ခဲစေပါတယ်။ ပရော်ဖက်ရှင်နယ် သမားများအတွက်တော့ လိုအပ်တဲ့ အလင်းရောင် ပမာဏကို ချိန်ညှိတတ်ကြပါတယ်။ ဒါပေမယ့် သာမာန် လူများအတွက်တော့ အလင်းရောင် နည်းပါးတဲ့ အခြေအနေများမှာ လှပတဲ့ ဓါတ်ပုံများကို မရိုက်တတ်ကြပါဘူး။

အခုတော့ ကင်မရာ ၂ လုံးအတွက်အစပ်က အဲဒီ ပြဿနာကို ဖြေရှင်းပေးပါတယ်။ ဒုတိယ ကင်မရာက အသေးစိတ် ဒေတာများကို ဖမ်းယူပေးပြီးနောက်မှ အလင်းရောင်ကို ဖြည့်စွက်ပေးပါတယ်။ ရလဒ်ကတော့ ပရော်ဖက်ရှင်နယ် ဓါတ်ပုံဆရာများကို မမှီပေမယ့် ကင်မရာ တစ်လုံးထက်တော့ ပိုမို ကောင်းမွန်ပါတယ်။

ဓါတ်ပုံ အရည်အသွေး သိပ်မကျစေဘဲ Zoom ဆွဲနိုင်ခြင်း

စမတ်ဖုန်း ကင်မရာများကနေ Digital Zoom ပြုလုပ်၍ ရိုက်ကူးရင် ဓါတ်ပုံ အရည်အသွေး ကျဆင်းလေ့ရှိပါတယ်။ iPhone 7 Plus လို ဖုန်းကင်မရာများကတော့ ဓါတ်ပုံ အရည်အသွေး သိပ်မကျစေဘဲ Digital Zoom ဆွဲပေးနိုင်ပါတယ်။

ref : androidpit

Leave a Reply