
0
1799




unicode

Dual Camera နဲ့ အရွယ်ကြီး ဘက်ထရီ ပါတဲ့ တန်ဖိုးနည်း Galaxy J8 ကို ကြေညာ

Samsung က Galaxy J8 ကို ကြေညာလိုက်ပါတယ်။ သူ့ရဲ့ ဈေးနှုန်းဟာ A Series များထက် သက်သာပါတယ်။ အိန္ဒိယမှာ ရူပီး ၁၉၀၀၀ ( ၂၈၀ ဒေါ်လာ) သတ်မှတ်ထားပါတယ်။ ပလတ်စတစ် ကိုယ်ထည်ဖြင့် တည်ဆောက်ထားပါတယ်။ ၆ လက်မ Super AMOLED Screen တပ်ဆင်ထားပြီး အရည်အသွေးမှာ HD+ ဖြစ်ပါတယ်။ Snapdragon 450 Chipset , 3500mAh Battery များ ပါပါတယ်။

အနောက်ဘက်မှာ 16MP Main Camera နဲ့ 5MP Secondary Camera များ ပါပါတယ်။ အရှေ့ဘက်မှာ 16MP Camera ပါပါတယ်။ ဇူလိုင်လမှာ ရောင်းချမှာ ဖြစ်ပြီး Android 8.0 Oreo ထည့်သွင်းပေးထားပါတယ်။ 4GB RAM , 64GB Storage များ ထည့်သွင်းပေးထားပါတယ်။ သူဟာ Galaxy A6(2018) ထက်တောင် စွမ်းရည်မြင့်မားပေမယ့် ဈေးသက်သာပါတယ်။

ဒီ စမတ်ဖုန်းကို အိန္ဒိယမှ လူငယ်များအတွက် ရည်ရွယ် ဖန်တီးထားတာ ဖြစ်ပါတယ်။ ဆမ်ဆောင်းရဲ့ Make for India စီမံကိန်းကနေ ဖန်တီးထားတာ ဖြစ်ပါတယ်။ Chat over Video အမည်ရ လုပ်ဆောင်ချက်လည်း ပါပါတယ်။ Windowed Video Chat သဘောမျိုး ဖြစ်ပါတယ်။ ဓါတ်ပုံများကို နှိပ်လိုက်တာနဲ့ Samsung Mall ကနေ ဈေးဝယ်နိုင်မယ့် AI စွမ်းရည်လည်း ပါပါတယ်။

Leave a Reply