FCC ေထာက္ခံခ်က္ရရွိသြားၿပီျဖစ္တဲ့ BLACKBERRY KEY2 စမတ္ဖုန္း

0
1654

BlackBerry အေနနဲ႔ Key2 စမတ္ဖုန္းကိုဇြန္လ(၇)ရက္ေန႔ နယူးေယာက္မွာ မိတ္ဆက္ေတာ့မွာ ျဖစ္ပါတယ္။ ဒီဖုန္းဟာ WI-FI ALLIANCE  နဲ႔ BLUETOOTH SIG ကေနအသိအမွတ္ျပဳမႈကိုလည္း ရရွိထားၿပီျဖစ္ပါတယ္။ ဒီေန႔မွာေတာ BlackBerry Key2 ဟာ FCC ရဲ႕ ခြင့္ျပဳခ်က္ ရရွိလာၿပီ ျဖစ္ပါတယ္။

စမတ္ဖုန္းမွာ ပရိုဆက္ဆာပိုင္းအေနနဲ႔ လက္ရွိ mid-range စမတ္ဖုန္းေတြျဖစ္တဲ့  Vivo X20 နဲ႔ Oppo R11S တု႔ိမွာသုံးထားတဲ့ Snapdragon 660 ကိုသုံးလာမွာ ျဖစ္ၿပီး ဖုန္းဟာ all-glass ဒီဇုိင္းနဲ႔ျဖစ္ပါတယ္။ 4.5လက္မ်က္ႏွာျပင္မွာ  1620×1080 display မွာOcta-core Qualcomm Snapdragon 660 ပရိုဆက္ဆာကို သုံးထားမွာျဖစ္ပါတယ္။ RAM ပိုင္းမွာေတာ့ 4GB နဲ႔ 6GB ဆိုၿပီး၊အမ်ိဳးအစားကြဲႏုိင္ပါတယ္။ 64GB storage ပါဝင္မွာျဖစ္ပါတယ္။ microSD ကတ္သုံးၿပီး 256 GB အထိထပ္တိုးႏုိင္ပါလိမ့္မယ္။

မတူညီတဲ့ ေမာ္ဒယ္နံပတ္၃မ်ိဳးနဲ႔ ထြက္ရွိလာမွာျဖစ္ၿပီး  BBF100-6, BBF100-2 နဲ႔ BBF100-1 လို႔မွတ္ပုံတင္ထားပါတယ္။ Android 8.1 Oreo တစ္ပါတည္း ထည့္သြင္းေပးထားမွာျဖစ္ၿပီး Wi-Fi ကြန္ရက္ဟာ 2.4GHz နဲ႔ 5GHz ၂မ်ိဳးလုံးမွာအလုပ္လုပ္ပါလိမ့္မယ္။ ဒီဇုိင္းနဲ႔မ်က္ႏွာျပင္ပိုင္းမွာ ယခင္မ်ိဳးဆက္နဲ႔ တူညီႏိုင္ၿပီး QWERTY ရဲ႕ပုံစံကိုေတာ့ အနုညး္ငယ္အေျပာင္းအလဲ လုပ္ႏုိင္ပါတယ္။

ေက်ာဘက္ကင္မရာ၂လုံးတပ္ဆင္ထားမွာျဖစ္ၿပီး အားသြင္းဖို႔နဲ႔ အခ်က္အလက္ေတြလႊဲေျပာင္းဖို႔အတြက္ USB- C ပါဝင္လာမွာပါ။ ကင္မရာပိုင္းမွာေတာ့ Dual ျဖစ္ၿပီး 12 MP (f/1.8, 1/2.3″, 1.55µm) + 8 MP ျဖစ္ပါတယ္။ အေရွ႕ဘက္ကင္မရာကေတာ့ 8 MP (f/2.0, 1.12µm) တပ္ဆင္ေပးထားမွာ ျဖစ္ပါတယ္။ ဘက္ထရီစြမ္းအားကေတာ့ Li-Ion 3360 mAh နဲ႔ျဖစ္ၿပီး လက္ေဗြဖတ္စနစ္ပါဝင္မွာ ျဖစ္ပါတယ္။

Unicode

BlackBerry အနေနဲ့ Key2 စမတ်ဖုန်းကိုဇွန်လ(၇)ရက်နေ့ နယူးယောက်မှာ မိတ်ဆက်တော့မှာ ဖြစ်ပါတယ်။ ဒီဖုန်းဟာ WI-FI ALLIANCE  နဲ့ BLUETOOTH SIG ကနေအသိအမှတ်ပြုမှုကိုလည်း ရရှိထားပြီဖြစ်ပါတယ်။ ဒီနေ့မှာတော BlackBerry Key2 ဟာ FCC ရဲ့ ခွင့်ပြုချက် ရရှိလာပြီ ဖြစ်ပါတယ်။

စမတ်ဖုန်းမှာ ပရိုဆက်ဆာပိုင်းအနေနဲ့ လက်ရှိ mid-range စမတ်ဖုန်းတွေဖြစ်တဲ့  Vivo X20 နဲ့ Oppo R11S တု့ိမှာသုံးထားတဲ့ Snapdragon 660 ကိုသုံးလာမှာ ဖြစ်ပြီး ဖုန်းဟာ all-glass ဒီဇိုင်းနဲ့ဖြစ်ပါတယ်။ 4.5လက်မျက်နှာပြင်မှာ  1620×1080 display မှာOcta-core Qualcomm Snapdragon 660 ပရိုဆက်ဆာကို သုံးထားမှာဖြစ်ပါတယ်။ RAM ပိုင်းမှာတော့ 4GB နဲ့ 6GB ဆိုပြီး၊အမျိုးအစားကွဲနိုင်ပါတယ်။  64GB storage ပါဝင်မှာဖြစ်ပါတယ်။ microSD ကတ်သုံးပြီး 256 GB အထိထပ်တိုးနိုင်ပါလိမ့်မယ်။

မတူညီတဲ့ မော်ဒယ်နံပတ်၃မျိုးနဲ့ ထွက်ရှိလာမှာဖြစ်ပြီး  BBF100-6, BBF100-2 နဲ့ BBF100-1 လို့မှတ်ပုံတင်ထားပါတယ်။ Android 8.1 Oreo တစ်ပါတည်း ထည့်သွင်းပေးထားမှာဖြစ်ပြီး Wi-Fi ကွန်ရက်ဟာ 2.4GHz နဲ့ 5GHz ၂မျိုးလုံးမှာအလုပ်လုပ်ပါလိမ့်မယ်။ ဒီဇိုင်းနဲ့မျက်နှာပြင်ပိုင်းမှာ ယခင်မျိုးဆက်နဲ့ တူညီနိုင်ပြီး QWERTY ရဲ့ပုံစံကိုတော့ အနုည်းငယ်အပြောင်းအလဲ လုပ်နိုင်ပါတယ်။

ကျောဘက်ကင်မရာ၂လုံးတပ်ဆင်ထားမှာဖြစ်ပြီး အားသွင်းဖို့နဲ့ အချက်အလက်တွေလွှဲပြောင်းဖို့အတွက် USB- C ပါဝင်လာမှာပါ။ ကင်မရာပိုင်းမှာတော့ Dual ဖြစ်ပြီး 12 MP (f/1.8, 1/2.3″, 1.55µm) + 8 MP ဖြစ်ပါတယ်။ အရှေ့ဘက်ကင်မရာကတော့ 8 MP (f/2.0, 1.12µm) တပ်ဆင်ပေးထားမှာ ဖြစ်ပါတယ်။ ဘက်ထရီစွမ်းအားကတော့ Li-Ion 3360 mAh နဲ့ဖြစ်ပြီး လက်ဗွေဖတ်စနစ်ပါဝင်မှာ ဖြစ်ပါတယ်။

Leave a Reply