၅.၈ လက္မ Infinity Display , Iris Scanning ပါတဲ့ Samsung Galaxy S Light Luxury ကို မိတ္ဆက္

0
1740

တရုတ္မွာ Samsung Galaxy S Light Luxury ကို ေၾကညာလိုက္ပါတယ္။ သူဟာ အရင္တုန္းကေတာ့ Galaxy S8 Lite လို႔ သတင္းထြက္ခဲ့တဲ့ ဖုန္းပါ။ သူ႔ရဲ႕ အရြယ္အစားဟာ Galaxy S8 နဲ႔ တူညီပါတယ္။ သူ႔မွာ ၅.၈ လက္မ FHD+ Infinity Display တပ္ဆင္ထားပါတယ္။ မ်က္နွာျပင္ အခ်ိဳးမွာ ေခတ္စားေနတဲ့ 18.5:9 ျဖစ္ပါတယ္။

ယခင္ႏွစ္က Galaxy S8 မွာ မိတ္ဆက္ခဲ့တဲ့ Bixby Button ကိုလည္း ထည့္သြင္းေပးထားမွာ ျဖစ္ပါတယ္။ အေနာက္ဘက္မွာ ကင္မရာနဲ႔ အတူ လက္ေဗြရာ ဆန္ဆာကို ထည့္သြင္းထားတဲ့ ဒီဇိုင္းကလည္း တူညီပါတယ္။ မ်က္လံုး အာရံုခံ နည္းပညာလည္း ထည့္ေပးထားပါတယ္။

သူ႔မွာ စြမ္းေဆာင္ရည္သင့္ Qualcomm Snapdragon 660 Chipset ထည့္သြင္းထားပါတယ္။ S8 နဲ႔ တူညီတဲ့ 3000Ah Battery ပါပါတယ္။ 4GB RAM , 64GB Storage မ်ား ပါပါတယ္။ USB-C Port ကေန လွ်င္ျမန္စြာ အားသြင္းႏိုင္သလို ႀကိဳးမဲ့ အားသြင္း စနစ္ကလည္း လွ်င္ျမန္တယ္လို႔ သိရပါတယ္။

အေနာက္ဘက္မွာ 16MP နဲ႔ အေရွ႕ဘက္မွာ 8MP Camera မ်ား ပါရွိပါတယ္။ အေနာက္ ကင္မရာက 4K Video မ်ားကို ရိုက္ကူးႏုိင္ေပမယ့္ OIS ေတာ့ မပါပါဘူး။ 3.5mm Headphone Jack ကိုလည္း မဖယ္ရွားထားပါဘူး။ ေနာက္ပိုင္းမွာ အနက္ေရာင္ကို ေရာင္းခ်ေပးမွာ ျဖစ္ပါတယ္။ အခုေတာ့ အနီေရာင္ကို ၀ယ္ယူႏိုင္ပါၿပီ။ ယြမ္ ၄၀၀၀ သတ္မွတ္ထားၿပီး ၆၂၅ ေဒၚလာ ၀န္းက်င္ က်သင့္မွာပါ။

unicode

၅.၈ လက်မ Infinity Display , Iris Scanning ပါတဲ့ Samsung Galaxy S Light Luxury ကို မိတ်ဆက်

တရုတ်မှာ Samsung Galaxy S Light Luxury ကို ကြေညာလိုက်ပါတယ်။ သူဟာ အရင်တုန်းကတော့ Galaxy S8 Lite လို့ သတင်းထွက်ခဲ့တဲ့ ဖုန်းပါ။ သူ့ရဲ့ အရွယ်အစားဟာ Galaxy S8 နဲ့ တူညီပါတယ်။ သူ့မှာ ၅.၈ လက်မ FHD+ Infinity Display တပ်ဆင်ထားပါတယ်။ မျက်နှာပြင် အချိုးမှာ ခေတ်စားနေတဲ့ 18.5:9 ဖြစ်ပါတယ်။

ယခင်နှစ်က Galaxy S8 မှာ မိတ်ဆက်ခဲ့တဲ့ Bixby Button ကိုလည်း ထည့်သွင်းပေးထားမှာ ဖြစ်ပါတယ်။ အနောက်ဘက်မှာ ကင်မရာနဲ့ အတူ လက်ဗွေရာ ဆန်ဆာကို ထည့်သွင်းထားတဲ့ ဒီဇိုင်းကလည်း တူညီပါတယ်။ မျက်လုံး အာရုံခံ နည်းပညာလည်း ထည့်ပေးထားပါတယ်။

သူ့မှာ စွမ်းဆောင်ရည်သင့် Qualcomm Snapdragon 660 Chipset ထည့်သွင်းထားပါတယ်။ S8 နဲ့ တူညီတဲ့ 3000Ah Battery ပါပါတယ်။ 4GB RAM , 64GB Storage များ ပါပါတယ်။ USB-C Port ကနေ လျှင်မြန်စွာ အားသွင်းနိုင်သလို ကြိုးမဲ့ အားသွင်း စနစ်ကလည်း လျှင်မြန်တယ်လို့ သိရပါတယ်။

အနောက်ဘက်မှာ 16MP နဲ့ အရှေ့ဘက်မှာ 8MP Camera များ ပါရှိပါတယ်။ အနောက် ကင်မရာက 4K Video များကို ရိုက်ကူးနိုင်ပေမယ့် OIS တော့ မပါပါဘူး။ 3.5mm Headphone Jack ကိုလည်း မဖယ်ရှားထားပါဘူး။ နောက်ပိုင်းမှာ အနက်ရောင်ကို ရောင်းချပေးမှာ ဖြစ်ပါတယ်။ အခုတော့ အနီရောင်ကို ဝယ်ယူနိုင်ပါပြီ။ ယွမ် ၄၀၀၀ သတ်မှတ်ထားပြီး ၆၂၅ ဒေါ်လာ ဝန်းကျင် ကျသင့်မှာပါ။

Leave a Reply