ေစ်းသက္သာတဲ့ Beats Brand HomePod ကို ေရာင္းခ်မယ့္ Apple

0
1623

Apple ထုတ္လုပ္ေရာင္းခ်ထားတဲ့ HomePod စမတ္ စပီကာဟာ ေဒၚလာ ၃၄၉ ၀န္းက်င္ရွိပါတယ္။ သူဟာ ၿပိဳင္ဖက္ Google Home , Amazon Echo မ်ားထက္ေတာင္ ေစ်းမ်ားတဲ့အတြက္ ေရာင္းအားလည္း သိပ္မေကာင္းဘူးလို႔ သိရပါတယ္။ တန္ဖိုးသက္သာတဲ့ HomePod ကို ေရာင္းခ်မယ္ဆုိတဲ့ သတင္းမ်ားလည္း ထြက္ေပၚခဲ့ဖူးပါတယ္။ အခုေတာ့ Apple က ေစ်းသက္သာတဲ့ ေမာ္ဒယ္ကို Beats Brand နဲ႔ ေရာင္းခ်မယ္လို႔ သတင္းထြက္လာပါတယ္။

Beats Audio ကုမၸဏီကို Apple က ၂၀၁၄ ကတည္းက ဝယ္လုိက္ေပမယ့္ Apple ေရာ Beats Brand ေရာေပါင္းထုတ္တဲ့ပစၥည္းဆိုတာ နည္းပါးေနပါေသးတယ္။ Beats Brand စမတ္စပီကာကို ထုတ္လုပ္ေရာင္းခ်တာဟာ စမတ္ စပီကာရဲ႕ ေရာင္းအား တိုးတက္ဖုိ႔အတြက္ သာမက Beats ရဲ႕ Image ကိုလည္း ျမွင့္တင္ခ်င္လို႔ ျဖစ္ႏုိင္ပါတယ္။

တန္ဖိုးနည္း HomePod မွာ ေစ်းသက္သာဖို႔အတြက္ Siri ကို ဖယ္ရွားထားႏုိင္ပါတယ္။ ဒါ့အျပင္ တန္ဖိုးနည္း အသံ အစိတ္အပိုင္းမ်ားကို ဖယ္ရွားထားႏုိင္တဲ့အတြက္ မူလေမာ္ဒယ္ေလာက္ အသံအရည္အေသြး မေကာင္းႏုိင္ပါဘူး။ ယခုႏွစ္ေႏွာင္းပိုင္းမွာ ေစ်းသက္သာတဲ့ HomePod ကို ေရာင္းခ် ႏုိင္ပါတယ္။ ဇြန္လမွာ က်င္းပမယ့္ World Wide Developer Conference 2018 မွာ ေတြ႕ျမင္ရႏုိင္ပါတယ္။ ဒါမွမဟုတ္ရင္ေတာ့ iPhone မ်ိဳးဆက္သစ္နဲ႔အတူ စက္တင္ဘာလက်မွ မိတ္ဆက္ႏုိင္ပါတယ္။ ေစ်းသက္သာတဲ့ ေမာ္ဒယ္ကို ၁၉၉ ေဒၚလာေလာက္နဲ႔ ေရာင္းခ်ႏုိင္ပါတယ္။

Apple က ယခုႏွစ္ ကြာတား ၁ မွာ HomePods အလံုးေရ ၆ သိန္း ေရာင္းခ်ရတယ္လို႔ Strategy Analytics ရဲ႕ စစ္တမ္းအရ သိရပါတယ္။ အဲဒီ ေရာင္းအားအရ Apple ဟာ စမတ္စပီကာ ေစ်းကြက္ရဲ႕ ၆ ရာခုိင္ႏႈန္းကို ပိုင္ဆိုင္ထားတယ္လို႔ သိရပါတယ္။ သူ႔ရဲ႕ အထက္မွာေတာ့ Amazon နဲ႔ Google တို႔ရဲ႕ စမတ္စပီကာမ်ားက ပိုမိုေရာင္းေကာင္းေနပါတယ္။ စစ္တမ္းအရ အေမဇုန္ဟာ စမတ္ စပီကာ ေစ်းကြက္ရဲ႕ ၄၃.၆ ရာခုိင္ႏႈန္းနဲ႔ Google ဟာ ၂၆.၅ ရာခုိင္ႏႈန္းကို ပိုင္ဆိုင္ထားပါတယ္။ Google ဟာ စမတ္ စပီကာ အလံုးေရ ၂.၄ သန္းကို ကြာတား ၁ မွာ ေရာင္းခ်ႏိုင္ခဲ့ပါတယ္။

unicode

ဈေးသက်သာတဲ့ Beats Brand HomePod ကို ရောင်းချမယ့် Apple

Apple ထုတ်လုပ်ရောင်းချထားတဲ့ HomePod စမတ် စပီကာဟာ ဒေါ်လာ ၃၄၉ ဝန်းကျင်ရှိပါတယ်။ သူဟာ ပြိုင်ဖက် Google Home , Amazon Echo များထက်တောင် ဈေးများတဲ့အတွက် ရောင်းအားလည်း သိပ်မကောင်းဘူးလို့ သိရပါတယ်။ တန်ဖိုးသက်သာတဲ့ HomePod ကို ရောင်းချမယ်ဆိုတဲ့ သတင်းများလည်း ထွက်ပေါ်ခဲ့ဖူးပါတယ်။ အခုတော့ Apple က ဈေးသက်သာတဲ့ မော်ဒယ်ကို Beats Brand နဲ့ ရောင်းချမယ်လို့ သတင်းထွက်လာပါတယ်။

Beats Audio ကုမ္ပဏီကို Apple က ၂၀၁၄ ကတည်းက ဝယ်လိုက်ပေမယ့် Apple ရော Beats Brand ရောပေါင်းထုတ်တဲ့ပစ္စည်းဆိုတာ နည်းပါးနေပါသေးတယ်။ Beats Brand စမတ်စပီကာကို ထုတ်လုပ်ရောင်းချတာဟာ စမတ် စပီကာရဲ့ ရောင်းအား တိုးတက်ဖို့အတွက် သာမက Beats ရဲ့ Image ကိုလည်း မြှင့်တင်ချင်လို့ ဖြစ်နိုင်ပါတယ်။

တန်ဖိုးနည်း HomePod မှာ ဈေးသက်သာဖို့အတွက် Siri ကို ဖယ်ရှားထားနိုင်ပါတယ်။ ဒါ့အပြင် တန်ဖိုးနည်း အသံ အစိတ်အပိုင်းများကို ဖယ်ရှားထားနိုင်တဲ့အတွက် မူလမော်ဒယ်လောက် အသံအရည်အသွေး မကောင်းနိုင်ပါဘူး။ ယခုနှစ်နှောင်းပိုင်းမှာ ဈေးသက်သာတဲ့ HomePod ကို ရောင်းချ နိုင်ပါတယ်။ ဇွန်လမှာ ကျင်းပမယ့် World Wide Developer Conference 2018 မှာ တွေ့မြင်ရနိုင်ပါတယ်။ ဒါမှမဟုတ်ရင်တော့ iPhone မျိုးဆက်သစ်နဲ့အတူ စက်တင်ဘာလကျမှ မိတ်ဆက်နိုင်ပါတယ်။ ဈေးသက်သာတဲ့ မော်ဒယ်ကို ၁၉၉ ဒေါ်လာလောက်နဲ့ ရောင်းချနိုင်ပါတယ်။

Apple က ယခုနှစ် ကွာတား ၁ မှာ HomePods အလုံးရေ ၆ သိန်း ရောင်းချရတယ်လို့ Strategy Analytics ရဲ့ စစ်တမ်းအရ သိရပါတယ်။ အဲဒီ ရောင်းအားအရ Apple ဟာ စမတ်စပီကာ ဈေးကွက်ရဲ့ ၆ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားတယ်လို့ သိရပါတယ်။ သူ့ရဲ့ အထက်မှာတော့ Amazon နဲ့ Google တို့ရဲ့ စမတ်စပီကာများက ပိုမိုရောင်းကောင်းနေပါတယ်။ စစ်တမ်းအရ အမေဇုန်ဟာ စမတ် စပီကာ ဈေးကွက်ရဲ့ ၄၃.၆ ရာခိုင်နှုန်းနဲ့ Google ဟာ ၂၆.၅ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပါတယ်။ Google ဟာ စမတ် စပီကာ အလုံးရေ ၂.၄ သန်းကို ကွာတား ၁ မှာ ရောင်းချနိုင်ခဲ့ပါတယ်။

Leave a Reply