Exynos Chip မ်ားကို အျခား ဖုန္းကုမၸဏီမ်ားအား ေရာင္းေတာ့မယ့္ Samsung

0
1621

Samsung က သူကိုယ္တိုင္ ဖန္တီးထားတဲ့ Exynos Chipset မ်ားကို သူ႔ရဲ႕ စမတ္ဖုန္း၊ တက္ဘလက္မ်ားမွာ ထည့္သြင္းေရာင္းခ်ေပးထားပါတယ္။ အခုေတာ့ ဆမ္ေဆာင္းက သူ႔ရဲ႕ Chipset မ်ားကို အျခား စမတ္ဖုန္း ကုမၸဏီမ်ားအတြက္ပါ ေရာင္းခ်ေပးေတာ့မွာ ျဖစ္ပါတယ္။ ဒါဟာ မိုဘိုင္း Chipset နယ္ပယ္ကို အုပ္စိုးထားတဲ့ Qualcomm နဲ႔ Mediatek တို႔ကို စိန္ေခၚလိုက္တာ ျဖစ္ပါတယ္။

၂၀၁၉ ခုႏွစ္ေလာက္မွာ Samsung က သူ႔ရဲ႕ Chips မ်ားကို ေရာင္းခ်မယ္လို႔ သတင္းထြက္ေနပါတယ္။ ဖုန္း ကုမၸဏီမ်ားနဲ႔လည္း ဆမ္ေဆာင္းက ေဆြးေႏြးေနပါတယ္။ တစ္နည္းအားျဖင့္ ဆမ္ေဆာင္းဟာ သူ႔ရဲ႕ Chip စီးပြားေရး လုပ္ငန္းကို တိုးခ်ဲ႕တာ ျဖစ္ပါတယ္။

လက္ရွိမွာ Qualcomm ဟာ စမတ္ဖုန္း Chipset နယ္ပယ္ကို အုပ္စိုးထားပါတယ္။ Qualcomm ရဲ႕ GSM ေရာ၊ CDMA ကိုပါ ေထာက္ပံံ့တ့ဲ Modem ေၾကာင့္ အေမရိကန္နဲ႔ တရုတ္တို႔မွာ ေရာင္းတဲ့ Samsung Galaxy S9 နဲ႔ S9+ တို႔မွာ Snapdragon 845 ကို ထည့္ထားရပါတယ္။ အျခား ႏိုင္ငံမ်ားမွာေတာ့ Samsung Exynos 9810 Chipset ပါပါတယ္။ Samsung Exynos Chip မ်ားကေတာ့ GSM ကိုသာ ေထာက္ပံ့တဲ့အတြက္ အေမရိကန္မွ CDMA Carriers မ်ားနဲ႔ အဆင္မေျပလို႔ ျဖစ္ပါတယ္။

Exynos Chipset မ်ားရဲ႕ စြမ္းရည္မ်ားဟာ Qualcomm Chipset မ်ားကို အမီွလိုက္ႏုိင္ပါတယ္။ ဒါေပမယ့္ အထက္မွာ ေျပာထားသလို GSM ကိုသာ ေထာက္ပံ့တာက အားနည္းခ်က္ပါ။ ဒါ့အျပင္ Qualcomm Chip မ်ားက HDR Video Recording လုပ္ႏုိင္ပါတယ္။ Samsung Chip မ်ားမွာ အဲဒီ စြမ္းရည္ မပါပါဘူး။

unicode

Exynos Chip များကို အခြား ဖုန်းကုမ္ပဏီများအား ရောင်းတော့မယ့် Samsung

Samsung က သူကိုယ်တိုင် ဖန်တီးထားတဲ့ Exynos Chipset များကို သူ့ရဲ့ စမတ်ဖုန်း၊ တက်ဘလက်များမှာ ထည့်သွင်းရောင်းချပေးထားပါတယ်။ အခုတော့ ဆမ်ဆောင်းက သူ့ရဲ့ Chipset များကို အခြား စမတ်ဖုန်း ကုမ္ပဏီများအတွက်ပါ ရောင်းချပေးတော့မှာ ဖြစ်ပါတယ်။ ဒါဟာ မိုဘိုင်း Chipset နယ်ပယ်ကို အုပ်စိုးထားတဲ့ Qualcomm နဲ့ Mediatek တို့ကို စိန်ခေါ်လိုက်တာ ဖြစ်ပါတယ်။

၂၀၁၉ ခုနှစ်လောက်မှာ Samsung က သူ့ရဲ့ Chips များကို ရောင်းချမယ်လို့ သတင်းထွက်နေပါတယ်။ ဖုန်း ကုမ္ပဏီများနဲ့လည်း ဆမ်ဆောင်းက ဆွေးနွေးနေပါတယ်။ တစ်နည်းအားဖြင့် ဆမ်ဆောင်းဟာ သူ့ရဲ့ Chip စီးပွားရေး လုပ်ငန်းကို တိုးချဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ Qualcomm ဟာ စမတ်ဖုန်း Chipset နယ်ပယ်ကို အုပ်စိုးထားပါတယ်။ Qualcomm ရဲ့ GSM ရော၊ CDMA ကိုပါ ထောက်ပံံ့တဲ့ Modem ကြောင့် အမေရိကန်နဲ့ တရုတ်တို့မှာ ရောင်းတဲ့ Samsung Galaxy S9 နဲ့ S9+ တို့မှာ Snapdragon 845 ကို ထည့်ထားရပါတယ်။ အခြား နိုင်ငံများမှာတော့ Samsung Exynos 9810 Chipset ပါပါတယ်။ Samsung Exynos Chip များကတော့ GSM ကိုသာ ထောက်ပံ့တဲ့အတွက် အမေရိကန်မှ CDMA Carriers များနဲ့ အဆင်မပြေလို့ ဖြစ်ပါတယ်။

Exynos Chipset များရဲ့ စွမ်းရည်များဟာ Qualcomm Chipset များကို အမှီလိုက်နိုင်ပါတယ်။ ဒါပေမယ့် အထက်မှာ ပြောထားသလို GSM ကိုသာ ထောက်ပံ့တာက အားနည်းချက်ပါ။ ဒါ့အပြင် Qualcomm Chip များက HDR Video Recording လုပ်နိုင်ပါတယ်။ Samsung Chip များမှာ အဲဒီ စွမ်းရည် မပါပါဘူး။

Leave a Reply