18:9 Display , 24MP Selfie Camera ပါတဲ့ Honor Play 7

0
1819





unicode


Huawei က တန်ဖိုးနည်း စမတ်ဖုန်း အသစ်တစ်လုံးကို ကြေညာလိုက်ပါတယ်။ တရုတ်မှာ မိတ်ဆက်လိုက်တာ ဖြစ်ပြီး သူ့ရဲ့ အဓိက အစိတ်အပိုင်းများက 18:9 Display , 3020mAh Battery နဲ့ 24MP Selfie Camera များ ဖြစ်ကြပါတယ်။ ယွမ် ၅၉၉ သတ်မှတ်ထားပြီး မြန်မာငွေ ၁ သိန်းစွန်းစွန်းသာ ကျသင့်မှာပါ။ အနက်၊ ရွှေနဲ့ အပြာရောင်များ ထုတ်လုပ်ပေးထားပါတယ်။ အခြား နိုင်ငံများမှာ ရောင်းချမယ့် သတင်းကို မသိရသေးပါဘူး။

Honor Play 7 မှာ ၅.၄၅ လက်မ 1440x720p FullView HD+ Display တပ်ဆင်ထားပါတယ်။ နောက်ဆုံးထုတ် Android 8.1 Oreo အခြေပြု EMUI 8.1 ပါပါတယ်။ Quad-Core MediaTek MT6739 SoC ကို 2GB RAM နဲ့ တွဲဖက်ထားပါတယ်။

အနောက်ဘက်မှာ Dual-Tone LED Flash , PDAF နဲ့ 4x Digital Zoom များ ပါတဲ့ 13MP Camera နဲ့ အရှေ့ဘက်မှာ 24MP Camera ထည့်ပေးထားပါတယ်။ 2GB RAM , 16GB Internal Storage များထည့်သွင်းထားပြီး 256GB microSD Card စိုက်နိုင်ပါတယ်။ သူ့ရဲ့ အရွယ်အစား အပြည့်အစုံမှာ 146.5×70.9×8.3mm ဖြစ်ပြီး ၁၄၂ ဂရမ် အလေးချိန်ရှိပါတယ်။

4G LTE, Wi-Fi 802.11 b/g/n with hotspot, Bluetooth 4.2 with LE, GLONASS, GPS, micro-USB, နဲ့ a 3.5mm headphone jack စတဲ့ဆက်သွယ်မှုများ ပါပါတယ်။ Eye Protection Mode ပါတဲ့အတွက် မျက်စိကို ကာကွယ်ပေးပါတယ်။

Leave a Reply