အမိႈက္ပံု မီးမေလာင္ေအာင္ ဖုန္း ဘက္ထရီမ်ားကို အမိႈက္ပံုးထဲ မစြန္႔ပစ္သင့္

0
1559

ဖုန္းမ်ားမွာ ပါတဲ့ လစ္သီယမ္ အိုင္းယြန္း ဘက္ထရီမ်ားဟာ ဗံုးမ်ားလို ေပါက္ကြဲ မီးေလာင္တတ္ပါတယ္။ အဲဒီ ဘက္ထရီမ်ားကို ေနအိမ္ အမိႈက္ပံုးထဲကို စြန္႔ပစ္ရာကေန အမိႈက္ပံုမ်ားကို ေရာက္ရွိသြားၾကပါတယ္။ အခန္႔မသင့္ရင္ ဘက္ထရီမ်ား မီးေလာင္မႈေၾကာင့္ သန္႔ရွင္းေရး အလုပ္သမားမ်ား ဒဏ္ရာရႏုိင္သလို အမိႈက္ပံုႀကီးမ်ား မီးေလာင္မႈ ျဖစ္ပြားႏိုင္ပါတယ္။

ကယ္လီဖိုးနီးယားမွာ ယခင္ႏွစ္တြင္ စြန္႔ပစ္တဲ့ အမိႈက္မ်ားရဲ႕ ၆၅ ရာခုိင္ႏႈန္းဟာ လစ္သီယမ္ အိုင္းယြန္း ဘက္ထရီမ်ား ျဖစ္ၾကပါတယ္။ ဘက္ထရီ တစ္လံုး မီးေလာင္ ေပါက္ကြဲရင္ အနီးအနားမွ အျခား ဘက္ထရီမ်ားကိုလည္း ကူးစက္ေလာင္ကြ်မ္းတတ္ပါတယ္။ လစ္သီယမ္ အိုင္းယြန္း ဘက္ထရီမ်ားဟာ ေစ်းသက္သာလာတဲ့အတြက္ စမတ္ဖုန္း၊ လက္ပ္ေတာ့နဲ႔ အျခား အီလက္ထေရာနစ္ ကိရိယာမ်ားမွာ ပိုမို အသံုးျပဳလာၾကပါတယ္။ အေမရိကန္ ဘက္ထရီ ေစ်းကြက္မွာ အဲဒီဘက္ထရီမ်ားဟာ ၇၀ ရာခုိင္ႏႈန္းကို ပိုင္စိုးထားပါတယ္။

နယူးေယာက္ရဲ႕ Queens မွ စြန္႔ပစ္ ပစၥည္းမ်ားအတြက္ Recycling စက္ရံုမွာ ဘက္ထရီမ်ားေၾကာင့္ မီးလန္႔မႈမ်ား ယခုႏွစ္ အေစာပိုင္းက ျဖစ္ပြားခဲ့တယ္လို႔ သိရပါတယ္။ ၂ ရက္ၾကာ မီးေလာင္မႈလည္း ျဖစ္ပြားခဲ့ပါတယ္။ ယခင္ႏွစ္ကလည္း နယူးေယာက္ စီးတီးမွ သန္႔ရွင္းေရး အလုပ္သမားတစ္ဦးဟာ ေနအိမ္မွ အမိႈက္ထုပ္ကို အမိႈက္ကားထဲကို ထည့္သြင္းၿပီးေနာက္မွာ ဘက္ထရီ မီးေလာင္မႈကို ၾကံဳေတြ႕ခဲ့ရပါတယ္။

ဒီျဖစ္ရပ္မ်ားေၾကာင့္ ကယ္လီဖိုးနီးယားမွာ ဘက္ထရီမ်ားကို အမိႈက္ပံုးထဲကို မစြန္႔ပစ္ဖို႔ လူထုကို လႈံ႕ေဆာ္ခဲ့ၾကပါတယ္။ ဘက္ထရီမ်ားကို အေကာင္းဆံုး စြန္႔ပစ္တဲ့ နည္းလမ္းမ်ားရွိပါတယ္။ ဆန္ဖရန္စစၥကိုမွ အခ်ိဳ႕ၿမိဳ႕မ်ားမွာ Battery Recycling Program မ်ား ျပဳလုပ္ေပးထားပါတယ္။ Home Depot, Lowes, Best Buy တို႔ကလည္း ဘက္ထရီမ်ားကို အႏၱရာယ္ကင္းစြာ လဲလွယ္ႏုိင္တဲ့ ၀န္ေဆာင္မႈမ်ား ျပဳလုပ္ေပးထားပါတယ္။

unicode

အမှိုက်ပုံ မီးမလောင်အောင် ဖုန်း ဘက်ထရီများကို အမှိုက်ပုံးထဲ မစွန့်ပစ်သင့်

ဖုန်းများမှာ ပါတဲ့ လစ်သီယမ် အိုင်းယွန်း ဘက်ထရီများဟာ ဗုံးများလို ပေါက်ကွဲ မီးလောင်တတ်ပါတယ်။ အဲဒီ ဘက်ထရီများကို နေအိမ် အမှိုက်ပုံးထဲကို စွန့်ပစ်ရာကနေ အမှိုက်ပုံများကို ရောက်ရှိသွားကြပါတယ်။ အခန့်မသင့်ရင် ဘက်ထရီများ မီးလောင်မှုကြောင့် သန့်ရှင်းရေး အလုပ်သမားများ ဒဏ်ရာရနိုင်သလို အမှိုက်ပုံကြီးများ မီးလောင်မှု ဖြစ်ပွားနိုင်ပါတယ်။

ကယ်လီဖိုးနီးယားမှာ ယခင်နှစ်တွင် စွန့်ပစ်တဲ့ အမှိုက်များရဲ့ ၆၅ ရာခိုင်နှုန်းဟာ လစ်သီယမ် အိုင်းယွန်း ဘက်ထရီများ ဖြစ်ကြပါတယ်။ ဘက်ထရီ တစ်လုံး မီးလောင် ပေါက်ကွဲရင် အနီးအနားမှ အခြား ဘက်ထရီများကိုလည်း ကူးစက်လောင်ကျွမ်းတတ်ပါတယ်။ လစ်သီယမ် အိုင်းယွန်း ဘက်ထရီများဟာ ဈေးသက်သာလာတဲ့အတွက် စမတ်ဖုန်း၊ လက်ပ်တော့နဲ့ အခြား အီလက်ထရောနစ် ကိရိယာများမှာ ပိုမို အသုံးပြုလာကြပါတယ်။ အမေရိကန် ဘက်ထရီ ဈေးကွက်မှာ အဲဒီဘက်ထရီများဟာ ၇၀ ရာခိုင်နှုန်းကို ပိုင်စိုးထားပါတယ်။

နယူးယောက်ရဲ့ Queens မှ စွန့်ပစ် ပစ္စည်းများအတွက် Recycling စက်ရုံမှာ ဘက်ထရီများကြောင့် မီးလန့်မှုများ ယခုနှစ် အစောပိုင်းက ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ၂ ရက်ကြာ မီးလောင်မှုလည်း ဖြစ်ပွားခဲ့ပါတယ်။ ယခင်နှစ်ကလည်း နယူးယောက် စီးတီးမှ သန့်ရှင်းရေး အလုပ်သမားတစ်ဦးဟာ နေအိမ်မှ အမှိုက်ထုပ်ကို အမှိုက်ကားထဲကို ထည့်သွင်းပြီးနောက်မှာ ဘက်ထရီ မီးလောင်မှုကို ကြုံတွေ့ခဲ့ရပါတယ်။

ဒီဖြစ်ရပ်များကြောင့် ကယ်လီဖိုးနီးယားမှာ ဘက်ထရီများကို အမှိုက်ပုံးထဲကို မစွန့်ပစ်ဖို့ လူထုကို လှုံ့ဆော်ခဲ့ကြပါတယ်။ ဘက်ထရီများကို အကောင်းဆုံး စွန့်ပစ်တဲ့ နည်းလမ်းများရှိပါတယ်။ ဆန်ဖရန်စစ္စကိုမှ အချို့မြို့များမှာ Battery Recycling Program များ ပြုလုပ်ပေးထားပါတယ်။ Home Depot, Lowes, Best Buy တို့ကလည်း ဘက်ထရီများကို အန္တရာယ်ကင်းစွာ လဲလှယ်နိုင်တဲ့ ဝန်ဆောင်မှုများ ပြုလုပ်ပေးထားပါတယ်။

Leave a Reply