တရုတ္ရဲ႕ Private Company က အာကာသယာဥ္ လႊတ္တင္

0
1634

အေမရိကန္မွာ နာဆာ အျပင္ Space X လို ပုဂၢလိက ကုမၸဏီမ်ားက အာကာသယာဥ္မ်ားကို လႊတ္တင္ေနၾကပါတယ္။ ဒါေပမယ့္ တရုတ္မွာေတာ့ အစိုးရပိုင္ China National Space Administration (CNSA) ကသာ အာကာသယာဥ္မ်ားကို လႊတ္တင္ၾကပါတယ္။ အခုေတာ့ တရုတ္ရဲ႕ ကုမၸဏီတစ္ခုက အာကာသယာဥ္ကို လႊတ္တင္လိုက္ပါတယ္။ ဒါဟာ တရုတ္မွာေတာ့ ကုမၸဏီ တစ္ခုက ပထမဆံုး အေနျဖင့္ အာကာသယာဥ္ လႊတ္တင္တာပါ။

ကုမၸဏီဟာ ေဘဂ်င္း အေျခစိုက္ OneSpace Technologies ျဖစ္ၿပီး အာကာသသို႔ OS-X ဒံုးပ်ံျဖင့္ လႊတ္တင္ခဲ့ပါတယ္။ လႊတ္တင္တဲ့ တည္ေနရာကိုေတာ့ ေျပာၾကားျခင္း မရွိပါဘူး။ ဒံုးပ်ံဟာ ၁၇၀ မိုင္အထိ ခရီးသြားခဲ့ၿပီး ကမာၻေျမေပၚသို႔ ျပန္က်လာခဲ့ပါတယ္။ ေသးငယ္တဲ့ Satellite မ်ားကို အာကာသသို႔ ပို႔ေဆာင္ေပးမယ့္ စီးပြားေရးကို ရည္ရြယ္တယ္လို႔ ကုမၸဏီက ေျပာပါတယ္။ ယခုအခ်ိန္မတိုင္ခင္အထိေတာ့ တရုတ္ႏိုင္ငံရဲ႕ အာကာသယာဥ္ လႊတ္တင္မႈကို အစိုးရကသာ ျပဳလုပ္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။ China National Space Administration (CNSA) ဟာ အာကာသသို႔ လူမ်ား၊ စက္ရုပ္မ်ားနဲ႔ ၿဂိဳလ္တုမ်ားစြာကို လႊတ္တင္ခဲ့ၿပီးပါၿပီ။

တရုတ္ သမၼတ ဇီက်င္းပင္က ၂၀၁၂ ခုႏွစ္မွာ တရုတ္ဟာ အာကာသ စူးစမ္းေလ့လာေရး နည္းပညာမွာ ထိပ္တန္း အဆင့္ျဖစ္ရမယ္လို႔ ေၾကညာခဲ့ပါတယ္။ ၂၀၁၄ ခုႏွစ္မွာေတာ့ တရုတ္ အစိုးရက ပုဂၢလိက ကုမၸဏီမ်ားအား ၿဂိဳလ္တုမ်ား လႊတ္တင္ခြင့္ေပးခဲ့ပါတယ္။

OneSpace ရဲ႕ စီအီးအို ျဖစ္သူ Shu Chang က ကမာၻမွာ ၿဂိဳလ္တု လႊတ္တင္မႈ အမ်ားဆံုး ကုမၸဏီ ျဖစ္လာဖို႔ ရည္ရြယ္ထားတယ္လို႔ China Daily ကို ေျပာပါတယ္။ သူက ၂၀၁၉ ခုႏွစ္မွာ ၿဂိဳလ္တု ၁၀ ခုကို လႊတ္တင္ဖုိ႔ စီစဥ္ထားပါတယ္။

unicode

တရုတ်ရဲ့ Private Company က အာကာသယာဉ် လွှတ်တင်

အမေရိကန်မှာ နာဆာ အပြင် Space X လို ပုဂ္ဂလိက ကုမ္ပဏီများက အာကာသယာဉ်များကို လွှတ်တင်နေကြပါတယ်။ ဒါပေမယ့် တရုတ်မှာတော့ အစိုးရပိုင် China National Space Administration (CNSA) ကသာ အာကာသယာဉ်များကို လွှတ်တင်ကြပါတယ်။ အခုတော့ တရုတ်ရဲ့ ကုမ္ပဏီတစ်ခုက အာကာသယာဉ်ကို လွှတ်တင်လိုက်ပါတယ်။ ဒါဟာ တရုတ်မှာတော့ ကုမ္ပဏီ တစ်ခုက ပထမဆုံး အနေဖြင့် အာကာသယာဉ် လွှတ်တင်တာပါ။

ကုမ္ပဏီဟာ ဘေဂျင်း အခြေစိုက် OneSpace Technologies ဖြစ်ပြီး အာကာသသို့ OS-X ဒုံးပျံဖြင့် လွှတ်တင်ခဲ့ပါတယ်။ လွှတ်တင်တဲ့ တည်နေရာကိုတော့ ပြောကြားခြင်း မရှိပါဘူး။ ဒုံးပျံဟာ ၁၇၀ မိုင်အထိ ခရီးသွားခဲ့ပြီး ကမ္ဘာမြေပေါ်သို့ ပြန်ကျလာခဲ့ပါတယ်။ သေးငယ်တဲ့ Satellite များကို အာကာသသို့ ပို့ဆောင်ပေးမယ့် စီးပွားရေးကို ရည်ရွယ်တယ်လို့ ကုမ္ပဏီက ပြောပါတယ်။ ယခုအချိန်မတိုင်ခင်အထိတော့ တရုတ်နိုင်ငံရဲ့ အာကာသယာဉ် လွှတ်တင်မှုကို အစိုးရကသာ ပြုလုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ China National Space Administration (CNSA) ဟာ အာကာသသို့ လူများ၊ စက်ရုပ်များနဲ့ ဂြိုလ်တုများစွာကို လွှတ်တင်ခဲ့ပြီးပါပြီ။

တရုတ် သမ္မတ ဇီကျင်းပင်က ၂၀၁၂ ခုနှစ်မှာ တရုတ်ဟာ အာကာသ စူးစမ်းလေ့လာရေး နည်းပညာမှာ ထိပ်တန်း အဆင့်ဖြစ်ရမယ်လို့ ကြေညာခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာတော့ တရုတ် အစိုးရက ပုဂ္ဂလိက ကုမ္ပဏီများအား ဂြိုလ်တုများ လွှတ်တင်ခွင့်ပေးခဲ့ပါတယ်။

OneSpace ရဲ့ စီအီးအို ဖြစ်သူ Shu Chang က ကမ္ဘာမှာ ဂြိုလ်တု လွှတ်တင်မှု အများဆုံး ကုမ္ပဏီ ဖြစ်လာဖို့ ရည်ရွယ်ထားတယ်လို့ China Daily ကို ပြောပါတယ်။ သူက ၂၀၁၉ ခုနှစ်မှာ ဂြိုလ်တု ၁၀ ခုကို လွှတ်တင်ဖို့ စီစဉ်ထားပါတယ်။

Leave a Reply