Samsung Galaxy J4 ရဲ႕ အခ်က္အလက္နဲ႔ ေစ်းႏႈန္းမ်ားထြက္လာ

0
1947

လက္ရွိအခ်ိန္မွာ အသစ္ထြက္လာမယ့္ စမတ္ဖုန္းေတြျဖစ္တဲ့ Galaxy J4 နဲ႔ Galaxy J6 စမတ္ဖုန္းေတြအေၾကာင္း အခ်က္အလက္အျပည့္အစုံကို သိေနရပါၿပီ။ ကိုရီးယား ကုမၸဏီရဲ႕ 2018 ခုႏွစ္အတြက္ ထုတ္လုပ္မယ့္ဘတ္ဂ်က္ စမတ္ဖုန္းေတြဟာ ေကာလာဟလမ်ားစြာ ထြက္ၿပီးေနာက္ ရွင္းလင္းတဲ့ အခ်က္အလက္ေတြကို ျမင္ေတြ႕ရပါၿပီ။ ဖုန္းဒီဇုိင္းႏွင့္ Hand-on ဗီဒီယိုကို ယူကရိန္းအြန္လုိင္းစတိုး Comfy က တင္ထားၿပီး ယင္းမွာ ဒီဖုန္းကို ႀကိဳတင္အမွာေတာင္ လက္ခံေနၿပီ ျဖစ္ပါတယ္။

Samsung Galaxy J4 (SM-J400F) ကိုေတာ့ဘတ္ဂ်က္စမတ္ဖုန္းလို႔ သတ္မွတ္ႏိုင္ပါလိမ့္မယ္။ သူ႕မွာ မ်က္ႏွာျပင္ ၅.၅ လက္မရွိၿပီး 1280×720 ႐ုပ္ထြက္ႏွင့္ေထာက္ပံ့ထားပါတယ္။ ပုံမွန္ဖုန္းေတြမွာလိုမ်ိဳး 16:9 အခ်ိဳးနဲ႔ပါ။ Super AMOLED သံုးထားတာေၾကာင့္ ႐ုပ္ထြက္ပိုင္း နိမ့္ေပမယ့္လည္း ၾကည့္ရတာ အင္မတန္ေကာင္းမြန္ေနမွာ ေသခ်ာေနပါတယ္။

ဖုန္းမွာ Exynos 7570 ပရိုဆက္ဆာထည့္သြင္းထားၿပီး၊အျမန္နႈန္းကေတာ့  1.4GHz ျမန္ႏႈန္းရွိပါတယ္။ RAM2GB နဲ႔ အခ်က္္အလက္သိုေလွာင္မႈ 16GB ပါ၀င္ၿပီး microSD မွ တစ္ဆင့္ 256GB အထိ တိုးျမႇင့္ႏုိင္ပါမယ္။ Galaxy J4 မွာ ေက်ာဘက္ကင္မရာ တစ္လံုးတည္းပဲ ပါ၀င္ၿပီး 13MP f/1.9 သံုးထားပါတယ္။ ေရွ႕ကင္မရာက 5MP ပါ။ LED Flash ပါ၀င္တာေၾကာင့္ အေမွာင္အားနည္းခ်ိန္မွာ Selfie ပံုေကာင္းေတြ ႐ုိက္ကူးႏုိင္ပါမယ္။ Android 8.0 Oreo အေျခခံ Samsung Experience 9.0 သံုးထားပါတယ္။ ဘက္ထရီ 3000 mAh ပါ၀င္ပါတယ္။ ဘက္ထရီအေသတပ္ထားတာပါ။ နားၾကပ္ေပါက္ႏွင့္ microUSB ပါ၀င္ပါတယ္။ ေစ်းႏႈန္းကေတာ့ ေဒၚလာ ၁၈၄ ျဖစ္ပါတယ္။

Unicode

လက်ရှိအချိန်မှာ အသစ်ထွက်လာမယ့် စမတ်ဖုန်းတွေဖြစ်တဲ့ Galaxy J4 နဲ့ Galaxy J6 စမတ်ဖုန်းတွေအကြောင်း အချက်အလက်အပြည့်အစုံကို သိနေရပါပြီ။ ကိုရီးယား ကုမ္ပဏီရဲ့ 2018 ခုနှစ်အတွက် ထုတ်လုပ်မယ့်ဘတ်ဂျက် စမတ်ဖုန်းတွေဟာ ကောလာဟလများစွာ ထွက်ပြီးနောက် ရှင်းလင်းတဲ့ အချက်အလက်တွေကို မြင်တွေ့ရပါပြီ။ ဖုန်းဒီဇိုင်းနှင့် Hand-on ဗီဒီယိုကို ယူကရိန်းအွန်လိုင်းစတိုး Comfy က တင်ထားပြီး ယင်းမှာ ဒီဖုန်းကို ကြိုတင်အမှာတောင် လက်ခံနေပြီ ဖြစ်ပါတယ်။

Samsung Galaxy J4 (SM-J400F) ကိုတော့ဘတ်ဂျက်စမတ်ဖုန်းလို့ သတ်မှတ်နိုင်ပါလိမ့်မယ်။ သူ့မှာ မျက်နှာပြင် ၅.၅ လက်မရှိပြီး 1280×720 ရုပ်ထွက်နှင့်ထောက်ပံ့ထားပါတယ်။ ပုံမှန်ဖုန်းတွေမှာလိုမျိုး 16:9 အချိုးနဲ့ပါ။ Super AMOLED သုံးထားတာကြောင့် ရုပ်ထွက်ပိုင်း နိမ့်ပေမယ့်လည်း ကြည့်ရတာ အင်မတန်ကောင်းမွန်နေမှာ သေချာနေပါတယ်။

ဖုန်းမှာ Exynos 7570 ပရိုဆက်ဆာထည့်သွင်းထားပြီး၊အမြန်နှုန်းကတော့  1.4GHz မြန်နှုန်းရှိပါတယ်။ RAM2GB နဲ့ အချက်အလက်သိုလှောင်မှု 16GB ပါဝင်ပြီး microSD မှ တစ်ဆင့် 256GB အထိ တိုးမြှင့်နိုင်ပါမယ်။ Galaxy J4 မှာ ကျောဘက်ကင်မရာ တစ်လုံးတည်းပဲ ပါဝင်ပြီး 13MP f/1.9 သုံးထားပါတယ်။ ရှေ့ကင်မရာက 5MP ပါ။ LED Flash ပါဝင်တာကြောင့် အမှောင်အားနည်းချိန်မှာ Selfie ပုံကောင်းတွေ ရိုက်ကူးနိုင်ပါမယ်။ Android 8.0 Oreo အခြေခံ Samsung Experience 9.0 သုံးထားပါတယ်။ ဘက်ထရီ 3000 mAh ပါဝင်ပါတယ်။ ဘက်ထရီအသေတပ်ထားတာပါ။ နားကြပ်ပေါက်နှင့် microUSB ပါဝင်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၁၈၄ ဖြစ်ပါတယ်။

Leave a Reply