Intel i9 , 4K Display ပါတဲ့ Asus ZenBook Pro ကုိ ေရာင္းခ်

0
1726

Asus က ZenBook Pro 15 ရဲ႕ ေမာ္ဒယ္ အသစ္မ်ားကို ေၾကညာလိုက္ပါတယ္။ မူလေမာ္ဒယ္မ်ားလို ေမာ္ဒယ္ အသစ္မ်ားဟာ ပါးလႊာ ၊ ေပါ့ပါးပါတယ္။ သူဟာ Intel ရဲ႕ 8th Generation Six-Core i9-8950HK Processor ထည့္သြင္းထားပါတယ္။ ၁၈.၉ မီလီမီတာ အထူရွိၿပီး ၁.၈၆ ကီလိုဂ၇မ္ အေလးခ်ိန္ရွိပါတယ္။

စြမ္းရည္အျမင့္ဆံုး ေမာ္ဒယ္ဟာ ZenBook UX550GD ျဖစ္ၿပီး Nvidia GeForce GTX 1050 GPU , 4GB GDDR5 Video Memory မ်ား ပါပါတယ္။ 4K Touchscreen ပါၿပီး 1TB Storage နဲ႔ 16GB DD4 RAM မ်ားအထိ ေရြးခ်ယ္ႏုိင္ပါတယ္။ သာမာန္ ကြန္ျပဴတာမ်ားထက္ စြမ္းရည္ပိုမို လိုအပ္တဲ့ Video Editor မ်ား၊ Gamer မ်ားအတြက္ သင့္ေတာ္ပါတယ္။

ဘက္ထရီ သက္တမ္းမွာ ၉.၅ နာရီ အသံုးခံတယ္လို႔ သိရပါတယ္။ ၄၉ မိနစ္အတြင္းမွာ ၆၀ ရာခုိင္ႏႈန္း အားျဖည့္ေပးႏုိင္ပါတယ္။ Harman Kardon က စပီကာအသစ္မ်ားကို ဖန္တီးေပးထားတဲ့အတြက္ အသံအရည္အေသြး အလြန္ ေကာင္းမြန္ပါတယ္။ dual-band 802.11ac gigabit Wi-Fi, Thunderbolt 3 USB-C ports ႏွစ္ခု , USB 3.1 Gen 2 connectors နဲ႔ HDMI output မ်ားပါပါတယ္။ Asus က အဲဒီ လက္ပ္ေတာ့မ်ားရဲ႕ ေစ်းႏႈန္းမ်ားကို မေျပာေသးပါဘူး။

unicode

Intel i9 , 4K Display ပါတဲ့ Asus ZenBook Pro ကို ရောင်းချ

Asus က ZenBook Pro 15 ရဲ့ မော်ဒယ် အသစ်များကို ကြေညာလိုက်ပါတယ်။ မူလမော်ဒယ်များလို မော်ဒယ် အသစ်များဟာ ပါးလွှာ ၊ ပေါ့ပါးပါတယ်။ သူဟာ Intel ရဲ့ 8th Generation Six-Core i9-8950HK Processor ထည့်သွင်းထားပါတယ်။ ၁၈.၉ မီလီမီတာ အထူရှိပြီး ၁.၈၆ ကီလိုဂ၇မ် အလေးချိန်ရှိပါတယ်။

စွမ်းရည်အမြင့်ဆုံး မော်ဒယ်ဟာ ZenBook UX550GD ဖြစ်ပြီး Nvidia GeForce GTX 1050 GPU , 4GB GDDR5 Video Memory များ ပါပါတယ်။ 4K Touchscreen ပါပြီး 1TB Storage နဲ့ 16GB DD4 RAM များအထိ ရွေးချယ်နိုင်ပါတယ်။ သာမာန် ကွန်ပြူတာများထက် စွမ်းရည်ပိုမို လိုအပ်တဲ့ Video Editor များ၊ Gamer များအတွက် သင့်တော်ပါတယ်။

ဘက်ထရီ သက်တမ်းမှာ ၉.၅ နာရီ အသုံးခံတယ်လို့ သိရပါတယ်။ ၄၉ မိနစ်အတွင်းမှာ ၆၀ ရာခိုင်နှုန်း အားဖြည့်ပေးနိုင်ပါတယ်။ Harman Kardon က စပီကာအသစ်များကို ဖန်တီးပေးထားတဲ့အတွက် အသံအရည်အသွေး အလွန် ကောင်းမွန်ပါတယ်။ dual-band 802.11ac gigabit Wi-Fi, Thunderbolt 3 USB-C ports နှစ်ခု , USB 3.1 Gen 2 connectors နဲ့ HDMI output များပါပါတယ်။ Asus က အဲဒီ လက်ပ်တော့များရဲ့ ဈေးနှုန်းများကို မပြောသေးပါဘူး။

Leave a Reply