FACIAL RECOGNITION လုပ္ေဆာင္ခ်က္ပါဝင္တဲ့ HUAWEI Y5 PRIME 2018

0
1736

တရုတ္စမတ္ဖုန္းထုတ္လုပ္သူ Huawei အေနနဲ႔ အလယ္အလယ္ဆင့္စမတ္ဖုန္းစီးရီးလို႔ သတ္မွတ္ႏိုင္တဲ့ Y စီးရီးဖုန္းေတြကို သီးသန္႔ေၾကျငာေလ့ မရွိပဲ ကုမၸဏီရဲ႕ ဝက္ဘ္ဆိုက္မွာသာတင္ေပးေလ့ ရွိပါတယ္။ အခုလည္း Android Go စမတ္ဖုန္းလို႔ သတ္မွတ္ႏုိင္မယ့္ Huawei Y3 (2018) ကို ထုတ္ေဖာ္ၿပီးတဲ့ ေနာက္မွာေနာက္ထပ္ Y စီးရီးဖုန္းတစ္လုံးကို မိတ္ဆက္ေပးလိုက္ပါတယ္။ သူကေတာ့ Y5 PRIME 2018 ျဖစ္ၿပီး Face Unlock စနစ္လာဝင္လာပါတယ္။

Huawei Y5 Prime (2018) ရဲ႕အရြယ္အစားအေနနဲ႔ 146.5×70.9×8.3mm ရွိၿပီး အေလးခ်ိန္က 142g ရွိပါတယ္။ မ်က္ႏွာျပင္ ၅.၄၅ လက္မရွိၿပီး HD+ ႐ုပ္ထြက္ႏွင့္ ေထာက္ပံ့ထားပါတယ္။ အခ်က္အလက္သိုေလွာင္မႈ ပိုင္းအတတြက္ RAM2GB နဲ႔Storage 16GB ပါ၀င္ပါတယ္။ လိုအပ္ရင္ microSD မွ တစ္ဆင့္ ထပ္မံ တိုးျမႇင့္ႏုိင္ပါေသးတယ္။

သူ႕မွာသုံးထားတဲ ပရိုဆက္ဆာကေတာ့ Snapdragon 450 ျဖစ္ဖို႔မ်ားၿပီး၊ ပရုိဆက္ဆာရဲ႕ အျမန္ႏႈန္းကေတာ့  1.5GHz Quad-core CPU သံုးထားတယ္လို႔ပဲ ေျပာထားပါတယ္။  ေက်ာဘက္ကင္မရာက 13MP ျဖစ္ၿပီး ေရွ႕ကင္မရာက 5MP ျဖစ္ပါတယ္။ ကင္မရာ၂ဖက္လုံးမွာ LED flash တပ္ဆင္ေပးထားပါတယ္။  Android 8.1 Oreo အေျခခံ EMUI 8.1 သံုးထားပါတယ္။ ဘက္ထရီစြမ္းအား 3020 mAh ပါ၀င္ပါတယ္။ Power Saving 6.0 နည္းပညာပါ၀င္ပါတယ္။ သီခ်င္းနားေထာင္မယ္ဆိုရင္ ၆၂ နာရီအထိ အသံုးျပဳႏိုင္ၿပီး ဗီဒီယိုၾကည့္မယ္ဆိုရင္ ၁၃ နာရီအထိ အသံုးျပဳႏုိင္ပါမယ္။

အေရာင္ေရြးခ်ယ္မႈပုိင္းမွာ Huawei Y5 Prime (2018) ကုိ အျပာေရာင္၊ အနက္ေရာင္၊ ေရႊေရာင္တို႔ႏွင့္ ေရြးခ်ယ္ႏုိင္ပါမယ္။ ေစ်းႏႈန္းကိုေတာ့ ေျပာၾကားထားျခင္းမရွိေပမယ့္ ေဒၚလာ100ဝန္းက်င္ေလာက္နဲ႔ က်သင့္ႏုိင္ပါတယ္။

Unicode

တရုတ်စမတ်ဖုန်းထုတ်လုပ်သူ Huawei အနေနဲ့ အလယ်အလယ်ဆင့်စမတ်ဖုန်းစီးရီးလို့ သတ်မှတ်နိုင်တဲ့ Y စီးရီးဖုန်းတွေကို သီးသန့်ကြေငြာလေ့ မရှိပဲ ကုမ္ပဏီရဲ့ ဝက်ဘ်ဆိုက်မှာသာတင်ပေးလေ့ ရှိပါတယ်။ အခုလည်း Android Go စမတ်ဖုန်းလို့ သတ်မှတ်နိုင်မယ့် Huawei Y3 (2018) ကို ထုတ်ဖော်ပြီးတဲ့ နောက်မှာနောက်ထပ် Y စီးရီးဖုန်းတစ်လုံးကို မိတ်ဆက်ပေးလိုက်ပါတယ်။ သူကတော့ Y5 PRIME 2018 ဖြစ်ပြီး Face Unlock စနစ်လာဝင်လာပါတယ်။

Huawei Y5 Prime (2018) ရဲ့အရွယ်အစားအနေနဲ့ 146.5×70.9×8.3mm ရှိပြီး အလေးချိန်က 142g ရှိပါတယ်။ မျက်နှာပြင် ၅.၄၅ လက်မရှိပြီး HD+ ရုပ်ထွက်နှင့် ထောက်ပံ့ထားပါတယ်။ အချက်အလက်သိုလှောင်မှု ပိုင်းအတတွက် RAM2GB နဲ့Storage 16GB ပါဝင်ပါတယ်။ လိုအပ်ရင် microSD မှ တစ်ဆင့် ထပ်မံ တိုးမြှင့်နိုင်ပါသေးတယ်။

သူ့မှာသုံးထားတဲ ပရိုဆက်ဆာကတော့ Snapdragon 450 ဖြစ်ဖို့များပြီး၊ ပရိုဆက်ဆာရဲ့ အမြန်နှုန်းကတော့  1.5GHz Quad-core CPU သုံးထားတယ်လို့ပဲ ပြောထားပါတယ်။  ကျောဘက်ကင်မရာက 13MP ဖြစ်ပြီး ရှေ့ကင်မရာက 5MP ဖြစ်ပါတယ်။ ကင်မရာ၂ဖက်လုံးမှာ LED flash တပ်ဆင်ပေးထားပါတယ်။  Android 8.1 Oreo အခြေခံ EMUI 8.1 သုံးထားပါတယ်။ ဘက်ထရီစွမ်းအား 3020 mAh ပါဝင်ပါတယ်။ Power Saving 6.0 နည်းပညာပါဝင်ပါတယ်။ သီချင်းနားထောင်မယ်ဆိုရင် ၆၂ နာရီအထိ အသုံးပြုနိုင်ပြီး ဗီဒီယိုကြည့်မယ်ဆိုရင် ၁၃ နာရီအထိ အသုံးပြုနိုင်ပါမယ်။

အရောင်ရွေးချယ်မှုပိုင်းမှာ Huawei Y5 Prime (2018) ကို အပြာရောင်၊ အနက်ရောင်၊ ရွှေရောင်တို့နှင့် ရွေးချယ်နိုင်ပါမယ်။ ဈေးနှုန်းကိုတော့ ပြောကြားထားခြင်းမရှိပေမယ့် ဒေါ်လာ100ဝန်းကျင်လောက်နဲ့ ကျသင့်နိုင်ပါတယ်။

Leave a Reply