Play Services update လုပ်လိုက်လို့ Huawei နဲ့ Honor ဖုန်းမှာ app တွေသုံးမရ

0
460

Zawgyi Version








Unicode Version

သင့်မှာ Huawei or Honor ဖုန်းရှိတယ်ဆိုရင် Google Maps ကို သုံးနေတဲ့ app တချို့က ကြော်ငြာထားတဲ့အတိုင်း အလုပ်မဖြစ်တာကို တွေ့မိလောက်မှာပါ။ fix ထွက်ဖို့လုပ်နေတုန်းမှာ အချို့ကတော့ fix လုပ်လည်း အဆင်မပြေနိုင်ဘူးလို့ ပြောနေကြပါတယ်။
ဒီထက်ဆိုးတာက Google Play Services update က Google Pay crash နဲ့ Google Home ချိတ်ဆက်မှုတွေကို အဆင်မပြေဖြစ်စေပါတယ်။ update ဟာ Android Auto နဲ့လည်း ငြိနေပြီးတော့ microphone button နှိပ်လိုက်တယ်ဆိုရင်လည်း error တွေတက်နေပါတယ်။
Android version ဘယ်လိုပဲဖြစ်ဖြစ် Huawei နဲ့ Honor တိုင်းလိုလိုမှာ ဖြစ်ပျက်နေတာပါ။
သတင်းကောင်းကတော့ Huawei နဲ့ Google တို့က ဒီဖြစ်ရပ်တွေကိုသိသွားပြီးတော့ အကြောင်းရင်းကိုစုံစမ်းနေပါပြီ။ အဓိကဖြစ်ရပ်ကတော့ filesystem permissions ထဲမှာ မမျှော်လင့်ထားတဲ့ ပြောင်းလဲမှုတွေ ဖြစ်နေတယ်လို့ Google က ပြောထားပါတယ်။
Google က Google Play Services အသစ်မှာ အခုလိုဖြစ်နေတာတွေကို ဖြေရှင်းနိုင်မယ်လို့ပြောထားပါတ်။ ဒါပေမယ့်လည်း ဘယ်အချိန်မှာ ထုတ်ပေးမလဲဆိုတာမှ မသိသေးတာ။
တစ်ချိန်တည်းမှာပဲ Google Play Services ကို disable လုပ်ပြီးတော့ ဖုန်းကို restart ချလိုက်ပါ။ မဟုတ်ရင်လည်း cache တွေကို ဖျက်ပြီးတော့ uninstall လုပ်လိုက်တာမျိုး လုပ်လို့ရပါတယ်။ ခဏတာတော့ သက်သာသွားပါလိမ့်မယ်။
သင့် Huawei or Honor ဖုန်းလေးမှာရော အဲဒီလိုဖြစ်နေလား။

Leave a Reply