Microsoft က ၃၂၉ ေဒၚလာတန္ iPad ကို ယွဥ္ၿပိဳင္မယ့္ တန္ဖိုးနည္း Surface ေမာ္ဒယ္ကို ဖန္တီးေန

0
1452

တက္ဘလက္ ေစ်းကြက္မွာ Apple iPad နဲ႔ Microsoft Surface တို႔ဟာ ၿပိဳင္ဖက္မ်ားပါ။ အခုလည္း Bloomberg က သတင္းအရ Microsoft က မၾကာေသးခင္ကမွ Apple ေၾကညာခဲ့တဲ့ ၃၂၉ ေဒၚလာတန္ iPad ကို ယွဥ္ၿပိဳင္မယ့္ တန္ဖိုးနည္း Surface ေမာ္ဒယ္ကို ဖန္တီးေနတယ္လို႔ သိရပါတယ္။ ဒါဟာ ေစ်းႀကီးတဲ့ Surface Pro မ်ားကို မတတ္ႏုိင္သူမ်ားအတြက္ သတင္းေကာင္း ျဖစ္ပါတယ္။ Microsoft က အဲဒီ တန္ဖိုးနည္း ေမာ္ဒယ္ကို ယခုႏွစ္ ဒုတိယ ႏွစ္၀က္မွာ ေၾကညာႏုိင္ပါတယ္။

Microsoft နဲ႔ ရင္းႏွီးတဲ့ လူမ်ားက အဲဒီ တက္ဘလက္မ်ားဟာ ေဒၚလာ ၄၀၀ ၀န္းက်င္ရွိႏုိင္ပါတယ္လို႔ ေျပာပါတယ္။ အဲဒီအတြက္ Apple ရဲ႕ တန္ဖိုးအနည္းဆံုး တက္ဘလက္ထက္ေတာ့ ေစ်းမ်ားေနပါေသးတယ္။ Microsoft က လက္ရွိ တက္ဘလက္မ်ားရဲ႕ ေလးေထာင့္က်တဲ့ ေထာင့္စြန္းမ်ား အစား အိုင္ပတ္လို လံုး၀န္းတဲ့ ေထာင့္စြန္းမ်ားကို တန္ဖိုးနည္း Surface မွာ အသံုးျပဳထားမယ္လို႔ သိရပါတယ္။ ဒါ့အျပင္ USB-C ကို အသံုးျပဳထားတဲ့ ပထမဆံုး Surface Devices မ်ား ျဖစ္လာပါတယ္။ Storage မ်ားအေနျဖင့္ 64GB , 128GB တို႔ကို ထုတ္လုပ္ေပးထားမွာပါ။ LTE Model ကိုလည္း ေရြးခ်ယ္ႏုိင္မွာ ျဖစ္ပါတယ္။ မ်က္ႏွာျပင္ အရြယ္အစားကေတာ့ ၁၀ လက္မျဖစ္ႏုိင္ပါတယ္။

လက္ရွိ စြမ္းရည္ျမင့္ ၇၉၉ ေဒၚလာတန္ Surface Pro ထက္ ၂၀ ရာခုိင္ႏႈန္း ေပါ့ပါးေအာင္ အရြယ္ေသး ဘက္ထရီကို ထည့္သြင္းထားမယ္လို႔ သတင္းထြက္ေနပါတယ္။ Surface Pro ရဲ႕ ဘက္ထရီ သက္တမ္းဟာ ၁၃.၅ နာရီ ျဖစ္ၿပီး တန္ဖိုးနည္း တက္ဘလက္ရဲ႕ ဘက္ထရီ သက္တမ္းဟာ ၄ နာရီ ပိုနည္းမွာပါ။ သူ႔ရဲ႕ အျခား Specs မ်ားကိုေတာ့ မသိရေသးပါဘူး။ ပေရာ္ဆက္ဆာနဲ႔ ဂရပ္ဖစ္မ်ားကိုေတာ့ Intel က ေထာက္ပံ့ေပးမယ္လို႔ ေျပာေနၾကပါတယ္။

unicode

Microsoft က ၃၂၉ ဒေါ်လာတန် iPad ကို ယှဉ်ပြိုင်မယ့် တန်ဖိုးနည်း Surface မော်ဒယ်ကို ဖန်တီးနေ

တက်ဘလက် ဈေးကွက်မှာ Apple iPad နဲ့ Microsoft Surface တို့ဟာ ပြိုင်ဖက်များပါ။ အခုလည်း Bloomberg က သတင်းအရ Microsoft က မကြာသေးခင်ကမှ Apple ကြေညာခဲ့တဲ့ ၃၂၉ ဒေါ်လာတန် iPad ကို ယှဉ်ပြိုင်မယ့် တန်ဖိုးနည်း Surface မော်ဒယ်ကို ဖန်တီးနေတယ်လို့ သိရပါတယ်။ ဒါဟာ ဈေးကြီးတဲ့ Surface Pro များကို မတတ်နိုင်သူများအတွက် သတင်းကောင်း ဖြစ်ပါတယ်။ Microsoft က အဲဒီ တန်ဖိုးနည်း မော်ဒယ်ကို ယခုနှစ် ဒုတိယ နှစ်ဝက်မှာ ကြေညာနိုင်ပါတယ်။

Microsoft နဲ့ ရင်းနှီးတဲ့ လူများက အဲဒီ တက်ဘလက်များဟာ ဒေါ်လာ ၄၀၀ ဝန်းကျင်ရှိနိုင်ပါတယ်လို့ ပြောပါတယ်။ အဲဒီအတွက် Apple ရဲ့ တန်ဖိုးအနည်းဆုံး တက်ဘလက်ထက်တော့ ဈေးများနေပါသေးတယ်။ Microsoft က လက်ရှိ တက်ဘလက်များရဲ့ လေးထောင့်ကျတဲ့ ထောင့်စွန်းများ အစား အိုင်ပတ်လို လုံးဝန်းတဲ့ ထောင့်စွန်းများကို တန်ဖိုးနည်း Surface မှာ အသုံးပြုထားမယ်လို့ သိရပါတယ်။ ဒါ့အပြင် USB-C ကို အသုံးပြုထားတဲ့ ပထမဆုံး Surface Devices များ ဖြစ်လာပါတယ်။ Storage များအနေဖြင့် 64GB , 128GB တို့ကို ထုတ်လုပ်ပေးထားမှာပါ။ LTE Model ကိုလည်း ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ မျက်နှာပြင် အရွယ်အစားကတော့ ၁၀ လက်မဖြစ်နိုင်ပါတယ်။

လက်ရှိ စွမ်းရည်မြင့် ၇၉၉ ဒေါ်လာတန် Surface Pro ထက် ၂၀ ရာခိုင်နှုန်း ပေါ့ပါးအောင် အရွယ်သေး ဘက်ထရီကို ထည့်သွင်းထားမယ်လို့ သတင်းထွက်နေပါတယ်။ Surface Pro ရဲ့ ဘက်ထရီ သက်တမ်းဟာ ၁၃.၅ နာရီ ဖြစ်ပြီး တန်ဖိုးနည်း တက်ဘလက်ရဲ့ ဘက်ထရီ သက်တမ်းဟာ ၄ နာရီ ပိုနည်းမှာပါ။ သူ့ရဲ့ အခြား Specs များကိုတော့ မသိရသေးပါဘူး။ ပရော်ဆက်ဆာနဲ့ ဂရပ်ဖစ်များကိုတော့ Intel က ထောက်ပံ့ပေးမယ်လို့ ပြောနေကြပါတယ်။

Leave a Reply