LG G7 ThinQ ရဲ႕ ႀကိဳတင္ အမွာစာမ်ားဟာ G6 ထက္ ပိုေကာင္းေန

0
1771

မၾကာခင္က ေၾကညာခဲ့တဲ့ LG G7 ThinQ ရဲ႕ ေတာင္ကိုရီးယားမွာ ႀကိဳတင္အမွာစာမ်ားဟာ ယခင္မ်ိဳးဆက္ G6 ထက္ ပိုမိုမ်ားျပားေနပါတယ္။ ေျခာက္ရက္အတြင္းမွာ အလံုးေရ ၇ ေသာင္းေက်ာ္ခဲ့တယ္လို႔ ျပည္တြင္း မီဒီယာတစ္ခုက ေျပာပါတယ္။ ယခင္ႏွစ္ G6 ရဲ႕ ႀကိဳတင္အမွာစာမ်ားကေတာ့ ၄ ေသာင္းသာ ရွိပါတယ္။ G7 ThinQ ရဲ႕ သတင္းအခ်က္အလက္မ်ားကို စာဖတ္သူမ်ား ျပန္လည္ ေလ့လာႏုိင္ေအာင္ ေဖာ္ျပေပးလိုက္ပါတယ္။

သူ႔မွာ ေခတ္စားေနတဲ့ Notched Screen ကို အသံုးျပဳထားပါတယ္။ မ်က္ႏွာျပင္ အရြယ္အစားမွာ ၆.၁ လက္မ ျဖစ္ၿပီး အရည္ အေသြးမွာ 3120x1440p ျဖစ္ပါတယ္။ မ်က္ႏွာျပင္ အခ်ိဳးမွာ 19.5:9 ျဖစ္ပါတယ္။ မ်က္ႏွာျပင္ အမ်ိဳးအစားမွာ OLED မဟုတ္ဘဲ LCD ျဖစ္ၿပီး HDR 10 ကို ေထာက္ပံ့ပါတယ္။ မ်က္ႏွာျပင္ကို Gorilla Glass 5 ျဖင့္ ကာကြယ္ထားပါတယ္။

G7 မွာ Google Assistant ကို ဆင့္ေခၚႏိုင္တဲ့ ခလုတ္တစ္ခု ပါလာပါတယ္။ IP68 စံႏႈန္းရွိတဲ့အတြက္ ေရစိုခံပါတယ္။ ႀကိဳးမဲ့အားသြင္း စနစ္ ပါပါတယ္။ Type-C Port ကေန 3000mAh Battery ကို အားသြင္းႏုိင္ပါတယ္။ Quick Charge 3.0 လည္း ပါပါတယ္။ ဘက္ထရီရဲ႕ အရည္အေသြးကို ႏွစ္မ်ားစြာၾကာရွည္ ထိန္းသိမ္းႏိုင္တဲ့ Qnovo ဘက္ထရီ နည္းပညာပါပါတယ္။

G7 မွာ Snapdragon 845 Chipset, 6GB RAM , 128GB Storage မ်ား ထည့္ေပးထားပါတယ္။ microSD Card Slot ပါပါတယ္။ အေနာက္ဘက္မွာ 16MP Camera ၂ လံုး တပ္ဆင္ထားၿပီး OIS, Phase Detection , Laser Autofocus မ်ား ပါပါတယ္။ ကင္မရာမ်ား စြမ္းရည္ကို LG ရဲ႕ AI က ပံ့ပိုးထားပါတယ္။ Selfie Camera ကေတာ့ 8MP ျဖစ္ပါတယ္။

Boom Box စပီကာမ်ားက အသံအရည္အေသြး အလြန္ ေကာင္းမြန္ပါတယ္။ DTS-X က 7.1 Surround Soung ကို ေထာက္ပံ့ေပးၿပီး ဒါဟာ စမတ္ဖုန္းမ်ားထဲမွာေတာ့ ပထမဆံုးပါ။ Oreo နဲ႔အတူ LG AI Pack 2.0 ထည့္ေပးထားပါတယ္။ အညိဳ၊ အနက္၊ အျပာနဲ႔ အနီေရာင္မ်ား ေရြးခ်ယ္ႏိုင္ပါတယ္။

unicode

LG G7 ThinQ ရဲ့ ကြိုတင် အမှာစာများဟာ G6 ထက် ပိုကောင်းနေ

မကြာခင်က ကြေညာခဲ့တဲ့ LG G7 ThinQ ရဲ့ တောင်ကိုရီးယားမှာ ကြိုတင်အမှာစာများဟာ ယခင်မျိုးဆက် G6 ထက် ပိုမိုများပြားနေပါတယ်။ ခြောက်ရက်အတွင်းမှာ အလုံးရေ ၇ သောင်းကျော်ခဲ့တယ်လို့ ပြည်တွင်း မီဒီယာတစ်ခုက ပြောပါတယ်။ ယခင်နှစ် G6 ရဲ့ ကြိုတင်အမှာစာများကတော့ ၄ သောင်းသာ ရှိပါတယ်။ G7 ThinQ ရဲ့ သတင်းအချက်အလက်များကို စာဖတ်သူများ ပြန်လည် လေ့လာနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။

သူ့မှာ ခေတ်စားနေတဲ့ Notched Screen ကို အသုံးပြုထားပါတယ်။ မျက်နှာပြင် အရွယ်အစားမှာ ၆.၁ လက်မ ဖြစ်ပြီး အရည် အသွေးမှာ 3120x1440p ဖြစ်ပါတယ်။ မျက်နှာပြင် အချိုးမှာ 19.5:9 ဖြစ်ပါတယ်။ မျက်နှာပြင် အမျိုးအစားမှာ OLED မဟုတ်ဘဲ LCD ဖြစ်ပြီး HDR 10 ကို ထောက်ပံ့ပါတယ်။ မျက်နှာပြင်ကို Gorilla Glass 5 ဖြင့် ကာကွယ်ထားပါတယ်။

G7 မှာ Google Assistant ကို ဆင့်ခေါ်နိုင်တဲ့ ခလုတ်တစ်ခု ပါလာပါတယ်။ IP68 စံနှုန်းရှိတဲ့အတွက် ရေစိုခံပါတယ်။ ကြိုးမဲ့အားသွင်း စနစ် ပါပါတယ်။ Type-C Port ကနေ 3000mAh Battery ကို အားသွင်းနိုင်ပါတယ်။ Quick Charge 3.0 လည်း ပါပါတယ်။ ဘက်ထရီရဲ့ အရည်အသွေးကို နှစ်များစွာကြာရှည် ထိန်းသိမ်းနိုင်တဲ့ Qnovo ဘက်ထရီ နည်းပညာပါပါတယ်။

G7 မှာ Snapdragon 845 Chipset, 6GB RAM , 128GB Storage များ ထည့်ပေးထားပါတယ်။ microSD Card Slot ပါပါတယ်။ အနောက်ဘက်မှာ 16MP Camera ၂ လုံး တပ်ဆင်ထားပြီး OIS, Phase Detection , Laser Autofocus များ ပါပါတယ်။ ကင်မရာများ စွမ်းရည်ကို LG ရဲ့ AI က ပံ့ပိုးထားပါတယ်။ Selfie Camera ကတော့ 8MP ဖြစ်ပါတယ်။

Boom Box စပီကာများက အသံအရည်အသွေး အလွန် ကောင်းမွန်ပါတယ်။ DTS-X က 7.1 Surround Soung ကို ထောက်ပံ့ပေးပြီး ဒါဟာ စမတ်ဖုန်းများထဲမှာတော့ ပထမဆုံးပါ။ Oreo နဲ့အတူ LG AI Pack 2.0 ထည့်ပေးထားပါတယ်။ အညို၊ အနက်၊ အပြာနဲ့ အနီရောင်များ ရွေးချယ်နိုင်ပါတယ်။

Leave a Reply