Displays of the Year ဆု ရသြားတဲ့ iPad Pro နဲ႔ iPhone X

0
1818

The Society for Information Display (SID) က ခ်ီးျမွင့္တဲ့ Displays of the Year ဆုကို iPad Pro နဲ႔ iPhone X တို႔ ရရွိသြားပါတယ္။ အဲဒီဆုကို ႏွစ္စဥ္ က်င္းပတဲ့ Display Industry Awards ပြဲမွာ ေပးအပ္ခဲ့တာ ျဖစ္ပါတယ္။ အရည္အေသြး ျမင့္မားၿပီး ထူးျခားဆန္းသစ္တဲ့ မ်က္ႏွာျပင္မ်ားကို ဆုခ်ီးျမွင့္တာ ျဖစ္ပါတယ္။ ၂၀၁၇ ခုႏွစ္မွာ ထုတ္လုပ္ေရာင္းခ်ခဲ့တဲ့ ထုတ္ကုန္မ်ားကို ၂၀၁၈ ခုႏွစ္မွာ ေရြးခ်ယ္ခဲ့တာ ျဖစ္ပါတယ္။

၂၀၁၇ ခုႏွစ္ ဇြန္လမွာ ေရာင္းခ်ခဲ့တဲ့ Apple ရဲ႕ ၁၀.၅ လက္မ နဲ႔ ၁၂.၉ လက္မ iPad Pro Models မ်ားဟာ ProMotion Display နည္းပညာဆုကို ရရွိခဲ့တာပါ။ ProMotion ဟာ 120Hz Display ကို မိတ္ဆက္ခဲ့ၿပီး စကရင္ကို ပိုမို ေခ်ာမြတ္ ၊ ၾကည္လင္ၿပီး တုန္႔ျပန္မႈအားေကာင္းေအာင္ ဒီဇိုင္းထုတ္ထားတာ ျဖစ္ပါတယ္။ သူက Text , Scrolling, Gaming , Apple Pencil Latency , Movies နဲ႔ အျခား အရာမ်ားကို တိုးတက္ေစပါတယ္။ ၁၀.၅ နဲ႔ ၁၂.၉ လက္မ အိုင္ပတ္မ်ားရဲ႕ Resolution ဟာ 2224 x 1168 နဲ႔ 2732 x 2048 အသီးသီး ရွိပါတယ္။

Apple iPhone X ဟာလည္း Physical Buttons မ်ား မပါတဲ့ Edge-to-Edge Super Retina Display ေၾကာင့္ Displays of the Year ဆုကို ရရွိခဲ့ပါတယ္။ အိုင္ဖုန္းထဲမွာေတာ့ OLED Display တပ္ဆင္ထားတဲ့ ပထမဆံုး ဖုန္း ျဖစ္ၿပီး HDR , True Tone တို႔ကို ေထာက္ပံ့ပါတယ္။ ၅.၈ လက္မ Super Retina Display ရဲ႕ တစ္လက္မလွ်င္ Pixel သိပ္သည္းဆဟာ ၄၅၉ ရွိပါတယ္။

Sharp ရဲ႕ ၇၀ လက္မ 8K LCD TV အပါအ၀င္ Apple မဟုတ္တဲ့ အျခား ထုတ္ကုန္မ်ားဟာလည္း ဆုမ်ား ရရွိခဲ့ပါတယ္။

unicode

Displays of the Year ဆု ရသွားတဲ့ iPad Pro နဲ့ iPhone X

The Society for Information Display (SID) က ချီးမြှင့်တဲ့ Displays of the Year ဆုကို iPad Pro နဲ့ iPhone X တို့ ရရှိသွားပါတယ်။ အဲဒီဆုကို နှစ်စဉ် ကျင်းပတဲ့ Display Industry Awards ပွဲမှာ ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။ အရည်အသွေး မြင့်မားပြီး ထူးခြားဆန်းသစ်တဲ့ မျက်နှာပြင်များကို ဆုချီးမြှင့်တာ ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်မှာ ထုတ်လုပ်ရောင်းချခဲ့တဲ့ ထုတ်ကုန်များကို ၂၀၁၈ ခုနှစ်မှာ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

၂၀၁၇ ခုနှစ် ဇွန်လမှာ ရောင်းချခဲ့တဲ့ Apple ရဲ့ ၁၀.၅ လက်မ နဲ့ ၁၂.၉ လက်မ iPad Pro Models များဟာ ProMotion Display နည်းပညာဆုကို ရရှိခဲ့တာပါ။ ProMotion ဟာ 120Hz Display ကို မိတ်ဆက်ခဲ့ပြီး စကရင်ကို ပိုမို ချောမွတ် ၊ ကြည်လင်ပြီး တုန့်ပြန်မှုအားကောင်းအောင် ဒီဇိုင်းထုတ်ထားတာ ဖြစ်ပါတယ်။ သူက Text , Scrolling, Gaming , Apple Pencil Latency , Movies နဲ့ အခြား အရာများကို တိုးတက်စေပါတယ်။ ၁၀.၅ နဲ့ ၁၂.၉ လက်မ အိုင်ပတ်များရဲ့ Resolution ဟာ 2224 x 1168 နဲ့ 2732 x 2048 အသီးသီး ရှိပါတယ်။

Apple iPhone X ဟာလည်း Physical Buttons များ မပါတဲ့ Edge-to-Edge Super Retina Display ကြောင့် Displays of the Year ဆုကို ရရှိခဲ့ပါတယ်။ အိုင်ဖုန်းထဲမှာတော့ OLED Display တပ်ဆင်ထားတဲ့ ပထမဆုံး ဖုန်း ဖြစ်ပြီး HDR , True Tone တို့ကို ထောက်ပံ့ပါတယ်။ ၅.၈ လက်မ Super Retina Display ရဲ့ တစ်လက်မလျှင် Pixel သိပ်သည်းဆဟာ ၄၅၉ ရှိပါတယ်။

Sharp ရဲ့ ၇၀ လက်မ 8K LCD TV အပါအဝင် Apple မဟုတ်တဲ့ အခြား ထုတ်ကုန်များဟာလည်း ဆုများ ရရှိခဲ့ပါတယ်။

Leave a Reply