Apple က ၂၀၁၈ ခုႏွစ္ ကြာတား ၁ မွာ HomePod အလံုးေရ ၆ သိန္း ေရာင္းခ်ရ

0
410

ေစ်းကြက္ သုေတသန အဖြဲ႕အစည္း Strategy Analytics က Apple ဟာ ၂၀၁၈ ခုႏွစ္ ကြာတား ၁ မွာ HomePod အလံုးေရ ၆ သိန္း ေရာင္းခ်ရတယ္လို႔ တြက္ခ်က္ထားပါတယ္။ Apple ရဲ႕ စမတ္ စပီကာေရာင္းအားဟာ Amazon နဲ႔ Google တို႔ထက္ မ်ားစြာ ေလ်ာ့နည္းေနပါေသးတယ္။ Apple ဟာ စမတ္စပီကာ ေစ်းကြက္ရဲ႕ ၆ ရာခုိင္ႏႈန္းကို ပိုင္ဆိုင္ထားတယ္လို႔ သိရပါတယ္။ အေမဇုန္ဟာ စမတ္ စပီကာ ေစ်းကြက္ရဲ႕ ၄၃.၆ ရာခုိင္ႏႈန္းနဲ႔ Google ဟာ ၂၆.၅ ရာခုိင္ႏႈန္းကို ပိုင္ဆိုင္ထားပါတယ္။ Google ဟာ စမတ္ စပီကာ အလံုးေရ ၂.၄ သန္းကို ကြာတား ၁ မွာ ေရာင္းခ်ႏိုင္ခဲ့ပါတယ္။ ေရွာင္မီက အလံုးေရ ၂၀၀ ၀၀၀ ေရာင္းခ်ႏုိင္ခဲ့ပါတယ္။

Apple HomePod ဟာ ၿပိဳင္ဘက္မ်ားထက္ ေရာင္းအား နည္းရတဲ့ အေၾကာင္းအရင္းအနည္းငယ္ ရွိပါတယ္။ သူဟာ iOS Ecosystem Accessory ျဖစ္တဲ့အတြက္ပါ။ ဥပမာအားျဖင့္ စပီကာနဲ႔ Siri ဟာ Apple Music နဲ႔သာ အလုပ္လုပ္ပါတယ္။ အျခား သီခ်င္း ၀န္ေဆာင္မႈမ်ားမွ သီခ်င္းမ်ားကို နားဆင္ခ်င္ရင္ iOS Device တစ္ခုကေန AirPlay ျဖင့္ စပီကာထံ ပို႔ေဆာင္ရတာ ျဖစ္ပါတယ္။ အဓိက အားျဖင့္ စပီကာကို သံုးဖို႔အတြက္ iOS or Mac Device တစ္ခု အနည္းဆံုး လိုအပ္ပါတယ္။ ပီစီနဲ႔ အန္းဒရြိဳက္ ပိုင္ရွင္မ်ားအတြက္ေတာ့ အဆင္မေျပပါဘူး။ ဒါ့အျပင္ ၃၄၉ ေဒၚလာ တန္ေ ၾကးရွိတဲ့အတြက္ Amazon , Google , Sonos တို႔ရဲ႕ ထုတ္ကုန္မ်ားထက္ ေစ်းႀကီးေနပါတယ္။

ဒါေပမယ့္ HomePod ကို ေဖေဖာ္၀ါရီလမွ စတင္ ေရာင္းခ်ေပးခဲ့တဲ့အတြက္ ကြာတား အျပည့္ ေရာင္းခ်ခဲ့တာ မဟုတ္ပါဘူး။ Apple ဟာ တန္ဖိုးနည္း အရြယ္ေသး HomePod ကို ထုတ္လုပ္ေရာင္းခ်မယ္လို႔လည္း သတင္းထြက္ေနပါတယ္။ ဒါဟာ လက္ရွိ HomePod ထက္ ေစ်းခ်ိဳသာေနတဲ့ Amazon Echo နဲ႔ Google Home တို႔ကို ယွဥ္ၿပိဳင္ဖို႔ ျဖစ္ပါတယ္။

unicode

Apple က ၂၀၁၈ ခုနှစ် ကွာတား ၁ မှာ HomePod အလုံးရေ ၆ သိန်း ရောင်းချရ

ဈေးကွက် သုတေသန အဖွဲ့အစည်း Strategy Analytics က Apple ဟာ ၂၀၁၈ ခုနှစ် ကွာတား ၁ မှာ HomePod အလုံးရေ ၆ သိန်း ရောင်းချရတယ်လို့ တွက်ချက်ထားပါတယ်။ Apple ရဲ့ စမတ် စပီကာရောင်းအားဟာ Amazon နဲ့ Google တို့ထက် များစွာ လျော့နည်းနေပါသေးတယ်။ Apple ဟာ စမတ်စပီကာ ဈေးကွက်ရဲ့ ၆ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားတယ်လို့ သိရပါတယ်။ အမေဇုန်ဟာ စမတ် စပီကာ ဈေးကွက်ရဲ့ ၄၃.၆ ရာခိုင်နှုန်းနဲ့ Google ဟာ ၂၆.၅ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပါတယ်။ Google ဟာ စမတ် စပီကာ အလုံးရေ ၂.၄ သန်းကို ကွာတား ၁ မှာ ရောင်းချနိုင်ခဲ့ပါတယ်။ ရှောင်မီက အလုံးရေ ၂၀၀ ၀၀၀ ရောင်းချနိုင်ခဲ့ပါတယ်။

Apple HomePod ဟာ ပြိုင်ဘက်များထက် ရောင်းအား နည်းရတဲ့ အကြောင်းအရင်းအနည်းငယ် ရှိပါတယ်။ သူဟာ iOS Ecosystem Accessory ဖြစ်တဲ့အတွက်ပါ။ ဥပမာအားဖြင့် စပီကာနဲ့ Siri ဟာ Apple Music နဲ့သာ အလုပ်လုပ်ပါတယ်။ အခြား သီချင်း ဝန်ဆောင်မှုများမှ သီချင်းများကို နားဆင်ချင်ရင် iOS Device တစ်ခုကနေ AirPlay ဖြင့် စပီကာထံ ပို့ဆောင်ရတာ ဖြစ်ပါတယ်။ အဓိက အားဖြင့် စပီကာကို သုံးဖို့အတွက် iOS or Mac Device တစ်ခု အနည်းဆုံး လိုအပ်ပါတယ်။ ပီစီနဲ့ အန်းဒရွိုက် ပိုင်ရှင်များအတွက်တော့ အဆင်မပြေပါဘူး။ ဒါ့အပြင် ၃၄၉ ဒေါ်လာ တန်ေ ကြးရှိတဲ့အတွက် Amazon , Google , Sonos တို့ရဲ့ ထုတ်ကုန်များထက် ဈေးကြီးနေပါတယ်။

ဒါပေမယ့် HomePod ကို ဖေဖော်ဝါရီလမှ စတင် ရောင်းချပေးခဲ့တဲ့အတွက် ကွာတား အပြည့် ရောင်းချခဲ့တာ မဟုတ်ပါဘူး။ Apple ဟာ တန်ဖိုးနည်း အရွယ်သေး HomePod ကို ထုတ်လုပ်ရောင်းချမယ်လို့လည်း သတင်းထွက်နေပါတယ်။ ဒါဟာ လက်ရှိ HomePod ထက် ဈေးချိုသာနေတဲ့ Amazon Echo နဲ့ Google Home တို့ကို ယှဉ်ပြိုင်ဖို့ ဖြစ်ပါတယ်။

Leave a Reply