Xiaomi Mi 8 ရဲ႕ ဗီဒီယို ထြက္ေပၚလာ

0
1950

ေရွာင္မီက ဒီႏွစ္ထဲမွာ မိတ္ဆက္ရမယ့္ Mi 7 အစား ကုမၸဏီ တည္ေထာင္တ့ဲ ၈ ႏွစ္ျပည့္ ႏွစ္ပတ္လည္ အထိမ္းအမွတ္အျဖစ္ Mi 8 ကို ေရာင္းခ်မယ္လို႔ သတင္းထြက္လာပါတယ္။ တရုတ္ လူမႈကြန္ရက္ ၀ီဘိုမွာ ၈ ဂဏန္းပါတဲ့ ဓါတ္ပံုမ်ား ၿပီးခဲ့တဲ့ရက္ပိုင္းက ေပါက္ၾကားထြက္ေပၚခဲ့ရာကေန ဒီသတင္းမ်ား ထြက္ေပၚလာတာ ျဖစ္ပါတယ္။ ၈ ဂဏန္းဟာ တရုတ္လူမ်ိဳးမ်ားအတြက္ ကံေကာင္းတဲ့ နိမိတ္အျဖစ္ မွတ္ယူထားၾကပါတယ္။

အဲဒီ စမတ္ဖုန္းမွာ Qualcomm Snapdragon 845 Chipset , 8GB RAM မ်ား ထည့္သြင္းထားမွာ ျဖစ္ပါတယ္။ Apple iPhone X လို 3D Face Scanning နဲ႔ မ်က္ႏွာျပင္ေအာက္ လက္ေဗြရာ ကိရိယာ ပါလာမယ္လို႔လည္း သတင္းထြက္ေနပါတယ္။ အခုေတာ့ Mi 8 ရဲ႕ မ်က္ႏွာျပင္ေအာက္ လက္ေဗြရာ ကိရိယာကို ျပသထားတဲ့ ဗီဒီယိုေလး ထြက္ေပၚလာပါတယ္။

စမတ္ဖုန္းရဲ႕ အိုင္ကြန္မ်ားဟာ Xiaomi MIUI Skin ျဖစ္တဲ့အတြက္ အဲဒီ စမတ္ဖုန္းဟာ Mi 8 ျဖစ္ႏုိင္ပါတယ္။ ဗီဒီယိုမွာ User တစ္ဦးဟာ ဖုန္ုး မ်က္ႏွာျပင္ေပၚကို လက္ျဖင့္ ထိ၍ Unlock ျပဳလုပ္ေနတာကို ျပသထားပါတယ္။ ဖုန္းမွ ရက္စြဲမွာ ၁၈ ရက္ေန႔ကို ေတြ႕ျမင္ရတဲ့အတြက္ လတ္လတ္ ဆတ္ဆတ္ ေပါက္ၾကားထြက္ေပၚလာတဲ့ ဗီဒီယို ျဖစ္ပါတယ္။ သူ႔ကို ေမလ ၂၇ ရက္ေန႔မွာ ႀကိဳတင္မွာယူခြင့္ေပးမယ္လို႔ သတင္းထြက္ေနပါတယ္။

Xiaomi Mi 8 မွာသာ မ်က္ႏွာျပင္ေအာက္ လက္ေဗြရာ အာရံုခံ ကိရိယာေရာ၊ 3D Face Recognition ပါ ပါလာမယ္ဆိုရင္ ေရွာင္မီဟာ Apple ထက္ နွာတစ္ဖ်ားသာသြားမွာ ျဖစ္ပါတယ္။ Apple ဟာ iPhone X မွာ မ်က္ႏွာျပင္ေအာက္ လက္ေဗြရာ အာရံုခံ ကိရိယာ ထည့္သြင္းေပးဖို႔ ႀကိဳးစားခဲ့ေပမယ့္ မေအာင္ျမင္ခဲ့ဘူးလို႔ သတင္းမ်ား ထြက္ဖူးပါတယ္။ Mi 8 ရဲ႕ ဗီဒီယို အတုိေလးကို ဒီလင့္မွာ ၾကည့္ႏုိင္ပါတယ္။

unicode

Xiaomi Mi 8 ရဲ့ ဗီဒီယို ထွက်ပေါ်လာ

ရှောင်မီက ဒီနှစ်ထဲမှာ မိတ်ဆက်ရမယ့် Mi 7 အစား ကုမ္ပဏီ တည်ထောင်တဲ့ ၈ နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် Mi 8 ကို ရောင်းချမယ်လို့ သတင်းထွက်လာပါတယ်။ တရုတ် လူမှုကွန်ရက် ဝီဘိုမှာ ၈ ဂဏန်းပါတဲ့ ဓါတ်ပုံများ ပြီးခဲ့တဲ့ရက်ပိုင်းက ပေါက်ကြားထွက်ပေါ်ခဲ့ရာကနေ ဒီသတင်းများ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ၈ ဂဏန်းဟာ တရုတ်လူမျိုးများအတွက် ကံကောင်းတဲ့ နိမိတ်အဖြစ် မှတ်ယူထားကြပါတယ်။

အဲဒီ စမတ်ဖုန်းမှာ Qualcomm Snapdragon 845 Chipset , 8GB RAM များ ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ Apple iPhone X လို 3D Face Scanning နဲ့ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ ပါလာမယ်လို့လည်း သတင်းထွက်နေပါတယ်။ အခုတော့ Mi 8 ရဲ့ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာကို ပြသထားတဲ့ ဗီဒီယိုလေး ထွက်ပေါ်လာပါတယ်။

စမတ်ဖုန်းရဲ့ အိုင်ကွန်များဟာ Xiaomi MIUI Skin ဖြစ်တဲ့အတွက် အဲဒီ စမတ်ဖုန်းဟာ Mi 8 ဖြစ်နိုင်ပါတယ်။ ဗီဒီယိုမှာ User တစ်ဦးဟာ ဖုန်ုး မျက်နှာပြင်ပေါ်ကို လက်ဖြင့် ထိ၍ Unlock ပြုလုပ်နေတာကို ပြသထားပါတယ်။ ဖုန်းမှ ရက်စွဲမှာ ၁၈ ရက်နေ့ကို တွေ့မြင်ရတဲ့အတွက် လတ်လတ် ဆတ်ဆတ် ပေါက်ကြားထွက်ပေါ်လာတဲ့ ဗီဒီယို ဖြစ်ပါတယ်။ သူ့ကို မေလ ၂၇ ရက်နေ့မှာ ကြိုတင်မှာယူခွင့်ပေးမယ်လို့ သတင်းထွက်နေပါတယ်။

Xiaomi Mi 8 မှာသာ မျက်နှာပြင်အောက် လက်ဗွေရာ အာရုံခံ ကိရိယာရော၊ 3D Face Recognition ပါ ပါလာမယ်ဆိုရင် ရှောင်မီဟာ Apple ထက် နှာတစ်ဖျားသာသွားမှာ ဖြစ်ပါတယ်။ Apple ဟာ iPhone X မှာ မျက်နှာပြင်အောက် လက်ဗွေရာ အာရုံခံ ကိရိယာ ထည့်သွင်းပေးဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူးလို့ သတင်းများ ထွက်ဖူးပါတယ်။ Mi 8 ရဲ့ ဗီဒီယို အတိုလေးကို ဒီလင့်မှာ ကြည့်နိုင်ပါတယ်။

Leave a Reply