နောက်ထွက်မယ့်ဖုန်းတွေကို ‘ThinQ’ ဆိုပြီးတော့ LG က နာမည်ပြောင်းမှာလား
0
1033
Zawgyi Version
Unicode Version
LG G6 နောက်ထွက်ဖုန်းကို LG G7 ThinQ လို့ခေါ်မယ်ဆိုပြီး LG က ကြေညာခဲ့ပါတယ်။ ဘာကြောင့်များ LG G7 လို့မခေါ်တာလဲ။ “ThinQ” ဆိုတာ ဘာများပြောချင်တာလဲ။ “ThinQ” ကို ဘယ်လိုအသံထွက်ရမှာလဲ။ “think” or “thin queue”?
LG က LG V30 ကို နည်းနည်းလေး upgrade လေးလုပ်မယ်လို့ ကြေညာခဲ့ပါတယ်။ ပြီးတော့ LG V30S ThinQ ဆိုပြီးတော့ မိတ်ဆက်မှာပါ။ နားထဲဘယ်လိုကြီးမှန်းမသိဘူး။
ThinQ ကို ဘာလို့များ rebrand လုပ်မယ်လို့ပြောနေတာလဲဆိုတော့ ကနေဒါက LG website လေးမှာ LG G6 လေးကို LG G6 ThinQ လို့ရေးထားတယ်။ အမြင်မှားတာလား။ ဒါမှမဟုတ် ThinQs ကို LG က တဖြည်းဖြည်း rebrand လုပ်ဖို့ စဉ်းစားနေတာလား။
ပုံမှန်အရဆိုရင် နာမည်မှားရေးတာလို့ပြောရမယ်။ ဟုတ်ပါတယ်။ အဲဒီအချိန်တုန်းက ThinQ လို့မိတ်ဆက်ခဲ့တာမှ မဟုတ်တာ။ ဒါပေမယ့် အပေါ်မှာ ThinQ branding လေးလည်း တွေ့ရတယ်။ ဒီတော့ မှားရိုက်တာမဟုတ်တော့ပါဘူး။ rebranding သေချာလုပ်တာပါ။
ကနေဒါ၊ ပြင်သစ် ဝက်ဘ်ဆိုက်တွေမှာ LG G6 ThinQ ဆိုပြီးတော့ ပြသထားပါတယ်။ ဒီတော့ မှားရေးတာဆိုရင် နှစ်ခုလုံးတိုက်ဆိုင်မှုလား။
ဒါက rebrand လား၊ မှားရေးတာလားဆိုတာ မေးမြန်းနေပါတယ်။ ဒီတော့ ပြန်လာခဲ့ပါမယ်။
Leave a Reply