OnePlus 6 ကို အၾကမ္းခံလားစမ္းမယ္ (ဗြီဒီယို)

0
1907

Zawgyi Version

OnePlus 6 ေလးကို ျမင္လုိက္ရျပီဆိုေတာ့ ဒီတစ္ခုကိုလည္း ေမွ်ာ္ေနေလာက္မယ္ထင္ပါတယ္။ အေတာ္ေလးေတာင့္တင္းတဲ့ဖုန္းလို႕ ထင္ရပါတယ္။ ဒါေပမယ့္လည္း ဖန္သားႏွစ္ခုကို ညွပ္ထားတဲ့ဒီဇုိင္းဆိုေတာ့ ေန႕စဥ္သံုးအတြက္ အဆင္ေျပပါ့မလား။ ဒီေတာ့ JerryRigEverything က အေျဖရွာဖုိ႕ ဗြီဒီယိုေလးတစ္ခုရိုက္ျပီးေတာ့ စမ္းသပ္ထားပါတယ္။

Zack က ကပ္ထားတဲ့ မွန္မကြဲကိုခြာျပီးေတာ့ အၾကမ္းခံမႈကို စမ္းသပ္လုိက္ပါတယ္။ ေမွ်ာ္လင့္ထားသလိုပါပဲ။ OnePlus 6 ရဲ႕ Gorilla Glass 5 က level 6 မွာ စျပီးေတာ့ အစင္းထင္သြားတယ္။ level 7 မွာ ပိုထင္းသြားတယ္။ earpiece မွာလည္း အစင္းထင္ျပီးေတာ့ အလုပ္လုပ္ေနဆဲ ျဖစ္တာကိုေတြ႕လုိက္ရတယ္။ metal ေပၚမွာျခစ္လိုက္ရင္ အသံထြက္တယ္ဆိုေတာ့ ေဘာင္ေတြက metal လို႕ယူဆရတယ္။ ဖန္နဲ႕ metal ၾကားမွာ ပလတ္စတစ္အလႊာအေသးေလးကို ခံထားတယ္လုိ႕ ေျပာပါတယ္။ fingerprint sensor နဲ႕ ကင္မရာကေတာ့ ျခစ္ရမထင္ပါဘူး။

မီးေလာင္ခံႏုိင္စြမ္းနဲ႕ အေကြးခံႏုိင္စြမး္ကို ေရာက္ပါျပီ။ OnePlus 6 ရဲ႕ AMOLED panel က ၂၀ စကၠန္႕ေလာက္ခံႏုိင္ပါတယ္။ ေမွ်ာ္လင့္မထားတဲ့အရာတစ္ခုပါ။ ေကြးႏုိင္စြမ္းမွာလည္း စိတ္၀င္စားစရာေတြ ျဖစ္ခဲ့တယ္။ သိသိသာသာ ေကြးႏုိင္ျပီးေတာ့ ကြဲသြားတာမ်ိဳးေတြ မျဖစ္ခဲ့ပါဘူး။ ပလတ္စတစ္အလႊာေလးက ကူညီေပးထားလို႕မ်ားလားဆိုတာ သံသယျဖစ္ဖြယ္ေကာင္းပါတယ္။

ဗြီဒီယိုအျပည့္အစံုကို ခံစားႏုိင္ေအာင္ တင္ျပေပးလိုက္ပါတယ္။

Unicode Version

OnePlus 6 လေးကို မြင်လိုက်ရပြီဆိုတော့ ဒီတစ်ခုကိုလည်း မျှော်နေလောက်မယ်ထင်ပါတယ်။ အတော်လေးတောင့်တင်းတဲ့ဖုန်းလို့ ထင်ရပါတယ်။ ဒါပေမယ့်လည်း ဖန်သားနှစ်ခုကို ညှပ်ထားတဲ့ဒီဇိုင်းဆိုတော့ နေ့စဉ်သုံးအတွက် အဆင်ပြေပါ့မလား။ ဒီတော့ JerryRigEverything က အဖြေရှာဖို့ ဗွီဒီယိုလေးတစ်ခုရိုက်ပြီးတော့ စမ်းသပ်ထားပါတယ်။
Zack က ကပ်ထားတဲ့ မှန်မကွဲကိုခွာပြီးတော့ အကြမ်းခံမှုကို စမ်းသပ်လိုက်ပါတယ်။ မျှော်လင့်ထားသလိုပါပဲ။ OnePlus 6 ရဲ့ Gorilla Glass 5 က level 6 မှာ စပြီးတော့ အစင်းထင်သွားတယ်။ level 7 မှာ ပိုထင်းသွားတယ်။ earpiece မှာလည်း အစင်းထင်ပြီးတော့ အလုပ်လုပ်နေဆဲ ဖြစ်တာကိုတွေ့လိုက်ရတယ်။ metal ပေါ်မှာခြစ်လိုက်ရင် အသံထွက်တယ်ဆိုတော့ ဘောင်တွေက metal လို့ယူဆရတယ်။ ဖန်နဲ့ metal ကြားမှာ ပလတ်စတစ်အလွှာအသေးလေးကို ခံထားတယ်လို့ ပြောပါတယ်။ fingerprint sensor နဲ့ ကင်မရာကတော့ ခြစ်ရမထင်ပါဘူး။
မီးလောင်ခံနိုင်စွမ်းနဲ့ အကွေးခံနိုင်စွမ်းကို ရောက်ပါပြီ။ OnePlus 6 ရဲ့ AMOLED panel က ၂၀ စက္ကန့်လောက်ခံနိုင်ပါတယ်။ မျှော်လင့်မထားတဲ့အရာတစ်ခုပါ။ ကွေးနိုင်စွမ်းမှာလည်း စိတ်ဝင်စားစရာတွေ ဖြစ်ခဲ့တယ်။ သိသိသာသာ ကွေးနိုင်ပြီးတော့ ကွဲသွားတာမျိုးတွေ မဖြစ်ခဲ့ပါဘူး။ ပလတ်စတစ်အလွှာလေးက ကူညီပေးထားလို့များလားဆိုတာ သံသယဖြစ်ဖွယ်ကောင်းပါတယ်။
ဗွီဒီယိုအပြည့်အစုံကို ခံစားနိုင်အောင် တင်ပြပေးလိုက်ပါတယ်။

Leave a Reply