Microsoft က မသန္စြမ္းသူမ်ား ကစားႏုိင္မယ့္ Xbox Adaptive Controller ကို ျပသ

0
298

Microsoft က မသန္စြမ္းသူမ်ားအတြက္ သမားရိုးက် Controller ထက္ ပိုမို အဆင္ေျပစြာ ကစားႏိုင္မယ့္ Xbox Adaptive Controller ကို ျပသလိုက္ပါတယ္။ သူဟာ ေလးေထာင့္ ပံုသ႑ာန္ ျဖစ္ၿပီး ပရိုဂရမ္ ေရးဆြဲထားႏုိင္မယ့္ ခလုတ္မ်ားစြာ ပါပါတယ္။ သူ႔ကို ေပါင္၊ စားပြဲ၊ Wheelchair ေပၚမွာ သက္ေတာင့္သက္သာရွိစြာ တင္ၿပီး ကစားႏုိင္ေအာင္ ဒီဇိုင္းထုတ္ထားပါတယ္။

အေနာက္ဘက္မွာ Triggers , Action Buttons, Joysticks, Directional Buttons မ်ားလို သမားရိုးက် Controller တစ္ခုမွာ ပါတဲ့ Inputs မ်ား အားလံုးကို Map လုပ္ႏုိင္မယ့္ 3.5mm Jack ေပါင္း ၁၉ ခု ရွိပါတယ္။ အဲဒီမွာ External Device မ်ားကို တပ္ႏုိင္ပါတယ္။ မသန္စြမ္းသူမ်ား သက္ေတာင့္သက္သာရွိစြာ ကစားႏုိင္ေအာင္ ပံ့ပိုးေပးထားတာပါ။

ဥပမာအားျဖင့္ ေလခြ်န္တာနဲ႔ ဖြင့္ေပးတဲ့ Quadstick Joystick ကို တပ္ဆင္ႏုိင္ပါတယ္။ ေျခေထာက္နဲ႔ ဂိမ္း ကစားႏုိင္တဲ့ ကိရိယာကိုလည္း Microsoft က ျပသခဲ့ပါတယ္။ Adaptive Controller နဲ႔ တြဲဖက္ ကစားဖုိ႔အတြက္ လက္တစ္ဖက္ကိုင္ Joystick နဲ႔ ေျခနင္းမ်ားကိုလည္း ထုတ္လုပ္ေပးထားပါတယ္။

Microsoft က ဂိမ္မာမ်ား၊ မသန္စြမ္းသူမ်ား ကူညီေရး အဖြဲ႕အစည္းမ်ားရဲ႕ အၾကံျပဳခ်က္မ်ားေၾကာင့္ Adaptive Controller ကို ဖန္တီးထားျခင္း ျဖစ္တယ္လို႔ ေျပာပါတယ္။ ၂၀၁၅ နဲ႔ ၂၀၁၆ ခုႏွစ္မ်ားမွာလည္း ဒီကိရိယာအတြက္ Hackathons ၿပိဳင္ပြဲမ်ားကိုလည္း က်င္းပခဲ့ၾကပါတယ္။ ကုမၸဏီက ၀ါရွင္တန္ရွိ Redmond မွ ရံုးခ်ဳပ္ မွာ ဒီနည္းပညာမ်ားကို တီထြင္ဖို႔အတြက္ Inclusive Tech Lab ကို ဖြင့္လွစ္ခဲ့ပါတယ္။

Adaptive Controller ဟာ ကိရိယာမ်ားစြာကို ေထာက္ပံ့တဲ့အျပင္ မသန္စြမ္းသူ အမ်ိဳးအစားမ်ားစြာ ကစားႏုိင္ေအာင္ ဖန္တီးေပးထားပါတယ္။ မသန္စြမ္းသူမ်ားက မတူညီတဲ့ ဂိမ္းမ်ားကို ကစားဖို႔အတြက္ သူတို႔နဲ႔ အဆင္ေျပမယ့္ Configurations မ်ားကို ေျပာင္းလဲႏုိင္ပါတယ္။ Adaptive Controller ကို Xbox နဲ႔ ၀င္းဒိုုးပီစီမ်ားမွာ ခ်ိတ္ဆက္ သံုးႏုိင္ပါတယ္။ ယခုႏွစ္ေႏွာင္းပိုင္းမွာ ေဒၚလာ ၁၀၀ ျဖင့္ ေရာင္းခ်မွာပါ။

unicode

Microsoft က မသန်စွမ်းသူများ ကစားနိုင်မယ့် Xbox Adaptive Controller ကို ပြသ

Microsoft က မသန်စွမ်းသူများအတွက် သမားရိုးကျ Controller ထက် ပိုမို အဆင်ပြေစွာ ကစားနိုင်မယ့် Xbox Adaptive Controller ကို ပြသလိုက်ပါတယ်။ သူဟာ လေးထောင့် ပုံသဏ္ဍာန် ဖြစ်ပြီး ပရိုဂရမ် ရေးဆွဲထားနိုင်မယ့် ခလုတ်များစွာ ပါပါတယ်။ သူ့ကို ပေါင်၊ စားပွဲ၊ Wheelchair ပေါ်မှာ သက်တောင့်သက်သာရှိစွာ တင်ပြီး ကစားနိုင်အောင် ဒီဇိုင်းထုတ်ထားပါတယ်။

အနောက်ဘက်မှာ Triggers , Action Buttons, Joysticks, Directional Buttons များလို သမားရိုးကျ Controller တစ်ခုမှာ ပါတဲ့ Inputs များ အားလုံးကို Map လုပ်နိုင်မယ့် 3.5mm Jack ပေါင်း ၁၉ ခု ရှိပါတယ်။ အဲဒီမှာ External Device များကို တပ်နိုင်ပါတယ်။ မသန်စွမ်းသူများ သက်တောင့်သက်သာရှိစွာ ကစားနိုင်အောင် ပံ့ပိုးပေးထားတာပါ။

ဥပမာအားဖြင့် လေချွန်တာနဲ့ ဖွင့်ပေးတဲ့ Quadstick Joystick ကို တပ်ဆင်နိုင်ပါတယ်။ ခြေထောက်နဲ့ ဂိမ်း ကစားနိုင်တဲ့ ကိရိယာကိုလည်း Microsoft က ပြသခဲ့ပါတယ်။ Adaptive Controller နဲ့ တွဲဖက် ကစားဖို့အတွက် လက်တစ်ဖက်ကိုင် Joystick နဲ့ ခြေနင်းများကိုလည်း ထုတ်လုပ်ပေးထားပါတယ်။

Microsoft က ဂိမ်မာများ၊ မသန်စွမ်းသူများ ကူညီရေး အဖွဲ့အစည်းများရဲ့ အကြံပြုချက်များကြောင့် Adaptive Controller ကို ဖန်တီးထားခြင်း ဖြစ်တယ်လို့ ပြောပါတယ်။ ၂၀၁၅ နဲ့ ၂၀၁၆ ခုနှစ်များမှာလည်း ဒီကိရိယာအတွက် Hackathons ပြိုင်ပွဲများကိုလည်း ကျင်းပခဲ့ကြပါတယ်။ ကုမ္ပဏီက ဝါရှင်တန်ရှိ Redmond မှ ရုံးချုပ် မှာ ဒီနည်းပညာများကို တီထွင်ဖို့အတွက် Inclusive Tech Lab ကို ဖွင့်လှစ်ခဲ့ပါတယ်။

Adaptive Controller ဟာ ကိရိယာများစွာကို ထောက်ပံ့တဲ့အပြင် မသန်စွမ်းသူ အမျိုးအစားများစွာ ကစားနိုင်အောင် ဖန်တီးပေးထားပါတယ်။ မသန်စွမ်းသူများက မတူညီတဲ့ ဂိမ်းများကို ကစားဖို့အတွက် သူတို့နဲ့ အဆင်ပြေမယ့် Configurations များကို ပြောင်းလဲနိုင်ပါတယ်။ Adaptive Controller ကို Xbox နဲ့ ဝင်းဒိုုးပီစီများမှာ ချိတ်ဆက် သုံးနိုင်ပါတယ်။ ယခုနှစ်နှောင်းပိုင်းမှာ ဒေါ်လာ ၁၀၀ ဖြင့် ရောင်းချမှာပါ။

Leave a Reply