HTC U12 Plus ရဲ႕ အခ်က္အလက္မ်ားႏွင့္ ပံုရိပ္မ်ား ေပါက္ၾကားလာ

0
448

Zawgyi Version

HTC U12 Plus ကို launchလုပ္ဖို႕အတြက္ ေျခာက္ရက္ေလာက္လိုပါေသးတယ္။ ဒါေပမယ့္ သူ႕ရဲ႕အခ်က္အလက္ေတြအားလံုးနီးပါး ကၽြန္ေတာ့ဆီကို ေရာက္လာပါျပီ။ Evan Blass က ပံုရိပ္ေလးေတြနဲ႕ အေသးစိတ္အခ်က္အလက္ေတြေရးသားထားတဲ့ စာရြက္ေလးကို ထုတ္ျပခဲ့ပါတယ္။

Evan Blass ကေတာ့ စမတ္ဖုန္းသတင္းအခ်က္အလက္ေတြနဲ႕ ပတ္သတ္လာရင္ နာမည္ဆိုးနဲ႕ေက်ာ္ၾကားသူတစ္ေယာက္ျဖစ္ပါတယ္။ ဒါေပမယ့္လည္း ဒီအခ်က္အလက္ေတြကို သူ႕ေၾကာင့္ သိရတာမဟုတ္လား။ ဒါဟာေပါက္ၾကားမႈတစ္ခုျဖစ္တဲ့အတြက္ေၾကာင့္ မွားခ်င္လည္း မွားႏုိင္ပါတယ္။ HTC က HTC U12 Plus ကို ေမ၂၃ရက္ေန႕မွာ ထုတ္မျပခင္ ၾကိဳသိရမယ္ဆုိေတာ့လည္း ေကာင္းတာပဲေလ။

HTC U12 Plus ရဲ႕ ပံုရိပ္ေလးေတြကေတာ့ တြစ္တာေပၚမွာ တင္ခဲ့တာ ျဖစ္ပါတယ္။

HTC u12 plus leaked renders

ျမင္တဲ့အတုိင္းပါပဲ။ HTC U11 ကို လုပ္ေပးထားတဲ့ ေရာင္ေျပးလိုပံုစံေလးေတြြပါ။ U12 Plus ကို အေရာင္အေနနဲ႕ Black ၊ Red Rose ၊ Violet နဲ႕ Translucent တို႕ကို ရႏုိင္မွာပါ။ အေပၚမွာက Translucent ၊ Violet ၊ Black တို႕ ျဖစ္ႏုိင္ပါတယ္။ Violet ဆိုတာကလည္း Red Rose ျဖစ္ႏုိင္လို႕ ေျပာဖုုိ႕ခက္ပါတယ္။

အေရွ႕ကင္မရာႏွစ္ခု၊ အေနာက္ကင္မရာႏွစ္ခုကို ေတြ႕ျမင္ရမွာပါ။ ပံုရိပ္ေတြက ေတာက္ပမႈ နည္းေနသလိုျဖစ္ပါတယ္။ ဒါေပမယ့္လည္း render ျဖစ္ေနလို႕မ်ားလားေပါ့။

ေဘာင္ေလးေတြက ပါးလာျပီးေတာ့ notch မျမင္ရေသးပါဘူး။ notch ထက္ အေရွ႕ကင္မရာႏွစ္လံုးဆိုေတာ့ ပိုၾကိဳက္မယ္ထင္ပါတယ္။

အေသးစိတ္အခ်က္အလက္ေလးေတြကို တစ္ခ်က္ၾကည့္လိုက္ရေအာင္။

HTC u12 Plus leaked specs

Android 8.0 Oreo နဲ႕ ထြက္လာျပီး Android P ကို ျမွင့္ႏုိင္္မယ္

“pressure-sensitive” feature အသစ္နဲ႕ “touch feedback” experience အသစ္လို႕ေရးထားတယ္(ဘာလဲေတာ့မသိ)

IP68 certification

Qualcomm Snapdragon 845

2880 x 1440 resolution ၊ 18:9 ၊ 6-inch display

6GB RAM ၊ 64GB or 128GB storage

microSD expansion slot

12MP နဲ႕ 16MP အေနာက္ကင္မရာ

8MP နဲ႕ 8MP အေရွ႕ကင္မရာ

virtual assistant ေတြအတြက္ Always-on listening support

3,500mAh battery

စာရြက္ေပၚကအခ်က္အလက္ေတြကေတာ့ မိုက္ေနပါတယ္။ တကယ္ဆိုရင္ေတာ့ အမိုက္စားျဖစ္သြားမွာပါ။

ေစ်းႏႈန္းအတြက္ကေတာ့ မေျပာႏုိင္ေသးပါဘူး။ flagship ေလးကို Samsung Galaxy S9 ေလာက္နီးနီးထားခ်င္ေနတာပါ။ ဒါေပမယ့္လည္း ေဒၚလာ ၅၀-၁၀၀ ေလာက္ ေလွ်ာ့ပါလိမ့္မယ္။ ဒီေတာ့ Samsung ဆီကလူေတြကို ဆြဲေခၚႏုိင္မယ္လို႕ ေတြးတာပါ။

ေမလ၂၃ရက္ေန႕မတုိင္ခင္ေတာ့ အခ်က္အလက္ေတြ ေျပာင္းလဲသြားႏိုင္ပါေသးတယ္။

Unicode Version

HTC U12 Plus ကို launchလုပ်ဖို့အတွက် ခြောက်ရက်လောက်လိုပါသေးတယ်။ ဒါပေမယ့် သူ့ရဲ့အချက်အလက်တွေအားလုံးနီးပါး ကျွန်တော့ဆီကို ရောက်လာပါပြီ။ Evan Blass က ပုံရိပ်လေးတွေနဲ့ အသေးစိတ်အချက်အလက်တွေရေးသားထားတဲ့ စာရွက်လေးကို ထုတ်ပြခဲ့ပါတယ်။
Evan Blass ကတော့ စမတ်ဖုန်းသတင်းအချက်အလက်တွေနဲ့ ပတ်သတ်လာရင် နာမည်ဆိုးနဲ့ကျော်ကြားသူတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီအချက်အလက်တွေကို သူ့ကြောင့် သိရတာမဟုတ်လား။ ဒါဟာပေါက်ကြားမှုတစ်ခုဖြစ်တဲ့အတွက်ကြောင့် မှားချင်လည်း မှားနိုင်ပါတယ်။ HTC က HTC U12 Plus ကို မေ၂၃ရက်နေ့မှာ ထုတ်မပြခင် ကြိုသိရမယ်ဆိုတော့လည်း ကောင်းတာပဲလေ။
HTC U12 Plus ရဲ့ ပုံရိပ်လေးတွေကတော့ တွစ်တာပေါ်မှာ တင်ခဲ့တာ ဖြစ်ပါတယ်။
မြင်တဲ့အတိုင်းပါပဲ။ HTC U11 ကို လုပ်ပေးထားတဲ့ ရောင်ပြေးလိုပုံစံလေးတွေပါ။ U12 Plus ကို အရောင်အနေနဲ့ Black ၊ Red Rose ၊ Violet နဲ့ Translucent တို့ကို ရနိုင်မှာပါ။ အပေါ်မှာက Translucent ၊ Violet ၊ Black တို့ ဖြစ်နိုင်ပါတယ်။ Violet ဆိုတာကလည်း Red Rose ဖြစ်နိုင်လို့ ပြောဖိုု့ခက်ပါတယ်။
အရှေ့ကင်မရာနှစ်ခု၊ အနောက်ကင်မရာနှစ်ခုကို တွေ့မြင်ရမှာပါ။ ပုံရိပ်တွေက တောက်ပမှု နည်းနေသလိုဖြစ်ပါတယ်။ ဒါပေမယ့်လည်း render ဖြစ်နေလို့များလားပေါ့။
ဘောင်လေးတွေက ပါးလာပြီးတော့ notch မမြင်ရသေးပါဘူး။ notch ထက် အရှေ့ကင်မရာနှစ်လုံးဆိုတော့ ပိုကြိုက်မယ်ထင်ပါတယ်။
အသေးစိတ်အချက်အလက်လေးတွေကို တစ်ချက်ကြည့်လိုက်ရအောင်။
Android 8.0 Oreo နဲ့ ထွက်လာပြီး Android P ကို မြှင့်နိုင်မယ်
“pressure-sensitive” feature အသစ်နဲ့ “touch feedback” experience အသစ်လို့ရေးထားတယ်(ဘာလဲတော့မသိ)
IP68 certification
Qualcomm Snapdragon 845
2880 x 1440 resolution ၊ 18:9 ၊ 6-inch display
6GB RAM ၊ 64GB or 128GB storage
microSD expansion slot
12MP နဲ့ 16MP အနောက်ကင်မရာ
8MP နဲ့ 8MP အရှေ့ကင်မရာ
virtual assistant တွေအတွက် Always-on listening support
3,500mAh battery
စာရွက်ပေါ်ကအချက်အလက်တွေကတော့ မိုက်နေပါတယ်။ တကယ်ဆိုရင်တော့ အမိုက်စားဖြစ်သွားမှာပါ။
ဈေးနှုန်းအတွက်ကတော့ မပြောနိုင်သေးပါဘူး။ flagship လေးကို Samsung Galaxy S9 လောက်နီးနီးထားချင်နေတာပါ။ ဒါပေမယ့်လည်း ဒေါ်လာ ၅၀-၁၀၀ လောက် လျှော့ပါလိမ့်မယ်။ ဒီတော့ Samsung ဆီကလူတွေကို ဆွဲခေါ်နိုင်မယ်လို့ တွေးတာပါ။
မေလ၂၃ရက်နေ့မတိုင်ခင်တော့ အချက်အလက်တွေ ပြောင်းလဲသွားနိုင်ပါသေးတယ်။

Leave a Reply