Google က YouTube Music နဲ႔ YouTube Premium တုိ႔ကို ေၾကညာ

0
1417

Google က YouTube Red ကို ၀န္ေဆာင္မႈ အသစ္ ႏွစ္ခု အေနျဖင့္ ခြဲထုတ္လိုက္ပါတယ္။ တစ္ခုက YouTube Music ျဖစ္ၿပီး အခမဲ့ သံုးရင္ ေၾကာ္ညာမ်ားကို ျပသမွာပါ။ ေၾကာ္ညာမ်ား မၾကည့္ခ်င္ရင္ တစ္လလွ်င္ ၉.၉၉ ေဒၚလာ က်သင့္မွာပါ။ ေနာက္တစ္ခုက Original Video Content မ်ားကို ျပသတဲ့ YouTube Premium ျဖစ္ပါတယ္။ သူ႔ကိုေတာ့ တစ္လလွ်င္ ၁၁.၉၉ ေဒၚလာျဖင့္ သံုးရမွာပါ။

YouTube Music ဟာ Spotify ကို ယွဥ္ၿပိဳင္မွာျဖစ္ၿပီး အသြင္သစ္ Mobile App နဲ႔ ဒတ္စေတာ့ ပေလယာ အသစ္ပါလာပါတယ္။ ႏွစ္ခုစလံုးဟာ သီခ်င္းမ်ားအတြက္ ဒီဇိုင္းထုတ္ထားတာပါ။ အဲဒီကေန Music Video , Live Version , Playlist မ်ားစြာကို ၾကည့္ရႈ နားဆင္ႏုိင္မွာပါ။ App က သီခ်င္းစာသားမ်ားကို ထည့္ေပးလိုက္တာနဲ႔ သီခ်င္းမ်ားကို ရွာေပးႏုိင္ပါတယ္။

YouTube Music အသစ္မွာ သီခ်င္းမ်ားကို စြမ္းရည္ျပည့္စြာ ရွာႏိုင္ေအာင္ ျပဳလုပ္ေပးထားပါတယ္။ App ရဲ႕ Home Screen မွာ သင့္ရဲ႕ အမူအက်င့္၊ တည္ေနရာနဲ႔ သမုိင္းေၾကာင္းမ်ားကို အေျခခံ၍ သီခ်င္းအသစ္မ်ားကို အၾကံျပဳေပးထားပါတယ္။ ဥပမာအားျဖင့္ သင္ဟာ Gym ကို ေရာက္ေနရင္ တက္ၾကြေစမယ့္ သီခ်င္းမ်ားကို ျပသေပးမွာပါ။

YouTube Premium က YouTube Red ရဲ႕ အမည္အသစ္ျဖစ္ၿပီး YouTube Music အျပင္ Original Video Content မ်ားကို ၾကည့္ရႈႏုိင္မွာပါ။ UK, Germany, France, Mexico နဲ႔ အျခား ႏုိင္ငံမ်ားမွ ဟာသ၊ ဒရာမာ၊ အက္ရွင္ စီးရီးမ်ားကို ပိုမို ျပသေပးမယ္လို႔ Google က ေျပာပါတယ္။ သူ႔မွာ ေၾကာ္ညာမ်ား မပါသလို အျခား App မ်ားသံုးေနခ်ိန္မွာ ဗီဒီယိုမ်ားကို ဖြင့္ထားႏုိင္ပါတယ္။ ေဒါင္းလုပ္လည္း လုပ္ထားႏုိင္ပါတယ္။

unicode

Google က YouTube Music နဲ့ YouTube Premium တို့ကို ကြေညာ

Google က YouTube Red ကို ဝန်ဆောင်မှု အသစ် နှစ်ခု အနေဖြင့် ခွဲထုတ်လိုက်ပါတယ်။ တစ်ခုက YouTube Music ဖြစ်ပြီး အခမဲ့ သုံးရင် ကြော်ညာများကို ပြသမှာပါ။ ကြော်ညာများ မကြည့်ချင်ရင် တစ်လလျှင် ၉.၉၉ ဒေါ်လာ ကျသင့်မှာပါ။ နောက်တစ်ခုက Original Video Content များကို ပြသတဲ့ YouTube Premium ဖြစ်ပါတယ်။ သူ့ကိုတော့ တစ်လလျှင် ၁၁.၉၉ ဒေါ်လာဖြင့် သုံးရမှာပါ။

YouTube Music ဟာ Spotify ကို ယှဉ်ပြိုင်မှာဖြစ်ပြီး အသွင်သစ် Mobile App နဲ့ ဒတ်စတော့ ပလေယာ အသစ်ပါလာပါတယ်။ နှစ်ခုစလုံးဟာ သီချင်းများအတွက် ဒီဇိုင်းထုတ်ထားတာပါ။ အဲဒီကနေ Music Video , Live Version , Playlist များစွာကို ကြည့်ရှု နားဆင်နိုင်မှာပါ။ App က သီချင်းစာသားများကို ထည့်ပေးလိုက်တာနဲ့ သီချင်းများကို ရှာပေးနိုင်ပါတယ်။

YouTube Music အသစ်မှာ သီချင်းများကို စွမ်းရည်ပြည့်စွာ ရှာနိုင်အောင် ပြုလုပ်ပေးထားပါတယ်။ App ရဲ့ Home Screen မှာ သင့်ရဲ့ အမူအကျင့်၊ တည်နေရာနဲ့ သမိုင်းကြောင်းများကို အခြေခံ၍ သီချင်းအသစ်များကို အကြံပြုပေးထားပါတယ်။ ဥပမာအားဖြင့် သင်ဟာ Gym ကို ရောက်နေရင် တက်ကြွစေမယ့် သီချင်းများကို ပြသပေးမှာပါ။

YouTube Premium က YouTube Red ရဲ့ အမည်အသစ်ဖြစ်ပြီး YouTube Music အပြင် Original Video Content များကို ကြည့်ရှုနိုင်မှာပါ။ UK, Germany, France, Mexico နဲ့ အခြား နိုင်ငံများမှ ဟာသ၊ ဒရာမာ၊ အက်ရှင် စီးရီးများကို ပိုမို ပြသပေးမယ်လို့ Google က ပြောပါတယ်။ သူ့မှာ ကြော်ညာများ မပါသလို အခြား App များသုံးနေချိန်မှာ ဗီဒီယိုများကို ဖွင့်ထားနိုင်ပါတယ်။ ဒေါင်းလုပ်လည်း လုပ်ထားနိုင်ပါတယ်။

Leave a Reply