Apple ရဲ့ 18W Fast Charger လေးဆိုပဲ

0
1823

Zawgyi Version









Unicode Version

iPhone ဝယ်ထားပြီးတဲ့သူတွေကို စိတ်ပျက်သွားစေမယ့်သတင်းလေး ဖြစ်နိုင်တယ်။ သူတို့ရဲ့ဖုန်းတွေက အားအမြန်သွင်းစနစ်ပါပေမယ့်လည်း အားသွင်းတဲ့ဟာလေးကို ဘူးထဲမှာထည့်မပေးလိုက်ဘူးလေ။
ဒီတော့ Apple ဆီကနေ သက်သက်ဝယ်ကြရတယ်၊ ဒါမှမဟုတ်လည်း အဆင်ပြေတဲ့ third-party တွေဆီကနေ ဝယ်ရပြီပေါ့။ iPhone 8 ရော iPhone X မှာပါ။ USB Type-C charging ပါဝင်ပါတယ်။
ကောလဟာလတွေထွက်နေတာက ၂၀၁၈ iPhone တွေမှာ စွမ်းဆောင်ရည်မြင့် charger လေးတွေကို ဘူးထဲမှာထည့်ပေးမယ်။ အခုတော့ ဘယ်လိုပုံလေးတွေလည်းဆိုတာကို 3D render လေးတွေနဲ့ ခံစားကြည့်လိုက်ရအောင်။
ဒီပုံလေးတွေကို RedmondPie မှ ယူပြီးဖော်ပြထားတာပါ။
ChargerLab ရဲ့ပညာရှင်တွေက USB Type-C connector လေးကို ထိပ်မှာထည့်ထားပြီးတော့ Lightning-to-USB Type-C cable လေးကို ပြသပေးခဲ့ပါတယ်။ အားအမြန်သွင်းပေးနိုင်မှာဖြစ်ပြီးတော့ ဘူးထဲမှာ တစ်ပါတည်းတွေ့မြင်ရမှာပါ။ ဒီမှာပြထားတာကတော့ ဥရောပ iPhone အတွက် ဖြစ်ပါတယ်။ ဒီတော့ ယူကေနဲ့ ယူအက်စ်အတွက် charger တွေကလည်း ဆင်တူလောက်မှာပါ။ ဒါပေမယ့်လည်း နိုင်ငံအပေါ်မှာမူတည်ပြီးတော့ နည်းနည်းတော့ ပြောင်းပါလိမ့်မယ်။
ChargerLab က ပြောထားပါတယ်။ charger လေးက 18W rating ရထားတာမို့။ လက်ရှိ iPhone တွေမှာပါတဲ့ charger တွေထက်တော့ အတော်လေးမြန်ဆန်မယ်လို့ ပြောထားပါတယ်။ plug လေးကိုလည်း ပြန်လည်ဒီဇိုင်းပြင်ဆင်လောက်မှာပါ။
Apple ရဲ့ရိုးရာကနေ ခွဲထွက်ပြီးတော့ ပါးလွှာပါတယ်။ ဒါပေမယ့်လည်း အဖြူရောင်လေးထောင့်တုံး မဟုတ်တော့ပါဘူး။ ဒါလေးက အဆင်ပြေပြီး သယ်ရတာ ကောင်းပါတယ်။ USB-C ကို အသုံးပြုထားတာဆိုတော့ မြန်ဆန်မှာသေချာပါတယ်။
စက်တင်ဘာလောက်မှာ ထွက်လာမယ်လို့ မှန်းထားပါတယ်။

Leave a Reply