၈ ႏွစ္ျပည့္ Anniversary Phone ထုတ္မယ့္ Xiaomi

0
1730

Xiaomi Company ကို တည္ေထာင္ခဲ့တာ ၂၀၁၀ ခုႏွစ္ကဆိုေတာ့ ဒီႏွစ္ဟာ ကုမၸဏီ တည္ေထာင္တာ ၈ ႏွစ္ျပည့္သြားခဲ့ပါၿပီ။ အဲဒီအတြက္ ေရွာင္မီက ဒီႏွစ္ထဲမွာ ၈ ႏွစ္ျပည့္ Anniversary Phone ကို ထုတ္လုပ္ေရာင္းခ်မယ္ဆိုတဲ့ သတင္းမ်ားဟာ တရုတ္ လူမႈကြန္ရက္ ၀ီဘိုကေန ထြက္ေပၚလာပါတယ္။ ၀ီဘိုမွ ဓါတ္ပံုတစ္ခုမွာ အရြယ္ႀကီး 8 ဂဏန္းကို ေရးသားထားပါတယ္။ ဓါတ္ပံုရဲ႕ ညာဘက္မွာေတာ့ Anniversary Phone အလံုး ၁၀၀ ကို မဲေဖါက္ေပးမယ္လို႔ အရိပ္အျမြက္ ေရးသားထားပါတယ္။ အဲဒီ စမတ္ဖုန္းမွာ 3D Face Scanning ၊ မ်က္ႏွာျပင္ေအာက္ လက္ေဗြရာ အာရံုခံ ကိရိယာ နဲ႔ Qualcomm Snapdragon 845 Chipset မ်ား ပါလာမယ္လို႔လည္း သတင္းထြက္ေနပါတယ္။

အျခား သတင္းမ်ားကလည္း ဒီႏွစ္မွာ ေရာင္းခ်မယ့္ Mi 7 ကို Mi 8 အမည္နဲ႔ ေရာင္းခ်မယ္လို႔လည္း ဆိုေနၾကပါတယ္။ ဒါေပမယ့္လည္း Anniversary Phone ကို အျခား အမည္ျဖင့္ သီးျခား ေရာင္းခ်ႏုိင္ပါတယ္။

ယခုလ ၂၇ ရက္ေန႔မွာ Mi 7 ကို ေၾကညာမယ္လို႔ သတင္းထြက္ေနပါတယ္။ ယခင္ေပါက္ၾကားထြက္ေပၚလာတဲ့ ဓါတ္ပံုမ်ားအရ Mi 7 ရဲ႕ Notch မွ ကင္မရာ အတြဲအစပ္ဟာ Apple Face ID နဲ႔ အလြန္ ဆင္တူေနပါတယ္။ Apple Face ID ဟာ မ်က္ႏွာျဖင့္ ဖုန္းကို Unlock လုပ္ဖို႔အတြက္ Dot Projector နဲ႔ အနီေအာက္ေရာင္ျခည္ ကင္မရာကို အသံုးျပဳထားပါတယ္။

မၾကာခင္က ထြက္ေပၚခဲ့တဲ့ Mi 7 ရဲ႕ ဓါတ္ပံုမွာ iPhone X မွာလို ႀကီးမားတဲ့ Notch ကို ေတြ႕ရပါတယ္။ Android Phone အမ်ားစုမွာ Face Scanning အတြက္ အေရွ႕ ကင္မရာနဲ႔ ေဆာ့ဖ္၀ဲကို အသံုးျပဳထားပါတယ္။ အဲဒီအတြက္ Notch မွာ Proximity Sensor , Ambient Light Sensor , Earpiece တို႔ကိုသာ တပ္ဆင္ထားၿပီး Notch မ်ားဟာလည္း ေသးငယ္ပါတယ္။ ေရွာင္မီဟာ Mi 7 ရဲ႕ Face ID ကို ဖန္တီးရာမွာ အခက္အခဲမ်ားနဲ႔ ရင္ဆိုင္ခဲ့ရၿပီး ဖုန္းကို ေၾကညာဖုိ႔ ေနာက္က်မယ္လို႔လည္း သတင္းမ်ားထြက္ခဲ့ဖူးပါတယ္။

unicode

၈ နှစ်ပြည့် Anniversary Phone ထုတ်မယ့် Xiaomi

Xiaomi Company ကို တည်ထောင်ခဲ့တာ ၂၀၁၀ ခုနှစ်ကဆိုတော့ ဒီနှစ်ဟာ ကုမ္ပဏီ တည်ထောင်တာ ၈ နှစ်ပြည့်သွားခဲ့ပါပြီ။ အဲဒီအတွက် ရှောင်မီက ဒီနှစ်ထဲမှာ ၈ နှစ်ပြည့် Anniversary Phone ကို ထုတ်လုပ်ရောင်းချမယ်ဆိုတဲ့ သတင်းများဟာ တရုတ် လူမှုကွန်ရက် ဝီဘိုကနေ ထွက်ပေါ်လာပါတယ်။ ဝီဘိုမှ ဓါတ်ပုံတစ်ခုမှာ အရွယ်ကြီး 8 ဂဏန်းကို ရေးသားထားပါတယ်။ ဓါတ်ပုံရဲ့ ညာဘက်မှာတော့ Anniversary Phone အလုံး ၁၀၀ ကို မဲဖေါက်ပေးမယ်လို့ အရိပ်အမြွက် ရေးသားထားပါတယ်။ အဲဒီ စမတ်ဖုန်းမှာ 3D Face Scanning ၊ မျက်နှာပြင်အောက် လက်ဗွေရာ အာရုံခံ ကိရိယာ နဲ့ Qualcomm Snapdragon 845 Chipset များ ပါလာမယ်လို့လည်း သတင်းထွက်နေပါတယ်။

အခြား သတင်းများကလည်း ဒီနှစ်မှာ ရောင်းချမယ့် Mi 7 ကို Mi 8 အမည်နဲ့ ရောင်းချမယ်လို့လည်း ဆိုနေကြပါတယ်။ ဒါပေမယ့်လည်း Anniversary Phone ကို အခြား အမည်ဖြင့် သီးခြား ရောင်းချနိုင်ပါတယ်။

ယခုလ ၂၇ ရက်နေ့မှာ Mi 7 ကို ကြေညာမယ်လို့ သတင်းထွက်နေပါတယ်။ ယခင်ပေါက်ကြားထွက်ပေါ်လာတဲ့ ဓါတ်ပုံများအရ Mi 7 ရဲ့ Notch မှ ကင်မရာ အတွဲအစပ်ဟာ Apple Face ID နဲ့ အလွန် ဆင်တူနေပါတယ်။ Apple Face ID ဟာ မျက်နှာဖြင့် ဖုန်းကို Unlock လုပ်ဖို့အတွက် Dot Projector နဲ့ အနီအောက်ရောင်ခြည် ကင်မရာကို အသုံးပြုထားပါတယ်။

မကြာခင်က ထွက်ပေါ်ခဲ့တဲ့ Mi 7 ရဲ့ ဓါတ်ပုံမှာ iPhone X မှာလို ကြီးမားတဲ့ Notch ကို တွေ့ရပါတယ်။ Android Phone အများစုမှာ Face Scanning အတွက် အရှေ့ ကင်မရာနဲ့ ဆော့ဖ်ဝဲကို အသုံးပြုထားပါတယ်။ အဲဒီအတွက် Notch မှာ Proximity Sensor , Ambient Light Sensor , Earpiece တို့ကိုသာ တပ်ဆင်ထားပြီး Notch များဟာလည်း သေးငယ်ပါတယ်။ ရှောင်မီဟာ Mi 7 ရဲ့ Face ID ကို ဖန်တီးရာမှာ အခက်အခဲများနဲ့ ရင်ဆိုင်ခဲ့ရပြီး ဖုန်းကို ကြေညာဖို့ နောက်ကျမယ်လို့လည်း သတင်းများထွက်ခဲ့ဖူးပါတယ်။

Leave a Reply