ဝယ်နိုင်သူများအတွက် ဆိုလာနဲ့အားသွင်းရမယ့် iPhone X Tesla လေးထွက်ရှိလာ
0
862
Zawgyi Version
Unicode Version
စမတ်ဖုန်းအတွက် battery caseတွေအကြောင်းပြောရတာ ပုံမှန်ပါပဲ။ စမတ်ဖုန်းကိုကြီးသွားစေပြီးတော့ premium ဒါမှမဟုတ် luxurious ဒီဇိုင်းလေးတွေကို ပျက်သွားစေတယ်လို့ မခံစားရဘူးလား။ ဒါပဲလေ iPhone X လိုမျိုး ဈေးကြီးပြီး လှပတဲ့ဖုန်းတစ်လုံးရှိမယ်ဆိုရင် ဒါတွေကို စဉ်းစားရတော့မယ်။ ရုရှား accessory ထုတ်လုပ်သူ Caviar က အဖြေကိုရှာတွေ့ခဲ့ပါတယ်။ iPhone X Tesla အသစ်လေးကတော့ case အကြီးကြီးတွေမဟုတ်တော့ဘဲ ဆိုလာ panel လေးနဲ့ ဖြစ်သွားပါပြီ။ ဒါပေမယ့် ဈေးနှုန်းကတော့ iPhone X ထက် ငါးဆလောက် ဖြစ်သွားတယ်။
ဟုတ်ပါတယ်။ iPhone လေးမှာ ရွှေလိုင်းကွပ်လေးနဲ့ solar panel လေး တပ်ဆင်လိုက်တာဖြစ်ပါတယ်။ မဟုတ်တာက Caviar က သူကိုယ်တိုင်မရောင်းပါဘူး။ iPhone X နဲ့ case လေးကို ပေါင်းဝယ်ရမှာဖြစ်ပါတယ်။
အဲဒီတွဲရက်လေးကိုတော့ Vladimir Putin ဖုန်းတွေတွေ့မြင်ခဲ့တဲ့ နိုဝင်ဘာပြီးနောက်မှာ ပထမဆုံး ပြန်လည်တွေ့မြင်ရတာဖြစ်ပါတယ်။ iPhone X Tesla က 24K ရွှေလိုင်းကွပ်နဲ့ တကယ့် luxury accessory တစ်ခုဖြစ်ပြီးတော့ ရွှေပြားလေးကလည်း တကယ့် limited edition ခံစားမှုကို ပေးစွမ်းနေပါတယ်။
solar panel ကတော့ ထူမသွားအောင် ပြင်ဆင်ထားပါတယ်။ ပြီးတော့ iPhone X ကို သဘာပတ်ဝန်းကျင်နဲ့ ကိုက်ညီတဲ့ အားသွင်းစနစ်ကို အသုံးပြုခွင့်ပေးထားတယ်မဟုတ်လား။ Caviar က ဘတ်ထရီရဲ့ အားပစ္စည်းအသေးစိတ်ကိုတော့ မပြောထားပါဘူး။
ဈေးနှုန်းကတော့ မျက်လုံးပြူးသွားနိုင်တယ်။ 64 GB iPhone X Tesla အတွက်ကတော့ ဒေါ်လာ ၄၆၀၀ ၊ 256 GB အတွက်က ဒေါ်လာ ၄၈၀၀ ဖြစ်ပါတယ်။ ဒါတောင် အခွန်မပါသေးဘူးနော်။ ဒီတော့ ရွှေကွပ်ထားပြီး solar နဲ့အားသွင်းနိုင်တဲ့ iPhone X လေးကိုလိုချင်တယ်ဆိုရင်တော့ “ဝယ်နိုင်လားလို့” ပြန်မေးကြည့်ပါဦး။
Leave a Reply