ေၾကာ္ျငာထဲမွာ Apple ကို ခလုတ္တုိက္ျပီး Galaxy S9 ကို ေၾကျငာခဲ့တဲ့ Samsung

0
1884

Zawgyi Version

Samsung က ေၾကာ္ျငာကမ္ပိန္းေတြလုုပ္တဲ့အခါမွာ Apple ကိုမထိခလုတ္ေလးေတြ လုပ္တတ္ပါတယ္။ ဒါေပမယ့္လည္း ကံမေကာင္းစြာနဲ႕ပဲ ေျပာခ်င္တဲ့လိုရင္းကို မထိခဲ့တာ မ်ားေနတာပါ။ အခုဆိုရင္လည္း Galaxy S9 ကို ေက်ာ္ၾကားေအာင္လုပ္တဲ့ဗြီဒီယိုေလးမွာလည္း ေပးခ်င္တဲ့မက္ေဆ့ခ်္ကို ျမင္ေအာင္မျပႏုိင္ခဲ့ျပန္ပါဘူး။

Galaxy S9 ဟာ စမတ္ဖုန္းေကာင္းတစ္လံုးျဖစ္တယ္လို႕ ေျပာထားေပမယ့္လည္း iPhone နဲဲ႕ႏိႈင္းယွဥ္ဖို႕အတြက္ ၾကိဳးစားလိုက္တဲ့အခါမွာေတာ့ . . .

ျခံဳၾကည့္မယ္ဆုိရင္ေတာ့ အဆိုးေတြခ်ည္းပဲ မဟုတ္ပါဘူး။ ဆိုးသြားတာက Samsung က သူ႕ရဲ႕ ပူပူေႏြးေႏြး flagship ေလးကို ေလးႏွစ္ေလာက္ေဟာင္းေနျပီျဖစ္တဲ့ ၂၀၁၄ခုႏွစ္က iPhone 6 နဲ႕ ယွဥ္ျပထားတာပါ။

ဗြီဒီယိုေလးကေတာ့ တစ္မိနစ္ေလာက္ပဲၾကာတာျဖစ္ျပီးေတာ့ iPhone 6 အသံုးျပဳတဲ့ အမ်ိဳးသမီးတစ္ေယာက္က ေလယာဥ္နဲ႕မိသားစု၀င္ေတြဆီ ခရီးသြားတဲ့အခ်ိန္မွာ ေႏွးေနတာကို ျပသထားပါတယ္။ စစခ်င္းမွာ ေလဆိပ္လံုျခံဳေရးေတြက ပံုမွန္စစ္ေဆးေနက်အတုိင္းလုပ္ေဆာင္တဲ့အခါမွာလည္း လိုခ်င္တဲ့ပံုစံအတုိင္း မျဖစ္တာကို ျပသထားပါတယ္။

တစ္ခ်ိန္တည္းမွာပဲ ၂၀၁၈ခုႏွစ္ထုတ္ Galaxy S9 ကို ေနာက္တစ္ေယာက္ကသံုးေနျပီး ဘာအေရးမွမေပၚေၾကာင္း ျပသသြားခ်က္ကေတာ့ ခန္႕မွန္းလို႕ရေနတဲ့ အေနအထားေလးပါပဲ။

Samsung က “newer iPhone models are currently available” လို႕ ေဖာ္ျပေပးခဲ့ပါတ္။ ဒါေပမယ့္လည္း ေလးႏွစ္ၾကာေနတဲ့ iPhone ကို အသံုးျပဳျပီးေတာ့ 2018 flagship က ဘယ္ေလာက္ျမန္သလဲဆိုတာ ျပသတာကေတာ့ သိပ္မမိုက္ပါဘူး။ ကၽြန္ေတာ္ဆိုရင္ေတာ့ ၂၀၁၄ခုႏွစ္က Galaxy S တစ္လံုးနဲ႕ ယွဥ္ျပေစခ်င္တယ္။ အခုဆုိရင္ update ေတာင္မေပးေတာ့ဘူးေလ။ ဟုတ္တယ္မလား။

ဒီေနရာမွာ စိတ္ပ်က္စရာေကာင္းတာတစ္ခုက Galaxy S9 က သူ႕ရဲ႕ကိုယ္ပုိင္အေနအထားအရဆိုရင္ စမတ္ဖုန္းေကာင္းတစ္လံုးျဖစ္ေပမယ့္လည္း ေစ်းကြက္ထဲက အေကာင္းဆံုုးစမတ္ဖုန္းတစ္လံုုးလို႕ ေၾကာ္ျငာခ်င္ေဇာမ်ားေနတာပါ။ ဒါေပမယ့္လည္း ေၾကာ္ျငာကလြဲသြားျပီးေတာ့ အဆိုးဆံုးျဖစ္သြားတယ္။ Samsung အေနနဲ႕ ရွက္ဖြယ္လိလိပါပဲ။

Unicode Verison

Samsung က ကြော်ငြာကမ်ပိန်းတွေလုုပ်တဲ့အခါမှာ Apple ကိုမထိခလုတ်လေးတွေ လုပ်တတ်ပါတယ်။ ဒါပေမယ့်လည်း ကံမကောင်းစွာနဲ့ပဲ ပြောချင်တဲ့လိုရင်းကို မထိခဲ့တာ များနေတာပါ။ အခုဆိုရင်လည်း Galaxy S9 ကို ကျော်ကြားအောင်လုပ်တဲ့ဗွီဒီယိုလေးမှာလည်း ပေးချင်တဲ့မက်ဆေ့ချ်ကို မြင်အောင်မပြနိုင်ခဲ့ပြန်ပါဘူး။
Galaxy S9 ဟာ စမတ်ဖုန်းကောင်းတစ်လုံးဖြစ်တယ်လို့ ပြောထားပေမယ့်လည်း iPhone နဲ့နှိုင်းယှဉ်ဖို့အတွက် ကြိုးစားလိုက်တဲ့အခါမှာတော့ . . .
ခြုံကြည့်မယ်ဆိုရင်တော့ အဆိုးတွေချည်းပဲ မဟုတ်ပါဘူး။ ဆိုးသွားတာက Samsung က သူ့ရဲ့ ပူပူနွေးနွေး flagship လေးကို လေးနှစ်လောက်ဟောင်းနေပြီဖြစ်တဲ့ ၂၀၁၄ခုနှစ်က iPhone 6 နဲ့ ယှဉ်ပြထားတာပါ။
ဗွီဒီယိုလေးကတော့ တစ်မိနစ်လောက်ပဲကြာတာဖြစ်ပြီးတော့ iPhone 6 အသုံးပြုတဲ့ အမျိုးသမီးတစ်ယောက်က လေယာဉ်နဲ့မိသားစုဝင်တွေဆီ ခရီးသွားတဲ့အချိန်မှာ နှေးနေတာကို ပြသထားပါတယ်။ စစချင်းမှာ လေဆိပ်လုံခြုံရေးတွေက ပုံမှန်စစ်ဆေးနေကျအတိုင်းလုပ်ဆောင်တဲ့အခါမှာလည်း လိုချင်တဲ့ပုံစံအတိုင်း မဖြစ်တာကို ပြသထားပါတယ်။
တစ်ချိန်တည်းမှာပဲ ၂၀၁၈ခုနှစ်ထုတ် Galaxy S9 ကို နောက်တစ်ယောက်ကသုံးနေပြီး ဘာအရေးမှမပေါ်ကြောင်း ပြသသွားချက်ကတော့ ခန့်မှန်းလို့ရနေတဲ့ အနေအထားလေးပါပဲ။
Samsung က “newer iPhone models are currently available” လို့ ဖော်ပြပေးခဲ့ပါတ်။ ဒါပေမယ့်လည်း လေးနှစ်ကြာနေတဲ့ iPhone ကို အသုံးပြုပြီးတော့ 2018 flagship က ဘယ်လောက်မြန်သလဲဆိုတာ ပြသတာကတော့ သိပ်မမိုက်ပါဘူး။ ကျွန်တော်ဆိုရင်တော့ ၂၀၁၄ခုနှစ်က Galaxy S တစ်လုံးနဲ့ ယှဉ်ပြစေချင်တယ်။ အခုဆိုရင် update တောင်မပေးတော့ဘူးလေ။ ဟုတ်တယ်မလား။
ဒီနေရာမှာ စိတ်ပျက်စရာကောင်းတာတစ်ခုက Galaxy S9 က သူ့ရဲ့ကိုယ်ပိုင်အနေအထားအရဆိုရင် စမတ်ဖုန်းကောင်းတစ်လုံးဖြစ်ပေမယ့်လည်း ဈေးကွက်ထဲက အကောင်းဆုံုးစမတ်ဖုန်းတစ်လုံုးလို့ ကြော်ငြာချင်ဇောများနေတာပါ။ ဒါပေမယ့်လည်း ကြော်ငြာကလွဲသွားပြီးတော့ အဆိုးဆုံးဖြစ်သွားတယ်။ Samsung အနေနဲ့ ရှက်ဖွယ်လိလိပါပဲ။

Leave a Reply