Snapdragon 625 ပါဝင္တဲ့ Xiaomi Strakz ရဲ႕အခ်က္အလက္မ်ား ထြက္ေပၚလာ

0
1806

Xiaomi ကုမၸဏီရဲ႕စမတ္ဖုန္းသစ္ျဖစ္လာႏုိင္တဲ့ Xiaomi Strakz ရဲ႕အခ်က္အလက္မ်ားဟာ မိုဘိုင္းဖုနး္နဲ႔ ပတ္သတ္တဲ့အခ်က္အလက္ေတြ အၿမဲထြက္လာေလ့ရွိတဲ့ Geekbench မွာထြက္ေပၚလာခဲ့ပါတယ္။ တရုတ္စမတ္ဖုန္း ထုတ္လုပ္သူရဲ႕ ေနာက္ထပ္ တန္ဘိုးနည္းဖုန္းတစ္လုံးျဖစ္ႏုိင္ပါတယ္။

Geekbench မွာထြက္ေပၚလာခ်က္အရ သူ႕မွာ Snapdragon 625 ပရိုဆက္ဆာကို သုံးထားမွာ ျဖစ္ပါတယ္။ Xiaomi အေနနဲ႔ လက္ရွိအခ်ိန္မွာ အဲ့ဒီိပရိုဆက္ဆာကို ကုမၸဏီထုတ္လုပ္တဲ့ ဖုန္းေတြျဖစ္တဲ့ Redmi S2, Redmi Note 5, Redmi 5 Plus, Redmi Note 4, Redmi Note 4X, Redmi 4 Prime, Mi Max 2, Mi A1 နဲ႔ Mi 5X တုိ႔မွာ အသုံးျပဳထားပါတယ္။ Xiaomi Strakz မွာ Snapdragon 625 ပရိုဆက္ဆာနဲ႔အတူ 4 GB  RAM ပါဝင္လာမွာျဖစ္ၿပိီး Android 8.1.0 Oreo ကိုတပါတည္း ထည့္သြင္းေပးထားပါလိမ့္မယ္။

လက္ရွိအခ်ိန္ထိေတာ့ မ်က္ႏွာျပင္အရြယ္အစား ဒီဇုိင္းပိုင္းနဲ႔ ကင္မရာနဲ႔ပတ္သတ္တဲ့ အခ်က္အလက္ေတြကိုေတာ့ မသိရွိရေသးပါဘူး။ ယခင္မ်ိဳးဆက္ေတြထက္ ပိုသာဖို႔ဆိုရင္ေတာ့ သူမွာ Dual-Camera နဲ႔အတူ AI လုပ္ေဆာင္ခ်က္ေတြ ပါဝင္ႏုိင္စြမ္း ရွိပါတယ္။ လက္ေဗြဖတ္စနစ္ကိုလည္း ဆက္လက္သုံးစြဲလာႏိုင္ပါတယ္။

စမတ္ဖုန္းသစ္အတြက္ single-core စမ္းသပ္ခ်က္မွာ 902 အမွတ္ရရွိထားၿပီး၊multicore စမ္းသပ္ခ်က္မွာေတာ့ 1536 ရရွိထားပါတယ္။ Strakz ဟာတရုတ္ဖုန္းကုမၸဏီရဲ႕ အသစ္ထြက္လာမယ့္ စမတ္ဖုန္း Redmi 6 ျဖစ္ႏုိင္သလို၊အျခားတန္ဘိုးနည္းစမတ္ဖုန္း တစ္မ်ိဳးလည္း ျဖစ္ႏုိင္ေျခရွိပါတယ္။ ကုမၸဏီအေနနဲ႔ ယခုႏွစ္အတြင္း စမတ္ဖုန္းအလုံးေရေပါင္း 100မီလီယံအထိ ေရာင္းခ်ႏုိင္ဖို႔ ရည္ရြယ္ထားၿပီး၊ယခုႏွစ္ဒုတိယေလးလပတ္ အိႏၵိယေစ်းကြက္ ေရာင္းခ်မႈမွာေတာ့ Samsung ထက္သာတဲ့ ေစ်းကြက္အေနအထားကုိ ရရွိထားပါတယ္။

Unicode

Xiaomi ကုမ္ပဏီရဲ့စမတ်ဖုန်းသစ်ဖြစ်လာနိုင်တဲ့ Xiaomi Strakz ရဲ့အချက်အလက်များဟာ မိုဘိုင်းဖုန်းနဲ့ ပတ်သတ်တဲ့အချက်အလက်တွေ အမြဲထွက်လာလေ့ရှိတဲ့ Geekbench မှာထွက်ပေါ်လာခဲ့ပါတယ်။ တရုတ်စမတ်ဖုန်း ထုတ်လုပ်သူရဲ့ နောက်ထပ် တန်ဘိုးနည်းဖုန်းတစ်လုံးဖြစ်နိုင်ပါတယ်။

Geekbench မှာထွက်ပေါ်လာချက်အရ သူ့မှာ Snapdragon 625 ပရိုဆက်ဆာကို သုံးထားမှာ ဖြစ်ပါတယ်။ Xiaomi အနေနဲ့ လက်ရှိအချိန်မှာ အဲ့ဒီပရိုဆက်ဆာကို ကုမ္ပဏီထုတ်လုပ်တဲ့ ဖုန်းတွေဖြစ်တဲ့ Redmi S2, Redmi Note 5, Redmi 5 Plus, Redmi Note 4, Redmi Note 4X, Redmi 4 Prime, Mi Max 2, Mi A1 နဲ့ Mi 5X တို့မှာ အသုံးပြုထားပါတယ်။ Xiaomi Strakz မှာ Snapdragon 625 ပရိုဆက်ဆာနဲ့အတူ 4 GB  RAM ပါဝင်လာမှာဖြစ်ပြီး Android 8.1.0 Oreo ကိုတပါတည်း ထည့်သွင်းပေးထားပါလိမ့်မယ်။

လက်ရှိအချိန်ထိတော့ မျက်နှာပြင်အရွယ်အစား ဒီဇိုင်းပိုင်းနဲ့ ကင်မရာနဲ့ပတ်သတ်တဲ့ အချက်အလက်တွေကိုတော့ မသိရှိရသေးပါဘူး။ ယခင်မျိုးဆက်တွေထက် ပိုသာဖို့ဆိုရင်တော့ သူမှာ Dual-Camera နဲ့အတူ AI လုပ်ဆောင်ချက်တွေ ပါဝင်နိုင်စွမ်း ရှိပါတယ်။ လက်ဗွေဖတ်စနစ်ကိုလည်း ဆက်လက်သုံးစွဲလာနိုင်ပါတယ်။

စမတ်ဖုန်းသစ်အတွက် single-core စမ်းသပ်ချက်မှာ 902 အမှတ်ရရှိထားပြီး၊multicore စမ်းသပ်ချက်မှာတော့ 1536 ရရှိထားပါတယ်။ Strakz ဟာတရုတ်ဖုန်းကုမ္ပဏီရဲ့ အသစ်ထွက်လာမယ့် စမတ်ဖုန်း Redmi 6 ဖြစ်နိုင်သလို၊အခြားတန်ဘိုးနည်းစမတ်ဖုန်း တစ်မျိုးလည်း ဖြစ်နိုင်ခြေရှိပါတယ်။ ကုမ္ပဏီအနေနဲ့ ယခုနှစ်အတွင်း စမတ်ဖုန်းအလုံးရေပေါင်း 100မီလီယံအထိ ရောင်းချနိုင်ဖို့ ရည်ရွယ်ထားပြီး၊ယခုနှစ်ဒုတိယလေးလပတ် အိန္ဒိယဈေးကွက် ရောင်းချမှုမှာတော့ Samsung ထက်သာတဲ့ ဈေးကွက်အနေအထားကို ရရှိထားပါတယ်။

 

Leave a Reply