Knowledge Smartphone

Vivo X20 Play UD ရဲ႕ မ်က္ႏွာျပင္ေအာက္က လက္ေဗြစနစ္ကို စမ္းသပ္ၾကည့္ျခင္း

Zawgyi Version

တစ္ႏွစ္ျပီးတစ္ႏွစ္ေျပာင္းသြားတဲ့အခ်ိန္မွာေတာ့ မ်က္ႏွာျပင္ေအာက္က လက္ေဗြစနစ္ကို ေတြ႕ျမင္လာရပါျပီ။ fingerprint on display (FOD) လို႕ ေခၚၾကပါတယ္။ Vivo က Synaptics ရဲ႕ optical fingerprint scanner ကို X20 Play UD မွာ အသံုးျပဳထားပါတယ္။ မ်က္ႏွာျပင္ေအာက္မွာ ထည့္ထားတာဆိုေတာ့ အၾကမ္းခံပါ့မလား။ ပ်က္စီးလြယ္ေနမလား။ ဒီေမးခြန္းေတြကိုေျဖၾကားေပးမွာကေတာ့ Marques Brownlee ပါပဲ။ သူက စမ္းသပ္ထားပါတယ္။

မ်က္ႏွာျပင္ေအာက္က လက္ေဗြစနစ္သံုးမ်ိဳးရ်ိပါတယ္။ အမ်ားစုကေတာ့ electrical conduction ကို အသံုးျပဳတာျဖစ္ပါတယ္။ Qualcomm ရဲ႕ ultrasonic နည္းပညာကလည္း ထုတ္လုပ္ေနဆဲျဖစ္ျပီးေတာ့ လက္ရွိမွာ ေတြ႕ျမင္ရျခင္းမရွိေသးပါဘူး။

အမ်ားဆံုးအသံုးျပဳေနတဲ့ optical sensor ကေတာ့ ဒီေန႕ေခတ္မွာအသံုးျပဳေနတဲ့ လက္ေဗြစနစ္ေတြလိုမ်ိဳး လုပ္ေဆာင္တာျဖစ္ပါတယ္။ အလင္းေလးကို လက္ေဗြေပၚမွာ ရိုက္ခတ္ျပီး တန္ျပန္အလင္းကို sensor ေတြကဖတ္ရွဳပါတယ္။ ျပီးရင္ သိမ္းထားတဲ့လက္ေဗြနဲ႕ တိုက္ဆုိင္စစ္ေဆးပါတယ္။

Vivo ရဲ ႕မ်က္ႏွာျပင္ေအာက္က sensor ဟာလည္း Apple ရဲ႕ Touch ID လို အလုပ္လုပ္ပါတယ္။ ဒါေပမယ့္ ေႏွးပါတယ္။ ဒါကေတာ့ အားနည္းခ်က္ပါ။ ျပီးေတာ့ ေရ၊ ဆီနဲ႕ အညစ္အေၾကးေတြေပေနမယ္ဆိုရင္ေတာ့ ဖြင့္လို႕မရပါဘူး။ ဒီေတာ့ မသံုးခင္လက္ကိုသန္႕ရွင္းေအာင္ ထားရလိမ့္မယ္။ ဒါေပမယ့္လည္း ပြန္းရာျခစ္ရာေတြကေတာ့ အဆင္ေျပေျပဖြင့္ႏုိင္တာကို ေတြ႕ရပါတယ္။ ဟုတ္ပါတယ္။ မွန္မကြဲေတြကပ္ထားရင္လညး္ အသံုုးျပဳႏုိင္ပါတယ္။ polarize လား၊ ကြဲေနတဲ့မွန္မကြဲလား အဆင္ေျပပါတယ္။

ေစ်းသက္သာျပီး သံုးရတာလြယ္တဲ့ optical sensor ေတြက ultrasonic နဲ႕ယွဥ္လုိက္ရင္ေတာ့ တိက်မႈနည္းပါတယ္။ ဒီလိုအရာေတြကိုလည္း Samsung နဲ႕ Apple ကသာ လုပ္ေဆာင္ႏုိင္ၾကမွာပါ။

Unicode Version

တစ်နှစ်ပြီးတစ်နှစ်ပြောင်းသွားတဲ့အချိန်မှာတော့ မျက်နှာပြင်အောက်က လက်ဗွေစနစ်ကို တွေ့မြင်လာရပါပြီ။ fingerprint on display (FOD) လို့ ခေါ်ကြပါတယ်။ Vivo က Synaptics ရဲ့ optical fingerprint scanner ကို X20 Play UD မှာ အသုံးပြုထားပါတယ်။ မျက်နှာပြင်အောက်မှာ ထည့်ထားတာဆိုတော့ အကြမ်းခံပါ့မလား။ ပျက်စီးလွယ်နေမလား။ ဒီမေးခွန်းတွေကိုဖြေကြားပေးမှာကတော့ Marques Brownlee ပါပဲ။ သူက စမ်းသပ်ထားပါတယ်။
မျက်နှာပြင်အောက်က လက်ဗွေစနစ်သုံးမျိုးရျိပါတယ်။ အများစုကတော့ electrical conduction ကို အသုံးပြုတာဖြစ်ပါတယ်။ Qualcomm ရဲ့ ultrasonic နည်းပညာကလည်း ထုတ်လုပ်နေဆဲဖြစ်ပြီးတော့ လက်ရှိမှာ တွေ့မြင်ရခြင်းမရှိသေးပါဘူး။
အများဆုံးအသုံးပြုနေတဲ့ optical sensor ကတော့ ဒီနေ့ခေတ်မှာအသုံးပြုနေတဲ့ လက်ဗွေစနစ်တွေလိုမျိုး လုပ်ဆောင်တာဖြစ်ပါတယ်။ အလင်းလေးကို လက်ဗွေပေါ်မှာ ရိုက်ခတ်ပြီး တန်ပြန်အလင်းကို sensor တွေကဖတ်ရှုပါတယ်။ ပြီးရင် သိမ်းထားတဲ့လက်ဗွေနဲ့ တိုက်ဆိုင်စစ်ဆေးပါတယ်။
Vivo ရဲ့မျက်နှာပြင်အောက်က sensor ဟာလည်း Apple ရဲ့ Touch ID လို အလုပ်လုပ်ပါတယ်။ ဒါပေမယ့် နှေးပါတယ်။ ဒါကတော့ အားနည်းချက်ပါ။ ပြီးတော့ ရေ၊ ဆီနဲ့ အညစ်အကြေးတွေပေနေမယ်ဆိုရင်တော့ ဖွင့်လို့မရပါဘူး။ ဒီတော့ မသုံးခင်လက်ကိုသန့်ရှင်းအောင် ထားရလိမ့်မယ်။ ဒါပေမယ့်လည်း ပွန်းရာခြစ်ရာတွေကတော့ အဆင်ပြေပြေဖွင့်နိုင်တာကို တွေ့ရပါတယ်။ ဟုတ်ပါတယ်။ မှန်မကွဲတွေကပ်ထားရင်လည်း အသုံုးပြုနိုင်ပါတယ်။ polarize လား၊ ကွဲနေတဲ့မှန်မကွဲလား အဆင်ပြေပါတယ်။
ဈေးသက်သာပြီး သုံးရတာလွယ်တဲ့ optical sensor တွေက ultrasonic နဲ့ယှဉ်လိုက်ရင်တော့ တိကျမှုနည်းပါတယ်။ ဒီလိုအရာတွေကိုလည်း Samsung နဲ့ Apple ကသာ လုပ်ဆောင်နိုင်ကြမှာပါ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.