AI ပါတဲ့ Google News App အသစ္ကို iOS မွာ သံုးႏုိင္ၿပီ

0
1426

Google က ၿပီးခဲ့တဲ့ တစ္ပတ္က က်င္းပခဲ့တဲ့ I/O Developer Conference မွာ ဥာဏ္ရည္တု နည္းပညာပါတဲ့ News App အသစ္ကို လာမယ့္ တစ္ပတ္အတြင္းမွာ Apple App Store မွာ ျဖန္႔ခ်ီေပးမယ္လို႔ ေၾကညာခဲ့ပါတယ္။ အခုေတာ့ Google News ကို iOS မွာ သံုးႏုိင္ပါၿပီ။ Google News ဟာ Google Play Newsstand ကို အဆင့္ျမွင့္ထားတာ ျဖစ္ပါတယ္။ iOS အတြက္ Google News ကို ဒီလင့္ကေန ရယူႏုိင္ပါတယ္။ အန္းဒရြိဳက္အတြက္ သူ႔ကို ဒီလင့္ကေန ရယူႏုိင္ပါတယ္။

iOS Version ဟာ Android Version နဲ႔ စြမ္းရည္မ်ား တူပါတယ္။ ဥာဏ္ရည္တု နည္းပညာက သင့္ရဲ႕ အမူအက်င့္မ်ားကို ေလ့လာၿပီး ေနာက္ပိုင္းမွာ သူက သင့္အတြက္ သတင္းမ်ားကို အၾကံျပဳျပသေပးပါတယ္။ ေဒသတြင္း သတင္းမ်ား၊ Breaking News မ်ားကို ခြဲျခား ျပသထားပါတယ္။ သူ႔မွာ က႑ေလးခု ရွိပါတယ္။ “ For You “ မွာ သင္ ႏွစ္သက္မယ့္ သတင္းမ်ားကို သူက ေရြးခ်ယ္ျပသထားပါတယ္။ “Headlines” မွာ U.S, World , Business , Tech စသျဖင့္ က႑ခြဲမ်ားစြာျဖင့္ ေနာက္ဆံုးထြက္ သတင္းမ်ားကို ျပေပးပါတယ္။

“ Favorite “ က႑မွာ Entertainment , News, Academia စတဲ့ က႑ခြဲမ်ားကို ျပသထားပါတယ္။ အဲဒီက႑မွာ သင္ႀကိဳက္တဲ့ သတင္းအရင္းအျမစ္မ်ားကို ေရြးခ်ယ္ႏိုင္ၿပီး ေနာက္မွ ဖတ္ဖို႔လည္း သိမ္းထားႏုိင္ပါတယ္။ ေနာက္ဆံုး က႑ကေတာ့ “ Newsstand “ ျဖစ္ၿပီး အခေၾကးေငြ ေပးၿပီး ဖတ္ရမယ့္ သတင္းဌာနမ်ားကို ျပသထားပါတယ္။ အဲဒီ က႑မွ သတင္းဌာနမ်ားဟာ Google AMP Standard ကို ေထာက္ပံ့တဲ့အတြက္ Web Pages မ်ား ဖြင့္ရင္ အလြန္ လွ်င္ျမန္ပါတယ္။

unicode

AI ပါတဲ့ Google News App အသစ်ကို iOS မှာ သုံးနိုင်ပြီ

Google က ပြီးခဲ့တဲ့ တစ်ပတ်က ကျင်းပခဲ့တဲ့ I/O Developer Conference မှာ ဉာဏ်ရည်တု နည်းပညာပါတဲ့ News App အသစ်ကို လာမယ့် တစ်ပတ်အတွင်းမှာ Apple App Store မှာ ဖြန့်ချီပေးမယ်လို့ ကြေညာခဲ့ပါတယ်။ အခုတော့ Google News ကို iOS မှာ သုံးနိုင်ပါပြီ။ Google News ဟာ Google Play Newsstand ကို အဆင့်မြှင့်ထားတာ ဖြစ်ပါတယ်။ iOS အတွက် Google News ကို ဒီလင့်ကနေ ရယူနိုင်ပါတယ်။ အန်းဒရွိုက်အတွက် သူ့ကို ဒီလင့်ကနေ ရယူနိုင်ပါတယ်။

iOS Version ဟာ Android Version နဲ့ စွမ်းရည်များ တူပါတယ်။ ဉာဏ်ရည်တု နည်းပညာက သင့်ရဲ့ အမူအကျင့်များကို လေ့လာပြီး နောက်ပိုင်းမှာ သူက သင့်အတွက် သတင်းများကို အကြံပြုပြသပေးပါတယ်။ ဒေသတွင်း သတင်းများ၊ Breaking News များကို ခွဲခြား ပြသထားပါတယ်။ သူ့မှာ ကဏ္ဍလေးခု ရှိပါတယ်။ “ For You “ မှာ သင် နှစ်သက်မယ့် သတင်းများကို သူက ရွေးချယ်ပြသထားပါတယ်။ “Headlines” မှာ U.S, World , Business , Tech စသဖြင့် ကဏ္ဍခွဲများစွာဖြင့် နောက်ဆုံးထွက် သတင်းများကို ပြပေးပါတယ်။

“ Favorite “ ကဏ္ဍမှာ Entertainment , News, Academia စတဲ့ ကဏ္ဍခွဲများကို ပြသထားပါတယ်။ အဲဒီကဏ္ဍမှာ သင်ကြိုက်တဲ့ သတင်းအရင်းအမြစ်များကို ရွေးချယ်နိုင်ပြီး နောက်မှ ဖတ်ဖို့လည်း သိမ်းထားနိုင်ပါတယ်။ နောက်ဆုံး ကဏ္ဍကတော့ “ Newsstand “ ဖြစ်ပြီး အခကြေးငွေ ပေးပြီး ဖတ်ရမယ့် သတင်းဌာနများကို ပြသထားပါတယ်။ အဲဒီ ကဏ္ဍမှ သတင်းဌာနများဟာ Google AMP Standard ကို ထောက်ပံ့တဲ့အတွက် Web Pages များ ဖွင့်ရင် အလွန် လျှင်မြန်ပါတယ်။

Leave a Reply