Ultrasonic Under Display နဲ႔Samsung Galaxy S10 ဒီဇုိင္းပုံရိပ္ထြက္ရွိလာ

0
1859

ၿပီးခဲ့တဲ့ရက္ပိုင္းက Galaxy Note 9 ရဲ႕အခ်က္အလက္ေတြ TENAA မွာထြက္ေပၚလာခဲ့ပါတယ္။ အဲ့ဒီဖုန္းဟာ ယခုႏွစ္ဇူလိုင္ေလာက္မွာ ထြက္ရွိလာဖို႔ရွိေနၿပီး သူနဲ႔ပတ္သတ္တဲ့ အခ်က္အလက္ေတြလည္း အမ်ားအျပားျမင္ေတြ႕ေနရၿပီ။ ဒီေန႔မွာေတာ့၊ ၂၀၁၉ခုႏွစ္မွာ မိတ္ဆက္မယ့္ Galaxy S စီးရီးဖုန္းသစ္ျဖစ္တဲ့ Galaxy S10 နဲ႔ပတ္သတ္တဲ့အခ်က္အလက္ေတြ ထပ္မံထြက္ေပၚလာပါတယ္။ အခ်က္အလက္ေတြက တိက်ႏိုင္မယ္လို႔ေတာ့ မဆိုႏုိင္ေသးပါဘူး။

ထြက္ရွိထားတဲ့ သတင္းေတြအရ အသစ္ထြက္လာမယ့္ စမတ္ဖုန္းေတြျဖစ္တဲ့ Samsung Galaxy S10 နဲ႔ Galaxy S10+ စမတ္ဖုန္းေတြဟာ 5.8 inch နဲ႔ 6.3 inch full view display ေတြသုံးလာႏုိင္ပါတယ္။ ပရိုဆက္ဆာပိုင္းမွာေတာ့ Snapdragon 855 သို႔ ကိုရီးယားကုမၸဏီရဲ႕ေနာက္ဆုံးထြက္ ပရိုဆက္ဆာျဖစ္ႏိုင္တဲ့  Exynos ကိုသုံးလာႏုိင္ပါတယ္။ ဒါ့အျပင္ Samsung ဖုန္းေတြထဲမွာ ပထမဆုံးအေနနဲ႔ ‘Ultrasonic Under Display Recognition’ လုပ္ ေဆာင္ခ်က္ကို သုံးမယ့္ဖုန္းေတြ ျဖစ္လာပါလိမ့္မယ္။ လက္ရွိအခ်ိန္မွာ display ေအာက္fingerprint scanner နည္းပညာဟာ ေခတ္စားလ်က္ရွိေနၿပီး၊လတ္တေလာအေက်ာ္ၾကားဆံုးဖုန္းကေတာ့ VIVO X21 ဖုန္းျဖစ္ပါတယ္။

အျခားသတင္းေတြအရလည္း samsung ရဲ႕အသစ္ထြက္လာမယ့္ ဖုန္းေတြရဲ႕ေမာ္ဒယ္နာမည္ဟာ Galaxy X ျဖစ္လာလႏုိင္ေျခရွိေနတယ္လို႔ ဆိုပါတယ္။ Galaxy S10 (သုိ႔) Galaxy X ပဲျဖစ္ျဖစ္ အသစ္ထြက္လာမယ့္ စမတ္ဖုန္းဟာ Samsung သုံးစဲြဲသူေတြကို လုံးဝအံ့အားသင့္ေစမွာေတာ့ အမွန္ပါဘဲ။

Unicode

ပြီးခဲ့တဲ့ရက်ပိုင်းက Galaxy Note 9 ရဲ့အချက်အလက်တွေ TENAA မှာထွက်ပေါ်လာခဲ့ပါတယ်။ အဲ့ဒီဖုန်းဟာ ယခုနှစ်ဇူလိုင်လောက်မှာ ထွက်ရှိလာဖို့ရှိနေပြီး သူနဲ့ပတ်သတ်တဲ့ အချက်အလက်တွေလည်း အများအပြားမြင်တွေ့နေရပြီ။ ဒီနေ့မှာတော့၊ ၂၀၁၉ခုနှစ်မှာ မိတ်ဆက်မယ့် Galaxy S စီးရီးဖုန်းသစ်ဖြစ်တဲ့ Galaxy S10 နဲ့ပတ်သတ်တဲ့အချက်အလက်တွေ ထပ်မံထွက်ပေါ်လာပါတယ်။ အချက်အလက်တွေက တိကျနိုင်မယ်လို့တော့ မဆိုနိုင်သေးပါဘူး။

ထွက်ရှိထားတဲ့ သတင်းတွေအရ အသစ်ထွက်လာမယ့် စမတ်ဖုန်းတွေဖြစ်တဲ့ Samsung Galaxy S10 နဲ့ Galaxy S10+ စမတ်ဖုန်းတွေဟာ 5.8 inch နဲ့ 6.3 inch full view display တွေသုံးလာနိုင်ပါတယ်။ ပရိုဆက်ဆာပိုင်းမှာတော့ Snapdragon 855 သို့ ကိုရီးယားကုမ္ပဏီရဲ့နောက်ဆုံးထွက် ပရိုဆက်ဆာဖြစ်နိုင်တဲ့  Exynos ကိုသုံးလာနိုင်ပါတယ်။ ဒါ့အပြင် Samsung ဖုန်းတွေထဲမှာ ပထမဆုံးအနေနဲ့ ‘Ultrasonic Under Display Recognition’ လုပ် ဆောင်ချက်ကို သုံးမယ့်ဖုန်းတွေ ဖြစ်လာပါလိမ့်မယ်။ လက်ရှိအချိန်မှာ display အောက်fingerprint scanner နည်းပညာဟာ ခေတ်စားလျက်ရှိနေပြီး၊လတ်တလောအကျော်ကြားဆုံးဖုန်းကတော့ VIVO X21 ဖုန်းဖြစ်ပါတယ်။

အခြားသတင်းတွေအရလည်း samsung ရဲ့အသစ်ထွက်လာမယ့် ဖုန်းတွေရဲ့မော်ဒယ်နာမည်ဟာ Galaxy X ဖြစ်လာလနိုင်ခြေရှိနေတယ်လို့ ဆိုပါတယ်။ Galaxy S10 (သို့) Galaxy X ပဲဖြစ်ဖြစ် အသစ်ထွက်လာမယ့် စမတ်ဖုန်းဟာ Samsung သုံးစွဲသူတွေကို လုံးဝအံ့အားသင့်စေမှာတော့ အမှန်ပါဘဲ။

Leave a Reply