Samsung က ZTE အပါအ၀င် OEM အတော်များများကို Exynos chip တွေရောင်းချသွားနိုင်

0
455

Zawgyi Version




Ban လိုက်ပြီးတဲ့နောက်မှာတော့ ZTE ဟာ သူ့ရဲ့အဓိကလုပ်ငန်းတွေကို ရပ်တံ့လိုက်ရတာဖြစ်ပြီး ZTE အတွက်စတော့ရှယ်ယာတွေဟာ တရုတ်နိုင်ငံမှာ ဈေးကျသွားပါတယ်။






Unicode Version

Samsung က စမတ်ဖုန်းထုတ်လုပ်သူအတော်များများနဲ့ Exynos brand လေးကို ထောက်ပံ့ပေးနိုင်ဖို့အတွက် စကားပြောဆိုနေတယ်လို့ သိရပါတယ်။ Samsung ရဲ့ System LSI division မှ Inyup Kang နဲ့ အင်တာဗျူးတစ်ခုမှာ “OEM တွေအားလုံး” ကို chip တွေ ထောက်ပံ့ပေးသွားဖို့အတွက် ပြောဆိုကြည့်နေတယ်လို့ ဖြေကြားခဲ့ပါတယ်။
ZTE ၊ အခြား brand တွေနဲ့ သဘောတူညီမှုတွေ မရှိသေးပေမယ့်လည်း Kang ကတော့ ၂၀၁၉ နှစ်ဝက်လောက်မှာ သူတို့အတွက် Exynos chipset ဖောက်သည်အသစ်ရလာလိမ့်မယ်လို့ မှန်းထားပါတယ်။
မကြာသေးခင်က ယူအက်စ်အစိုးရနဲ့ ယူအက်စ်လုပ်ငန်းတွေက ZTE ထုတ်ကုန်တွေကို ၇နှစ်လောက်အထိ ban ထားပါတယ်။ ဒါကြောင့် ZTE အနေနဲ့ Qualcomm ရဲ့ Snapdragon chip ကို အသုံးပြုပြီးတော့ စမတ်ဖုန်းထုတ်လုပ်ဖို့အတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရချိန်ဖြစ်ပါတယ်။ ZTE ရဲ့ထုတ်ကုန် ၆၅%လောက်မှာ Snapdragon chip တွေကို အသုံးပြုထားလောက်တယ်လို့ ခန့်မှန်းချက်တွေ ထွက်နေပါတယ်။
Ban လိုက်ပြီးတဲ့နောက်မှာတော့ ZTE ဟာ သူ့ရဲ့အဓိကလုပ်ငန်းတွေကို ရပ်တံံ့လိုက်ရတာဖြစ်ပြီး ZTE အတွက်စတော့ရှယ်ယာတွေဟာ တရုတ်နိုင်ငံမှာ ဈေးကျသွားပါတယ်။
ယူအက်စ်အစိုးရက ban အတွက် ညှိနှိုင်းပေးမယ့်အလားအလာပြခဲ့ပေမယ့်လည်း ZTE ရဲ့ မသေမချာဖြစ်နေတဲ့အချိန်မှာ ဖျာခင်းလိုက်တာဖြစ်ပါတယ်။
၂၀၁၇ ခုနှစ်မှာ Samsung ဟာ ကမ္ဘာ့အကြီးဆုံး chip ထုတ်လုပ်သူဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဝင်ငွေအများစုကို သူ့ရဲ့ memory and flash storage ထုတ်ကုန်တွေကနေ ရရှိခဲ့တာဖြစ်ပါတယ်။ Exynos chip တွေကလည်း မြန်ဆန်စွာနဲ့ ကျယ်ပြန့်လာပြီးတော့ Samsung ဟာ mobile processing chip လုပ်ငန်းမှာ မြန်မြန်ဆန်ဆန် တိုးတက်လာနေတာ ငြင်းလို့မရပါဘူး။
အကြောင်းရင်းကတော့ Samsung ရဲ့ လူကြိုက်များတဲ့ device တွေမှာတောင် Exynos chip ကို အသုံးပြုထားတဲ့အတွက်ကြောင့်ပါ။ ယူအက်စ်၊ တရုတ်၊ လက်တင်အမေရိက၊ ဂျပန်တွေမှာ Samsung Galaxy S9 ကို Snapdragon version ထုတ်လုပ်ပေးပေမယ့်လည်း ကျန်တဲ့နေရာတွေမှာတော့ Exynos chip ဗားရှင်းကိုထုတ်လုပ်ပေးထားတာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ Exynos chip ကို အသုံးပြုနေတဲ့ စမတ်ဖုန်းထုတ်လုပ်သူကတော့ Meizu ပဲ ဖြစ်ပါတယ။် ဇန်နဝါရီတုန်းကထွက်ခဲ့တဲ့ Meizu M6S ဟာ Exynos 5 Series chip ကို အသုံးပြုထားတဲ့ ဖုန်းတစ်လုံးဖြစ်ပါတယ်။ အရင် device တွေကတော့ Lenovo လုပ်တဲ့ Exynos chips တွေကို အသုံးပြုခဲ့တာပါ။
ဒါကြောင့် mobile processor industry မှာ ပြိုင်ဘက်တွေတိုးလာတယ်ဆိုတဲ့ သင်္ကေတပဲဖြစ်ပါတယ်။ Samsung တိုးတက်လာသလိုပဲ Huawei ကလည်း သူ့ရဲ့ကိုယ်ပိုင် device တွေအတွက် Kirin chip တွေကို အသုံးပြုလာနေပါပြီ။

 

Leave a Reply