OnePlus က Bullets Wireless Headphone ကို မိတ္ဆက္

0
1062

OnePlus က စမတ္ဖုန္း အသစ္မိတ္ဆက္ပြဲမွာ Wireless Headphone ကိုလည္း ျပသလိုက္ပါတယ္။ သူဟာ ကုမၸဏီရဲ႕ ပထမဆံုး ႀကိဳးမဲ့ နားၾကပ္လည္း ျဖစ္ပါတယ္။ သူ႔ရဲ႕ အမည္မွာ Bullets Wireless ျဖစ္ပါတယ္။ USB-C Port ကေန လွ်င္ျမန္စြာ အားသြင္းႏုိင္ပါတယ္။ ဒစ္ဂ်စ္တယ္ ကိုယ္ေရးလက္ေထာက္ Google Assistant လည္းပါလာပါတယ္။ ေရစိုခံေပမယ့္ ေရထဲႏွစ္လို႔ေတာ့ မရပါဘူး။ မိုးအနည္းငယ္ ရြာရင္ ၀တ္ဆင္ႏုိင္ပါတယ္။ အရည္အေသြး ျမင့္မားတဲ့ Bluetooth Audio Quality အတြက္ AptX Codec ကို သံုးထားပါတယ္။

၁၀ မိနစ္ အားသြင္းထားရင္ ၅ နာရီၾကာ သီခ်င္းမ်ား နားဆင္ႏုိင္ပါတယ္။ အားအျပည့္သြင္းထားရင္ ၈ နာရီ အသံုးခံပါတယ္။ နားၾကပ္ ႏွစ္ခုကို ႀကိဳးျဖင့္ ဆက္သြယ္ထားတဲ့အတြက္ အျခား ႀကိဳးမဲ့ နားၾကပ္မ်ားလို ႀကိဳးလံုး၀ မပါတာေတာ့ မဟုတ္ပါဘူး။ နားၾကပ္ႏွစ္ခုကို သံလိုက္ျဖင့္ ကပ္ထားႏုိင္တဲ့အတြက္ သိမ္းဆည္းရတာ လြယ္ကူပါတယ္။ အဲဒီလိုလုပ္ရင္ စြမ္းအင္ သက္သာေစဖို႔ နားၾကပ္ကို ပိတ္ထား ေပးမွာျဖစ္ပါတယ္။

OnePlus 5/ 5T / 6 စမတ္ဖုန္းမ်ားနဲ႔ သူ႔ကို တြဲဖက္ အသုံးျပဳမယ္ဆိုရင္ နားၾကပ္ႏွစ္ခုကို သံလိုက္နဲ႔ ကပ္လိုက္ရင္ ဖြင့္ထားတဲ့ သီခ်င္းကို Pause လုပ္ေပးၿပီး ခြာလိုက္ရင္ Resume လုပ္ေပးမွာပါ။ ဖုန္းေျပာႏုိင္တဲ့ စြမ္းရည္ကို လာမယ့္ Update မွာ ထည့္သြင္းေပးမွာ ျဖစ္ပါတယ္။

OnePlus က Energy Tubes လို႔ေခၚတဲ့ နည္းပညာကို အသံုးျပဳထားၿပီး ဒီနည္းပညာက ၾကည္လင္ျပတ္သား၊ အရည္အေသြး ျမင့္မားတဲ့ အသံမ်ားကို ပံ့ပိုးေပးတယ္လို႔ ေျပာပါတယ္။ OnePlus Bullets ကို ဇြန္လကုန္မွာ ၆၉ ေဒၚလာျဖင့္ ကုမၸဏီရဲ႕ အြန္လိုင္းစတိုးကေန ေရာင္းခ်ေပးမွာ ျဖစ္ပါတယ္။

unicode

OnePlus က Bullets Wireless Headphone ကို မိတ်ဆက်

OnePlus က စမတ်ဖုန်း အသစ်မိတ်ဆက်ပွဲမှာ Wireless Headphone ကိုလည်း ပြသလိုက်ပါတယ်။ သူဟာ ကုမ္ပဏီရဲ့ ပထမဆုံး ကြိုးမဲ့ နားကြပ်လည်း ဖြစ်ပါတယ်။ သူ့ရဲ့ အမည်မှာ Bullets Wireless ဖြစ်ပါတယ်။ USB-C Port ကနေ လျှင်မြန်စွာ အားသွင်းနိုင်ပါတယ်။ ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက် Google Assistant လည်းပါလာပါတယ်။ ရေစိုခံပေမယ့် ရေထဲနှစ်လို့တော့ မရပါဘူး။ မိုးအနည်းငယ် ရွာရင် ဝတ်ဆင်နိုင်ပါတယ်။ အရည်အသွေး မြင့်မားတဲ့ Bluetooth Audio Quality အတွက် AptX Codec ကို သုံးထားပါတယ်။

၁၀ မိနစ် အားသွင်းထားရင် ၅ နာရီကြာ သီချင်းများ နားဆင်နိုင်ပါတယ်။ အားအပြည့်သွင်းထားရင် ၈ နာရီ အသုံးခံပါတယ်။ နားကြပ် နှစ်ခုကို ကြိုးဖြင့် ဆက်သွယ်ထားတဲ့အတွက် အခြား ကြိုးမဲ့ နားကြပ်များလို ကြိုးလုံး၀ မပါတာတော့ မဟုတ်ပါဘူး။ နားကြပ်နှစ်ခုကို သံလိုက်ဖြင့် ကပ်ထားနိုင်တဲ့အတွက် သိမ်းဆည်းရတာ လွယ်ကူပါတယ်။ အဲဒီလိုလုပ်ရင် စွမ်းအင် သက်သာစေဖို့ နားကြပ်ကို ပိတ်ထား ပေးမှာဖြစ်ပါတယ်။

OnePlus 5/ 5T / 6 စမတ်ဖုန်းများနဲ့ သူ့ကို တွဲဖက် အသုံးပြုမယ်ဆိုရင် နားကြပ်နှစ်ခုကို သံလိုက်နဲ့ ကပ်လိုက်ရင် ဖွင့်ထားတဲ့ သီချင်းကို Pause လုပ်ပေးပြီး ခွာလိုက်ရင် Resume လုပ်ပေးမှာပါ။ ဖုန်းပြောနိုင်တဲ့ စွမ်းရည်ကို လာမယ့် Update မှာ ထည့်သွင်းပေးမှာ ဖြစ်ပါတယ်။

OnePlus က Energy Tubes လို့ခေါ်တဲ့ နည်းပညာကို အသုံးပြုထားပြီး ဒီနည်းပညာက ကြည်လင်ပြတ်သား၊ အရည်အသွေး မြင့်မားတဲ့ အသံများကို ပံ့ပိုးပေးတယ်လို့ ပြောပါတယ်။ OnePlus Bullets ကို ဇွန်လကုန်မှာ ၆၉ ဒေါ်လာဖြင့် ကုမ္ပဏီရဲ့ အွန်လိုင်းစတိုးကနေ ရောင်းချပေးမှာ ဖြစ်ပါတယ်။

Leave a Reply