Notch နဲ႔ Dual Camera မ်ားပါတဲ့ Nokia X6 ကို ေၾကညာၿပီ

0
1793

HMD Global က Nokia X6 ကို တရုတ္မွာ မိတ္ဆက္လိုက္ပါတယ္။ တစ္ဖန္ အသက္သြင္းထားတဲ့ X Series ထဲမွ ပထမဆံုး စမတ္ဖုန္း ျဖစ္ပါတယ္။ သူ႔မွာ စြမ္းေဆာင္ရည္သင့္ ဟာ့ဒ္၀ဲမ်ားထည့္ေပးထားၿပီး အလူမီနီယမ္ ကိုယ္ထည္ျဖင့္တည္ေဆာက္ထားပါတယ္။ သူ႔မွာ ၅.၈ လက္မ FHD+ (1080x2280p) Display တပ္ဆင္ထားၿပီး မ်က္ႏွာျပင္ အခ်ိဳးမွာ 19:9 ျဖစ္ပါတယ္။ မ်က္ႏွာျပင္ကို Corning Gorilla Glass 3 ျဖင့္ ကာကြယ္ထားပါတယ္။

သူဟာ Notch ပါတ့ဲ ႏိုကီယာရဲ႕ ပထမဆံုး ဖုန္းလည္း ျဖစ္လာပါတယ္။ Notch မွာ 16MP Camera တစ္လံုး တပ္ဆင္ထားၿပီး Face Unlock စြမ္းရည္ပါပါတယ္။ အေနာက္ဘက္မွာ လက္ေဗြရာ ကိရိယာ ပါပါတယ္။ အေနာက္ဘက္မွာ ကင္မရာ ႏွစ္လံုး တပ္ဆင္ထားၿပီး 16MP +5MP မ်ား ျဖစ္ပါတယ္။ Portrait Mode, Face Recognition , Dynamic Expression , Filters မ်ားကို အေကာင္းဆံုး ျဖစ္ေအာင္ ဥာဏ္ရည္တု နည္းပညာက ကူညီေပးပါတယ္။

သူ႔မွာ Snapdragon 636 SoC ပါပါတယ္။ 4GB RAM / 32GB or 64GB Storage နဲ႔ 6GB RAM/64GB Storage မ်ား ထုတ္လုပ္ေပးထားပါတယ္။ Hybrid Slot , 3060mAh Battery , USB-C , Quick Charge 3.0 , Android 8.1 Oreo မ်ား ပါပါတယ္။ Android P ကို အဆင့္ျမွင့္ႏိုင္မွာပါ။ ၃၀ မိနစ္ အားသြင္းရင္ ၅၀ ရာခုိင္ႏႈန္း အားျဖည့္ေပးပါတယ္။

တရုတ္မွာ ေမလ ၂၁ ရက္ေန႔မွာ စတင္ ေရာင္းေပးမွာပါ။ 4GB/32GB ကို ၂၀၄ ေဒၚလာ၊ 4GB/64GB ကို ၂၃၆ ေဒၚလာ၊ 6GB/64GB ကို ၂၆၆ ေဒၚလာ သတ္မွတ္ထားပါတယ္။ အျပာ၊ အနက္နဲ႔ ေငြေရာင္မ်ား ေရြးခ်ယ္ႏုိင္ပါတယ္။ အျခား ႏုိင္ငံမ်ားမွာ ေရာင္းမယ့္ သတင္းကို မသိရေသးပါဘူး။

unicode

Notch နဲ့ Dual Camera များပါတဲ့ Nokie X6 ကို ကြေညာပြီ

HMD Global က Nokia X6 ကို တရုတ်မှာ မိတ်ဆက်လိုက်ပါတယ်။ တစ်ဖန် အသက်သွင်းထားတဲ့ X Series ထဲမှ ပထမဆုံး စမတ်ဖုန်း ဖြစ်ပါတယ်။ သူ့မှာ စွမ်းဆောင်ရည်သင့် ဟာ့ဒ်ဝဲများထည့်ပေးထားပြီး အလူမီနီယမ် ကိုယ်ထည်ဖြင့်တည်ဆောက်ထားပါတယ်။ သူ့မှာ ၅.၈ လက်မ FHD+ (1080x2280p) Display တပ်ဆင်ထားပြီး မျက်နှာပြင် အချိုးမှာ 19:9 ဖြစ်ပါတယ်။ မျက်နှာပြင်ကို Corning Gorilla Glass 3 ဖြင့် ကာကွယ်ထားပါတယ်။

သူဟာ Notch ပါတဲ့ နိုကီယာရဲ့ ပထမဆုံး ဖုန်းလည်း ဖြစ်လာပါတယ်။ Notch မှာ 16MP Camera တစ်လုံး တပ်ဆင်ထားပြီး Face Unlock စွမ်းရည်ပါပါတယ်။ အနောက်ဘက်မှာ လက်ဗွေရာ ကိရိယာ ပါပါတယ်။ အနောက်ဘက်မှာ ကင်မရာ နှစ်လုံး တပ်ဆင်ထားပြီး 16MP +5MP များ ဖြစ်ပါတယ်။ Portrait Mode, Face Recognition , Dynamic Expression , Filters များကို အကောင်းဆုံး ဖြစ်အောင် ဉာဏ်ရည်တု နည်းပညာက ကူညီပေးပါတယ်။

သူ့မှာ Snapdragon 636 SoC ပါပါတယ်။ 4GB RAM / 32GB or 64GB Storage နဲ့ 6GB RAM/64GB Storage များ ထုတ်လုပ်ပေးထားပါတယ်။ Hybrid Slot , 3060mAh Battery , USB-C , Quick Charge 3.0 , Android 8.1 Oreo များ ပါပါတယ်။ Android P ကို အဆင့်မြှင့်နိုင်မှာပါ။ ၃၀ မိနစ် အားသွင်းရင် ၅၀ ရာခိုင်နှုန်း အားဖြည့်ပေးပါတယ်။

တရုတ်မှာ မေလ ၂၁ ရက်နေ့မှာ စတင် ရောင်းပေးမှာပါ။ 4GB/32GB ကို ၂၀၄ ဒေါ်လာ၊ 4GB/64GB ကို ၂၃၆ ဒေါ်လာ၊ 6GB/64GB ကို ၂၆၆ ဒေါ်လာ သတ်မှတ်ထားပါတယ်။ အပြာ၊ အနက်နဲ့ ငွေရောင်များ ရွေးချယ်နိုင်ပါတယ်။ အခြား နိုင်ငံများမှာ ရောင်းမယ့် သတင်းကို မသိရသေးပါဘူး။

Leave a Reply