Nokia X ကို မေလ၂၉ရက်နေ့ ရုရှားတွင် တွေ့မြင်ရနိုင်

0
349

Zawgyi Version



Nokia X



Unicode Version

HMD Global က စာနယ်ဇင်းတွေကို မေလ၂၉ရက်နေ့ ရုရှားမှာကျင်းပမယ့်ပွဲကို ဖိတ်ထားပါတယ်။ အဲဒီမှာ Nokia X6 or Nokia X စမတ်ဖုန်းလေးကို ကြေညာနိုင်ပါတယ်။
အဲဒီပွဲမှာ Nokia 2 ၊ Nokia 3 ၊ Nokia 5 တို့လိုဖုန်းတွေကိုလည်း လုပ်ဆောင်နေကြောင်း ပြသသွားနိုင်ပါတယ်။
Nokia X or X6 ကို ကြားထားသလောက်ပြောရမယ်ဆိုရင် ၅.၈လက်မ display ၊ FHD+ resolution 2280 x 1080 pixels နဲ့ တွေ့မြင်ရမှာပါ။ အဲဒီဟန်းဆက်ကို Qualcomm Snapdragon 636 processor နဲ့အားဖြည့်ထားပြီးတော့ RAM က 3GB, 4GB or 6GB ၊ storage ကတော့ 32GB ၊ 64GB ဖြစ်ပါတယ်။
အရှေ့ကင်မရာ 16 megapixel သုံးထားပြီးတော့ အနောက်ကင်မရာမှာ 16 megapixel သုံးထားတဲ့အပြင် secondary တစ်လုံးထပ်ပါဦးမယ်လို့ ပြောနေကြတယ်။ HMD Global က ဘယ်လိုတွေလုပ်ထားသလဲဆိုတာ ပွဲနေ့မှာ ထပ်မြင်ရမှာမို့ ဆက်လက်တင်ဆက်ပေးပါဦးမယ်။

Leave a Reply