AI ပရိုဆက္ဆာထည့္သြင္းထားတဲ့ HONOR 10 ကို Huawei မိတ္ဆက္

0
547

တရုတ္စမတ္ဖုန္းထုတ္လုပ္သူ Huawei အေနနဲ႔ AI ပရိုဆက္ဆာ ျဖစ္တဲ့ Kirin 970 chipset ကို အဆင့္ျမင့္ေမာ္ဒယ္ ျဖစ္တဲ့ Huawei Mate 10 နဲ႔ Mate 10 Pro တို႕မွာစတင္သံုးစြဲလာခဲ့ပါတယ္။ အခုေတာ့ ကုမၸဏီရဲ႕ဒုတိယအမွတ္တံဆိပ္ျဖစ္တဲ့ Honor ရဲ႕အသစ္ထြက္ စမတ္ဖုန္း Honor 10 မွာလည္းအဲ့ဒီပရိုဆက္ဆာကို အသုံးျပဳလာၿပီ ျဖစ္ပါတယ္။  ဒီစမတ္ဖုန္းမွာ ၅.၈၄ လက္မ Full HD+ display (2280 x 1080p) နဲ႔အတူ notch ကိုဖုန္းရဲ႕ထိပ္ဘက္မွာ ေတြ႕ရမွာျဖစ္ပါတယ္။

ကင္မရာစနစ္မွာ Honor 10 ဟာ ထိပ္တန္းစာရင္းဝင္ ကင္မရာလုပ္ေဆာင္ခ်က္ေတြ ထည့္သြင္းထားပါတယ္။ သူ႕မွာ Portrait Lighting နဲ ့အရာဝတၳဳနဲ ့ျမင္ကြင္းမ်ိဳးစံုကို သိရိွမွတ္သားႏိုင္တဲ့ AI စနစ္တို ့ပါဝင္လာပါတယ္။ ေရွ ့ဘက္ notch ထဲမွာေတာ့24MP ( f/2.0 ) ကင္မရာကိုထည့္သြင္းထားၿပီး ေက်ာဘက္မွာ အလ်ားလိုက္ dual ကင္မရာ စနစ္ (16MP RGB + 24MP monochrome) တို ့သံုးထားပါတယ္။

ပရိုဆက္ဆာပုိင္းမွာေတာ့ Huawei P20 မွာတုံးကသုံးထားတဲ့ Kirin 970 chipset ကိုအသုံးျပဳထားၿပီး ၊ ပရိုဆက္ဆာမွာေတာ့  အဆင့္ျမင့္ ကင္မရာစနစ္ပိုင္းကို support ေပးႏိုင္တဲ့ AI စနစ္ပါ neural processor ျဖစ္ျပီး အရာဝတၳဳေတြကို ခဲြျခားမွတ္သားႏိုင္မွာ ျဖစ္ပါတယ္။ အခ်က္အလက္ပိုင္းေတြအတြက္ RAM 4GB နဲ ့လာျပီး ဖုန္းတြင္းသိုေလွာင္မႈပိုင္း ကိုေတာ့ 64GB နဲ ့128GB ဆိုျပီး ဗားရွင္း၂မ်ိဳးထုတ္ထားပါတယ္။

3400 mAh ဘက္ထရီသုံးထားၿပီး ultrafast charging နည္းပညာလည္း ပါလာတာျဖစ္လို ့၂၅ မိနစ္တည္းနဲ ့ဘက္ထရီအားကို ၅၀% ထိအျမန္သြင္းေပးႏိုင္မွာပါ။ အေရာင္ေရြးခ်ယ္မႈ အပိုင္းမွာေတာ့ Glacier Grey ၊ Midnight Black ၊ Phantom Blue နဲ ့Phantom Green တို႔ျဖစ္ၿပီး၊ေစ်းႏႈန္းကေတာ့ ၃၉၉ ယူရို (64GB) နဲ ့ ၄၄၉ ယူရို (128GB )ျဖစ္ပါတယ္။

Unicode

တရုတ်စမတ်ဖုန်းထုတ်လုပ်သူ Huawei အနေနဲ့ AI ပရိုဆက်ဆာ ဖြစ်တဲ့ Kirin 970 chipset ကို အဆင့်မြင့်မော်ဒယ် ဖြစ်တဲ့ Huawei Mate 10 နဲ့ Mate 10 Pro တို့မှာစတင်သုံးစွဲလာခဲ့ပါတယ်။ အခုတော့ ကုမ္ပဏီရဲ့ဒုတိယအမှတ်တံဆိပ်ဖြစ်တဲ့ Honor ရဲ့အသစ်ထွက် စမတ်ဖုန်း Honor 10 မှာလည်းအဲ့ဒီပရိုဆက်ဆာကို အသုံးပြုလာပြီ ဖြစ်ပါတယ်။  ဒီစမတ်ဖုန်းမှာ ၅.၈၄ လက်မ Full HD+ display (2280 x 1080p) နဲ့အတူ notch ကိုဖုန်းရဲ့ထိပ်ဘက်မှာ တွေ့ရမှာဖြစ်ပါတယ်။

ကင်မရာစနစ်မှာ Honor 10 ဟာ ထိပ်တန်းစာရင်းဝင် ကင်မရာလုပ်ဆောင်ချက်တွေ ထည့်သွင်းထားပါတယ်။ သူ့မှာ Portrait Lighting နဲ့အရာဝတ္ထုနဲ့မြင်ကွင်းမျိုးစုံကို သိရှိမှတ်သားနိုင်တဲ့ AI စနစ်တို့ပါဝင်လာပါတယ်။ ရှေ့ဘက် notch ထဲမှာတော့24MP ( f/2.0 ) ကင်မရာကိုထည့်သွင်းထားပြီး ကျောဘက်မှာ အလျားလိုက် dual ကင်မရာ စနစ် (16MP RGB + 24MP monochrome) တို့သုံးထားပါတယ်။

ပရိုဆက်ဆာပိုင်းမှာတော့ Huawei P20 မှာတုံးကသုံးထားတဲ့ Kirin 970 chipset ကိုအသုံးပြုထားပြီး ၊ ပရိုဆက်ဆာမှာတော့  အဆင့်မြင့် ကင်မရာစနစ်ပိုင်းကို support ပေးနိုင်တဲ့ AI စနစ်ပါ neural processor ဖြစ်ပြီး အရာဝတ္ထုတွေကို ခွဲခြားမှတ်သားနိုင်မှာ ဖြစ်ပါတယ်။ အချက်အလက်ပိုင်းတွေအတွက် RAM 4GB နဲ့လာပြီး ဖုန်းတွင်းသိုလှောင်မှုပိုင်း ကိုတော့ 64GB နဲ့128GB ဆိုပြီး ဗားရှင်း၂မျိုးထုတ်ထားပါတယ်။

3400 mAh ဘက်ထရီသုံးထားပြီး ultrafast charging နည်းပညာလည်း ပါလာတာဖြစ်လို့၂၅ မိနစ်တည်းနဲ့ဘက်ထရီအားကို ၅၀% ထိအမြန်သွင်းပေးနိုင်မှာပါ။ အရောင်ရွေးချယ်မှု အပိုင်းမှာတော့ Glacier Grey ၊ Midnight Black ၊ Phantom Blue နဲ့Phantom Green တို့ဖြစ်ပြီး၊ဈေးနှုန်းကတော့ ၃၉၉ ယူရို (64GB) နဲ့ ၄၄၉ ယူရို (128GB )ဖြစ်ပါတယ်။

Leave a Reply