Zawgyi Version
စမတ္ဖုန္းေကာင္းတစ္လံုးရဖုိ႕အတြက္ေတာ့ သင့္အေနနဲ႕ အခ်ိန္ေပးျပီးေတာ့ ေရြးရမယ္ေလ။ ႏွစ္ေတြၾကာလာတဲ့အခ်ိန္မွာေတာ့ Honor ၊ OnePlus လို brand ေလးေတြဆီကေနလည္း ေကာင္းမြန္တဲ့ဖုန္းေလးေတြကို ေစ်းႏႈန္းသက္သာစြာနဲ႕ ရလာႏုိင္ပါျပီ။
Honor 10 နဲ႕ OnePlus 6 ကေတာ့ ေစ်းသက္သာတဲ့ flagship လုိ႕ ေျပာရမွာပါ။ ဒါေပမယ့္လည္း ေစ်းၾကီးတဲ့ဖုန္းေတြကို ဘယ္လိုယွဥ္ႏုိင္လဲ။ ကၽြန္ေတာ္တို႕ Honor 10 နဲ႕ OnePlus 6 ကို LG G7 ThinQ, Samsung Galaxy S9 Plus, နဲ႕ Google Pixel 2 XL တို႕ကိုအသံုးျပဳျပီးေတာ့ ယွဥ္ၾကည့္ပါမယ္။
ဒီေန႕ေခတ္ရဲ႕ ေရစီးေၾကာင္းက notch ေလးပါပဲ။ Honor 10 ၊ OnePlus 6 နဲ႕ G7 ThinQ ရဲ႕ ထိပ္မွာ notch ေလးကို ေတြ႕ျမင္ႏုိင္တယ္။ ဒီေတာ့ aspect ratio ေၾကာင္ေၾကာင္ေတြကို ခံစားရမွာပါ။ Galaxy S9 Plus နဲ႕ Pixel 2 XL မွာေတာ့ ဒီလိုမရွိပါဘူး။
Notch မၾကိဳက္တဲ့သူတစ္ေယာက္ဆုိရင္လညး္ Honor 10 ၊ OnePlus 6 ၊ G7 ThinQ မွာ ပိတ္တဲ့ feature ေလးေတြ ပါ၀င္ပါတယ္။ ဒီေတာ့အဆင္ေျပႏုိင္တာေပါ့။
Notch ကို ၾကည့္မိေနမယ္လို႕ထင္ရေပမယ့္လည္း မ်ားေသာအားျဖင့္ display ကိုသာ ၾကည့္ျဖစ္ၾကတာပါ။ အေရွ႕ပိုင္းမွာ အရြယ္အစား၊ display အမ်ိဳးအစား၊ resolution ေတြက ပိုအေရးပါတယ္။
VR ပိုင္းမွာေတာ့ Honor 10 ေရာ OnePlus 6 ပါ မရႏုိင္ပါဘူး။ Full HD+ display ကို အသံုးျပဳထားေပမယ့္လည္း Honor 10 မွာက LCD screen ဆုိေတာ့ VR အတြက္ အဆင္မေျပပါဘူး။ OnePlus 6 ရဲ႕ display ကေတာ့ AMOLED ျဖစ္တာဆိုေတာ့ VR အတြက္ေကာင္းပါတယ္။ Full HD+ resolution ကေတာ့ virtual adventure အတြက္ အဆင္ေျပတယ္လုိ႕ ေျပာလို႕မရျပန္ပါဘူး။
G7 ThinQ ရဲ႕ display ဟာ pixel မ်ားတဲ့အျပင္ LCD variety ျဖစ္တယ္လို႕လည္း ေျပာရမွာပါ။ ဒါေၾကာင့္ Galaxy S9 Plus နဲ႕ Pixel 2 XL ကေတာ့ VR content ကို စိတ္၀င္စားတယ္၊ သံုးခ်င္တယ္ဆိုရင္ ေရြးသင့္ပါတယ္။ AMOLED display မွာ resolution ျမင့္ျမင့္နဲ႕ ခံစားႏုိင္မွာပါ။
Honor 10 | OnePlus 6 | LG G7 ThinQ | Samsung Galaxy S9 Plus | Google Pixel 2 XL | |
---|---|---|---|---|---|
Display | 5.84-inch FullView LCD display 2,280 x 1,080 resolution 19:9 aspect ratio |
6.28-inch AMOLED 2,280 x 1,080 resolution 19:9 aspect ratio |
6.1-inch LCD FullVision display 3,120 x 1,440 resolution 1,000-nit brightness 19.5:9 aspect ratio |
6.2-inch Curved Super AMOLED 2,960 x 1,440 resolution 18.5:9 aspect ratio |
6.0-inch P-OLED 2,560 x 1,440 resolution 18:9 aspect ratio |
SoC | HiSilicon Kirin 970 | Qualcomm Snapdragon 845 | Qualcomm Snapdragon 845 | U.S.: Qualcomm Snapdragon 845
Global: Samsung Exynos 9810 |
Qualcomm Snapdragon 835 |
GPU | Mali G72 MP-12 | Adreno 630 | Adreno 630 | Adreno 630 (Snapdragon) Mali G72 MP-18 9 (Exynos) |
Adreno 540 |
RAM | 4/6GB | 6/8GB | 4/6GB | 6GB | 4GB |
Storage | 64/128GB | 64/128/256GB | 64/128GB | 64/128/256GB | 64/128GB |
MicroSD | No | No | Yes | Yes | No |
VR ၊ AR ကို ဂရုမစိုက္ဘူးဆိုရင္ LCD လား၊ AMOLED လား ၊ notch ပါလား၊ မပါဘူးလား၊ high-resolution display လိုခ်င္တာလား စဥ္းစားလုိက္ပါ။ display အားလံုးက မေကာင္းဘူးလို႕ေျပာေနတာမဟုတ္ပါဘူး။ သင့္ရဲ႕စိတ္ၾကိဳက္ျဖစ္ေစဖုိ႕ ေရြးခ်ယ္ခိုင္းတာျဖစ္ပါတယ္။
Processor ပိုင္းကိုၾကည့္မယ္ဆိုရင္ Honor 10 မွာ Huawei ရဲ႕ ကိုယ္ပုိင္ Kirin 970 chipset ေလးကို အသံုးျပဳထားပါတယ္။ OnePlus 6 ၊ G7 ThinQ ၊ Galaxy S9 Plus အကုန္လံုးမွာက Snapdragon 845 ကို အသံုးျပဳထားတယ္။ Pixel 2 XL ကေတာ့ Snapdragon 835 ဆိုေတာ့ နည္းနည္းေအာက္တာေပါ့။
Huawei နဲ႕ Honor ကေတာ့ Kirin 970 ဟာ Snapdragon 835 နဲ႕ 845 ထက္သာလြန္တယ္လို႕ ေျပာၾကတယ္။ စာရြက္ေပၚမွာ ယွဥ္ရင္ေတာ့ ေကာင္းတာေပါ့။ လက္ေတြ႕မွာေတာ့ ငါးလံုးစလံုးက အမိုက္ေတြခ်ည္းပါပဲ။
RAM ပိုင္းမွာလည္း မက်န္ခဲ့ပါဘူး။ OnePlus 6 က 8GB RAM ၊ Honor 10 နဲ႕ G7 ThinQ ကေတာ့ 4GB or 6GB RAM ၊ Galaxy S9 Plus နဲ႕ Pixel 2 XL ကေတာ့ 6GB နဲ႕ 4GB RAM တို႕ျဖစ္ၾကပါတယ္။
Storage ပိုင္းမွာလည္း ဆင္တူနီးပါးေလာက္ျဖစ္ပါတယ္။ built-in storage က အနည္းဆံုး 64GB ပါ၀င္တာကို ေတြ႕ရပါတယ္။ microSD card fan ဆိုရင္ေတာ့ G7 ThinQ နဲ႕ Galaxy S9 Plus ကိုပဲ ေရြးရလိမ့္မယ္။
ကင္မရာစနစ္က ေစ်းသက္သာတဲ့စမတ္ဖုန္းေတြမွာ စဥ္းစားရမယ့္အခ်က္တစ္ခုပါပဲ။ ဒါေပမယ့္ Honor 10 နဲ႕ OnePlus 6 ကေတာ့ ဒီပြဲမွာ အရွိန္တင္ထားႏုိင္ပါတယ္။ အေနာက္ကင္မရာႏွစ္လံုးနဲ႕ selfie sensor ေကာင္းေကာင္းေတြကိုလည္း အသံုးျပဳထားပါတယ္။
Honor 10 ကေတာ့ optical image stabilization (OIS) မပါ၀င္တဲ့ တစ္လံုးတည္းေသာဖုန္းပါတယ္။ monochrome sensor ကိုလည္း သူ႕မွာပဲ ေတြ႕ျမင္ႏုိင္ပါတယ္။ Honor 10 ရဲ႕ ကင္မရာဟာ Kirin 970 ရဲ႕ neural processing unit (NPU) ကို အသံုးျပထားျပီးေတာ့ ေရာက္ေနတဲ့ scene ကို သိႏုိင္ျပီး ကင္မရာ settings ကို အလိုလိုသိႏိုင္ပါတယ္။
OnePlus 6 ကေတာ့ primary sensor မွာ pixel ၾကီးၾကီးေတြကို အသံုးျပဳထားျပီးေတာ့ အလင္းအားနည္းခ်ိန္ရုိက္ခ်က္ေတြေကာင္းမြန္ေအာင္ လုပ္ေဆာင္ထားပါတယ္။ ဆယ္လ္ဖီကင္မရာမွာ portrait mode ပါ၀င္ျပီးေတာ့ software update နဲ႕သာ အသံုးျပဳႏုိင္မွာပါ။ လက္ရွိမွာေတာ့ မပါ၀င္ေသးပါဘူး။
G7 ThinQ မွာ wide-angle shot အတြက္ secondary camera ကို အသံုးျပဳထားျပီးေတာ့ Galaxy S9 Plus ကေတာ့ 2X optical zoom ေပးထားပါတယ္။ Galaxy S9 Plus ရဲ႕ primary camera မွာ aperture ႏွစ္ခုပါ၀င္လို႕ စမတ္ဖုန္းေတြထဲမွာ ပထမဆံုးလို႕ေျပာႏုိင္ပါတယ္။
Pixel 2 XL ကေတာ့ main camera တစ္ခုတည္းပါ၀င္ေပမယ့္လည္း စမတ္ဖုန္းအားလံုးထဲမွာ အေကာင္းဆံုးစမတ္ဖုန္းကင္မရာအျဖစ္ စဥ္းစားလို႕ရေနဆဲပါပဲ။
Honor 10 | OnePlus 6 | LG G7 ThinQ | Samsung Galaxy S9 Plus | Google Pixel 2 XL | |
---|---|---|---|---|---|
Cameras | Rear Main camera: 16MP, f/1.8 aperture Secondary camera: 24MP, f/1.8 aperture, monochrome Front |
Rear Main camera: 16MP, f/1.7 aperture, 1.22μm pixels Secondary camera: 20MP, f/1.7 aperture, 1.0μm pixels Front |
Rear Main camera: 16MP, f/1.6 aperture, 71-degree field of view Secondary camera: 16MP, f/1.9 aperture, 107-degree field of view Front |
Rear Main camera: 12MP, f/1.5 and f/2.4 apertures Secondary camera: 12MP, f/2.4 aperture, telephoto (2x optical zoom) Front |
Rear 12.2MP, f/1.8 aperture Front |
Audio | Bottom-firing speaker 3.5mm headphone jack |
Bottom-firing speaker Dirac HD Sound Dirac Power Sound 3.5mm headphone jack |
Boombox Speaker DTS:X 3D Surround Sound Hi-Fi Quad DAC 3.5mm headphone jack |
3.5mm headphone jack Stereo speakers Tuned by AKG |
No 3.5mm headphone jack Audio over USB Type-C Front stereo speakers |
Battery | 3,400mAh | 3,300mAh | 3,000mAh | 3,500mAh | 3,520mAh |
IP Rating | No | No | IP68 | IP68 | IP67 |
Software | Android 8.1 Oreo EMUI 8.1 |
Android 8.1 Oreo OxygenOS |
Android 8.0 Oreo | Android 8.0 Oreo | Android 8.1 Oreo |
Dimensions and weight | 149.6 x 71.2 x 7.7mm 153g |
155.7 x 75.4 x 7.75mm 177g |
153.2 x 71.9 x 7.9mm 162g |
158.1 x 73.8 x 8.5mm 189g |
157.9 x 76.7 x 7.9mm 175g |
Colors | Phantom Blue, Phantom Green, Midnight Black, Glacier Grey | Mirror Black, Midnight Black, Silk White | Platinum Gray, Aurora Black, Moroccan Blue, Raspberry Rose | Midnight Black, Coral Blue, Lilac Purple, Titanium Grey | Just Black, Black & White |
အသံပိုင္းနဲ႕ ပတ္သတ္ေနတယ္ဆိုရင္ Honor 10 နဲ႕ OnePlus 6 ကေတာ့ နည္းနည္းေလး က်ပါတယ္။ ေအာက္ဘက္ firing speaker ေတြကို ထည့္သြင္းထားျပီး headphone jack ကို ေတြ႕ျမင္ရမွာပါ။
G7 ThinQ မွာကေတာ့ ေအာက္ဘက္ firing speaker နဲ႕ headphone jack ပါ၀င္ပါတယ္။ သူ႕မွာ Hi-Fi DAC ပါ၀င္ျပီးေတာ့ မ်က္ႏွာျပင္ျပားေပၚမွာထားလိုက္ရင္ အသံပိုက်ယ္လာပါတယ္။
Galaxy S9 Plus နဲ႕ Pixel 2 XL တို႕ကေတာ့ stereo speaker ကို အသံုးျပဳထားျပီး Pixel မွာက စပီကာေတြကို ေရွ႕မွာသာ အသံုးျပဳထားပါတယ္။ ျပီးေတာ့ headphone jack လည္း မပါ၀င္ပါဘူး။ Galaxy S9 Plus က standard ကို ထိန္းထားျပီး earpiece နဲ႕ bottom-firing speaker ကို အသံုးျပဳထားပါတယ္။
ဖုန္းတုိင္းမွာ 3,000mAh ဘတ္ထရီကို အသံုးျပဳထားျပီး အားအျမန္သြင္းစနစ္လည္း ပါ၀င္တာကို ေတြ႕ရပါတယ္။ ၾကိဳးနဲ႕သြင္းတာကို မၾကိဳက္ရင္ G7 ThinQ နဲ႕ Galaxy S9 Plus တို႕က ၾကိဳးမဲ့အားသြင္းႏုိင္ေစပါတယ္။
Honor 10 နဲ႕ OnePlus 6 တုိ႕ကေတာ့ ဘတ္ထရီမုိက္ပါတယ္။ ဒါေပမယ့္ IP rating မပါ၀င္တာကေတာ့ ထူးဆန္းေနပါတယ္။ Moto X4 လိုမ်ိဳး mid-range စမတ္ဖုန္းေတြကေတာင္ IP rating ပါ၀င္ပါတယ္။ ဒီေတာ့ ေရစိုမခံတာက နည္းနည္းစဥ္းစားစရာတစ္ခုပါပဲ။
OnePlus 6 ကို မိုးရြာထဲလမ္းေလွ်ာက္တာမ်ိဳး၊ ျပဳတ္က်တာမ်ိဳး ခံႏိုင္ရည္ရွိေအာင္ စမ္းသပ္ခဲ့တယ္လုိ႕ OnePlus က ေျပာပါတယ္။ Honor 10 ကလည္း အဲဒီေလာက္ေတာ့ အဆင္ေျပပါလိမ့္မယ္။ IP rating မပါေတာ့ သတိထားတာပိိုေကာင္းပါလိမ့္မယ္။
ေနာက္ဆံုးအေနနဲ႕ Honor 10 ၊ OnePlus 6 ၊ G7 ThinQ ၊ Galaxy S9 Plus နဲ႕ Pixel 2 XL တို႕မွာ Android Oreo ကို တန္းျပီးအသံုးျပဳႏုိင္မွာပါ။ Honor 10 မွာ EMUI software skin ကို အသံုးျပဳထားျပီးေတာ့ OnePlus 6 မွာေတာ့ OxygenOS ကို အသံုးျပဳထားပါတယ္။
G7 ThinQ နဲ႕ Galaxy S9 Plus ကေတာ့ အရင္ဖုန္းေတြနဲ႕ယွဥ္လုိက္ရင္ software skin ပုိင္းမွာ အရမ္းမမိုက္ပါဘူး။ Pixel 2 XL ကေတာ့ Android ရဲ႕ အရွင္းလင္းဆံုးဗားရွင္းကို ေတြ႕ရမွာပါ။
Notch အပိုင္းမွာဆိုရင္ software နဲ႕ဆုိင္ပါတယ္။ up-to-date software လိုခ်င္တယ္ဆိုရင္ Pixel 2 XL ကို သံုးပါ။ feature မ်ားမ်ားလို္ခ်င္လို႕ update ေႏွးလည္းရတယ္ဆိုုရင္ေတာ့ G7 ThinQ နဲ႕ Galaxy S9 Plus က အဆင္ေျပမွာပါ။
iOS နဲ႕ Android အေရာကို လိုခ်င္ျပီးေတာ့ အျမန္ႏႈန္းကိုၾကိဳက္တယ္ဆိုရင္ေတာ့ Honor 10 က သင့္အတြက္ပါပဲ။
ဘယ္ဖုန္းကိုပဲကိုင္ပါေစ Honor 10 နဲ႕ OnePlus 6 ကိုေတာ့ နည္းနည္းေျပာခ်င္ပါတယ္။ ေဒၚလာ ၆၀၀ မေက်ာ္ဘူးဆိုေတာ့ သာမန္ထက္ေအာက္ေရာက္တဲ့ ခံစားမႈရမွာပါ။ ထင္လား။
Honor 10 နဲ႕ OnePlus 6 ကေတာ့ ေစ်းၾကီးတဲ့ flagship ဖုန္းေတြနဲ႕ ယွဥ္နုိင္ပါတယ္။ ဒီေတာ့ ဘယ္လိုသေဘာရသလဲ။
Unicode Version
စမတ်ဖုန်းကောင်းတစ်လုံးရဖို့အတွက်တော့ သင့်အနေနဲ့ အချိန်ပေးပြီးတော့ ရွေးရမယ်လေ။ နှစ်တွေကြာလာတဲ့အချိန်မှာတော့ Honor ၊ OnePlus လို brand လေးတွေဆီကနေလည်း ကောင်းမွန်တဲ့ဖုန်းလေးတွေကို ဈေးနှုန်းသက်သာစွာနဲ့ ရလာနိုင်ပါပြီ။
Honor 10 နဲ့ OnePlus 6 ကတော့ ဈေးသက်သာတဲ့ flagship လို့ ပြောရမှာပါ။ ဒါပေမယ့်လည်း ဈေးကြီးတဲ့ဖုန်းတွေကို ဘယ်လိုယှဉ်နိုင်လဲ။ ကျွန်တော်တို့ Honor 10 နဲ့ OnePlus 6 ကို LG G7 ThinQ, Samsung Galaxy S9 Plus, နဲ့ Google Pixel 2 XL တို့ကိုအသုံးပြုပြီးတော့ ယှဉ်ကြည့်ပါမယ်။
ဒီနေ့ခေတ်ရဲ့ ရေစီးကြောင်းက notch လေးပါပဲ။ Honor 10 ၊ OnePlus 6 နဲ့ G7 ThinQ ရဲ့ ထိပ်မှာ notch လေးကို တွေ့မြင်နိုင်တယ်။ ဒီတော့ aspect ratio ကြောင်ကြောင်တွေကို ခံစားရမှာပါ။ Galaxy S9 Plus နဲ့ Pixel 2 XL မှာတော့ ဒီလိုမရှိပါဘူး။
Notch မကြိုက်တဲ့သူတစ်ယောက်ဆိုရင်လည်း Honor 10 ၊ OnePlus 6 ၊ G7 ThinQ မှာ ပိတ်တဲ့ feature လေးတွေ ပါဝင်ပါတယ်။ ဒီတော့အဆင်ပြေနိုင်တာပေါ့။
Notch ကို ကြည့်မိနေမယ်လို့ထင်ရပေမယ့်လည်း များသောအားဖြင့် display ကိုသာ ကြည့်ဖြစ်ကြတာပါ။ အရှေ့ပိုင်းမှာ အရွယ်အစား၊ display အမျိုးအစား၊ resolution တွေက ပိုအရေးပါတယ်။
VR ပိုင်းမှာတော့ Honor 10 ရော OnePlus 6 ပါ မရနိုင်ပါဘူး။ Full HD+ display ကို အသုံးပြုထားပေမယ့်လည်း Honor 10 မှာက LCD screen ဆိုတော့ VR အတွက် အဆင်မပြေပါဘူး။ OnePlus 6 ရဲ့ display ကတော့ AMOLED ဖြစ်တာဆိုတော့ VR အတွက်ကောင်းပါတယ်။ Full HD+ resolution ကတော့ virtual adventure အတွက် အဆင်ပြေတယ်လို့ ပြောလို့မရပြန်ပါဘူး။
G7 ThinQ ရဲ့ display ဟာ pixel များတဲ့အပြင် LCD variety ဖြစ်တယ်လို့လည်း ပြောရမှာပါ။ ဒါကြောင့် Galaxy S9 Plus နဲ့ Pixel 2 XL ကတော့ VR content ကို စိတ်ဝင်စားတယ်၊ သုံးချင်တယ်ဆိုရင် ရွေးသင့်ပါတယ်။ AMOLED display မှာ resolution မြင့်မြင့်နဲ့ ခံစားနိုင်မှာပါ။
VR ၊ AR ကို ဂရုမစိုက်ဘူးဆိုရင် LCD လား၊ AMOLED လား ၊ notch ပါလား၊ မပါဘူးလား၊ high-resolution display လိုချင်တာလား စဉ်းစားလိုက်ပါ။ display အားလုံးက မကောင်းဘူးလို့ပြောနေတာမဟုတ်ပါဘူး။ သင့်ရဲ့စိတ်ကြိုက်ဖြစ်စေဖို့ ရွေးချယ်ခိုင်းတာဖြစ်ပါတယ်။
Processor ပိုင်းကိုကြည့်မယ်ဆိုရင် Honor 10 မှာ Huawei ရဲ့ ကိုယ်ပိုင် Kirin 970 chipset လေးကို အသုံးပြုထားပါတယ်။ OnePlus 6 ၊ G7 ThinQ ၊ Galaxy S9 Plus အကုန်လုံးမှာက Snapdragon 845 ကို အသုံးပြုထားတယ်။ Pixel 2 XL ကတော့ Snapdragon 835 ဆိုတော့ နည်းနည်းအောက်တာပေါ့။
Huawei နဲ့ Honor ကတော့ Kirin 970 ဟာ Snapdragon 835 နဲ့ 845 ထက်သာလွန်တယ်လို့ ပြောကြတယ်။ စာရွက်ပေါ်မှာ ယှဉ်ရင်တော့ ကောင်းတာပေါ့။ လက်တွေ့မှာတော့ ငါးလုံးစလုံးက အမိုက်တွေချည်းပါပဲ။
RAM ပိုင်းမှာလည်း မကျန်ခဲ့ပါဘူး။ OnePlus 6 က 8GB RAM ၊ Honor 10 နဲ့ G7 ThinQ ကတော့ 4GB or 6GB RAM ၊ Galaxy S9 Plus နဲ့ Pixel 2 XL ကတော့ 6GB နဲ့ 4GB RAM တို့ဖြစ်ကြပါတယ်။
Storage ပိုင်းမှာလည်း ဆင်တူနီးပါးလောက်ဖြစ်ပါတယ်။ built-in storage က အနည်းဆုံး 64GB ပါဝင်တာကို တွေ့ရပါတယ်။ microSD card fan ဆိုရင်တော့ G7 ThinQ နဲ့ Galaxy S9 Plus ကိုပဲ ရွေးရလိမ့်မယ်။
ကင်မရာစနစ်က ဈေးသက်သာတဲ့စမတ်ဖုန်းတွေမှာ စဉ်းစားရမယ့်အချက်တစ်ခုပါပဲ။ ဒါပေမယ့် Honor 10 နဲ့ OnePlus 6 ကတော့ ဒီပွဲမှာ အရှိန်တင်ထားနိုင်ပါတယ်။ အနောက်ကင်မရာနှစ်လုံးနဲ့ selfie sensor ကောင်းကောင်းတွေကိုလည်း အသုံးပြုထားပါတယ်။
Honor 10 ကတော့ optical image stabilization (OIS) မပါဝင်တဲ့ တစ်လုံးတည်းသောဖုန်းပါတယ်။ monochrome sensor ကိုလည်း သူ့မှာပဲ တွေ့မြင်နိုင်ပါတယ်။ Honor 10 ရဲ့ ကင်မရာဟာ Kirin 970 ရဲ့ neural processing unit (NPU) ကို အသုံးပြထားပြီးတော့ ရောက်နေတဲ့ scene ကို သိနိုင်ပြီး ကင်မရာ settings ကို အလိုလိုသိနိုင်ပါတယ်။
OnePlus 6 ကတော့ primary sensor မှာ pixel ကြီးကြီးတွေကို အသုံးပြုထားပြီးတော့ အလင်းအားနည်းချိန်ရိုက်ချက်တွေကောင်းမွန်အောင် လုပ်ဆောင်ထားပါတယ်။ ဆယ်လ်ဖီကင်မရာမှာ portrait mode ပါဝင်ပြီးတော့ software update နဲ့သာ အသုံးပြုနိုင်မှာပါ။ လက်ရှိမှာတော့ မပါဝင်သေးပါဘူး။
G7 ThinQ မှာ wide-angle shot အတွက် secondary camera ကို အသုံးပြုထားပြီးတော့ Galaxy S9 Plus ကတော့ 2X optical zoom ပေးထားပါတယ်။ Galaxy S9 Plus ရဲ့ primary camera မှာ aperture နှစ်ခုပါဝင်လို့ စမတ်ဖုန်းတွေထဲမှာ ပထမဆုံးလို့ပြောနိုင်ပါတယ်။
Pixel 2 XL ကတော့ main camera တစ်ခုတည်းပါဝင်ပေမယ့်လည်း စမတ်ဖုန်းအားလုံးထဲမှာ အကောင်းဆုံးစမတ်ဖုန်းကင်မရာအဖြစ် စဉ်းစားလို့ရနေဆဲပါပဲ။
အသံပိုင်းနဲ့ ပတ်သတ်နေတယ်ဆိုရင် Honor 10 နဲ့ OnePlus 6 ကတော့ နည်းနည်းလေး ကျပါတယ်။ အောက်ဘက် firing speaker တွေကို ထည့်သွင်းထားပြီး headphone jack ကို တွေ့မြင်ရမှာပါ။
G7 ThinQ မှာကတော့ အောက်ဘက် firing speaker နဲ့ headphone jack ပါဝင်ပါတယ်။ သူ့မှာ Hi-Fi DAC ပါဝင်ပြီးတော့ မျက်နှာပြင်ပြားပေါ်မှာထားလိုက်ရင် အသံပိုကျယ်လာပါတယ်။
Galaxy S9 Plus နဲ့ Pixel 2 XL တို့ကတော့ stereo speaker ကို အသုံးပြုထားပြီး Pixel မှာက စပီကာတွေကို ရှေ့မှာသာ အသုံးပြုထားပါတယ်။ ပြီးတော့ headphone jack လည်း မပါဝင်ပါဘူး။ Galaxy S9 Plus က standard ကို ထိန်းထားပြီး earpiece နဲ့ bottom-firing speaker ကို အသုံးပြုထားပါတယ်။
ဖုန်းတိုင်းမှာ 3,000mAh ဘတ်ထရီကို အသုံးပြုထားပြီး အားအမြန်သွင်းစနစ်လည်း ပါဝင်တာကို တွေ့ရပါတယ်။ ကြိုးနဲ့သွင်းတာကို မကြိုက်ရင် G7 ThinQ နဲ့ Galaxy S9 Plus တို့က ကြိုးမဲ့အားသွင်းနိုင်စေပါတယ်။
Honor 10 နဲ့ OnePlus 6 တို့ကတော့ ဘတ်ထရီမိုက်ပါတယ်။ ဒါပေမယ့် IP rating မပါဝင်တာကတော့ ထူးဆန်းနေပါတယ်။ Moto X4 လိုမျိုး mid-range စမတ်ဖုန်းတွေကတောင် IP rating ပါဝင်ပါတယ်။ ဒီတော့ ရေစိုမခံတာက နည်းနည်းစဉ်းစားစရာတစ်ခုပါပဲ။
OnePlus 6 ကို မိုးရွာထဲလမ်းလျှောက်တာမျိုး၊ ပြုတ်ကျတာမျိုး ခံနိုင်ရည်ရှိအောင် စမ်းသပ်ခဲ့တယ်လို့ OnePlus က ပြောပါတယ်။ Honor 10 ကလည်း အဲဒီလောက်တော့ အဆင်ပြေပါလိမ့်မယ်။ IP rating မပါတော့ သတိထားတာပိုကောင်းပါလိမ့်မယ်။
နောက်ဆုံးအနေနဲ့ Honor 10 ၊ OnePlus 6 ၊ G7 ThinQ ၊ Galaxy S9 Plus နဲ့ Pixel 2 XL တို့မှာ Android Oreo ကို တန်းပြီးအသုံးပြုနိုင်မှာပါ။ Honor 10 မှာ EMUI software skin ကို အသုံးပြုထားပြီးတော့ OnePlus 6 မှာတော့ OxygenOS ကို အသုံးပြုထားပါတယ်။
G7 ThinQ နဲ့ Galaxy S9 Plus ကတော့ အရင်ဖုန်းတွေနဲ့ယှဉ်လိုက်ရင် software skin ပိုင်းမှာ အရမ်းမမိုက်ပါဘူး။ Pixel 2 XL ကတော့ Android ရဲ့ အရှင်းလင်းဆုံးဗားရှင်းကို တွေ့ရမှာပါ။
Notch အပိုင်းမှာဆိုရင် software နဲ့ဆိုင်ပါတယ်။ up-to-date software လိုချင်တယ်ဆိုရင် Pixel 2 XL ကို သုံးပါ။ feature များများလိုချင်လို့ update နှေးလည်းရတယ်ဆိုုရင်တော့ G7 ThinQ နဲ့ Galaxy S9 Plus က အဆင်ပြေမှာပါ။
iOS နဲ့ Android အရောကို လိုချင်ပြီးတော့ အမြန်နှုန်းကိုကြိုက်တယ်ဆိုရင်တော့ Honor 10 က သင့်အတွက်ပါပဲ။
ဘယ်ဖုန်းကိုပဲကိုင်ပါစေ Honor 10 နဲ့ OnePlus 6 ကိုတော့ နည်းနည်းပြောချင်ပါတယ်။ ဒေါ်လာ ၆၀၀ မကျော်ဘူးဆိုတော့ သာမန်ထက်အောက်ရောက်တဲ့ ခံစားမှုရမှာပါ။ ထင်လား။
Honor 10 နဲ့ OnePlus 6 ကတော့ ဈေးကြီးတဲ့ flagship ဖုန်းတွေနဲ့ ယှဉ်နိုင်ပါတယ်။ ဒီတော့ ဘယ်လိုသဘောရသလဲ။