အခေပးအြန္လိုင္းသိုေလွာင္မႈအစီအစဥ္သစ္ One ကိုမိတ္ဆက္လိုက္တဲ့ Google

0
1742

နည္းပညာထိပ္တန္းဦးေဆာင္သူျဖစ္တဲ့ Google အေနနဲ႔ၿပီးခဲ့တဲ့ ရက္ပိုင္းအတြင္းကတင္ i/o 2018 ပြဲက်င္းပၿပီး AI ရဲ႕အနာဂတ္ေတြအေၾကာင္းနဲ႔ ထုတ္ကုန္သစ္ေတြမွာ ျဖစ္ေပၚလာမယ့္ AIရဲ႕အေရးပါမႈ ေတြအေၾကာင္းကို မိတ္ဆက္ေပးခဲ့ပါတယ္။ အခုလည္း Google ကသုံးစြဲသူေတြအတြက္ ေနာက္ထပ္ဝန္ေဆာင္မႈ တစ္ခုကိုမိတ္ဆက္ေပးလိုက္ျပန္ပါတယ္။ အဲ့ဒါကေတာ့ အြန္လိုင္းမွာ အခ်က္အလက္သိမ္းဆည္းၿပီး ျပန္လည္အသုံးခ်သူေတြအတြက္ ရည္ရြယ္ၿပီးျပဳလုပ္ထားတဲ့ Google One အစီအစဥ္ပဲ ျဖစ္ပါတယ္။ Google Oneမွာေဒတာပမာဏအလိုက္ လေပးနဲ ့အခ်က္အလက္ေတြ သိမ္းထားလို ့ရႏိုင္မွာျဖစ္ၿပီး လက္ရိွ အခေပး Google Drive ဝန္ေဆာင္မႈ သံုးေနသူမ်ားဟာ ေနာက္လမ်ားမွာ Google One ကို upgrade လုပ္ေပးသြားမွာ ျဖစ္ျပီး အေမရိကန္မွာ စျပီး ျဖန္ ့ခ်ိသြားမယ္လို ့လည္း ဆိုပါတယ္။

Google One ဟာယခင္ Google Drive စနစ္ကေန လံုးဝခဲြထြက္လာတဲ့ အစီအစဥ္သစ္ျဖစ္ျပီး ေငြနည္းနည္းသံုးျပီး storage အမ်ားၾကီး သိမ္းႏိုင္မွာပါ ။ 2TB plan မွာဆို အရင္က တစ္လကို ၁၉.၉၉ ေဒၚလာ က်သင့္ရာကေန Google One မွာေတာ့ တစ္ဝက္ေစ်းျဖစ္တဲ့ ၉.၉၉ ေဒၚလာနဲ ့ဝယ္ထားလို ့ရေတာ့မွာ ျဖစ္ပါတယ္။ အျခားေစ်းႏႈန္းေတြအေနနဲ႔ 100GB ကို $1.99, 200GB ဆိုရင္ $2.99 သာက်သင့္ေတာ့မွာ ျဖစ္ပါတယ္။

Google အေကာင့္ရိွသူတိုင္း Gmail နဲ ့Google Drive အၾကား ေဒတာေပါင္း 15GB free ေပးတဲ့ အစီအစဥ္ကလည္း အရင္အတုိင္းပဲ ထားရိွတုန္းျဖစ္လို ့plan မဝယ္ႏိုင္ေသးသူမ်ားအတြက္လည္း အဆင္ေျပမွာပါ။ Google ရဲ့ ဒီ plan ကို မိသားစုဝင္ ၅ ဦးအထိ share လုပ္ျပီး သံုးႏိုင္မွာ ျဖစ္သလို live chat support အတြက္လည္း user access ေပးထားတယ္လို ့ဆိုပါတယ္။ သင့္ကိုယ္ပိုင္ private storage space ကိုလည္း သတ္မွတ္ထားႏုိင္ပါတယ္။

Unicode

နည်းပညာထိပ်တန်းဦးဆောင်သူဖြစ်တဲ့ Google အနေနဲ့ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကတင် i/o 2018 ပွဲကျင်းပပြီး AI ရဲ့အနာဂတ်တွေအကြောင်းနဲ့ ထုတ်ကုန်သစ်တွေမှာ ဖြစ်ပေါ်လာမယ့် AIရဲ့အရေးပါမှု တွေအကြောင်းကို မိတ်ဆက်ပေးခဲ့ပါတယ်။ အခုလည်း Google ကသုံးစွဲသူတွေအတွက် နောက်ထပ်ဝန်ဆောင်မှု တစ်ခုကိုမိတ်ဆက်ပေးလိုက်ပြန်ပါတယ်။ အဲ့ဒါကတော့ အွန်လိုင်းမှာ အချက်အလက်သိမ်းဆည်းပြီး ပြန်လည်အသုံးချသူတွေအတွက် ရည်ရွယ်ပြီးပြုလုပ်ထားတဲ့ Google One အစီအစဉ်ပဲ ဖြစ်ပါတယ်။ Google Oneမှာဒတာပမာဏအလိုက် လပေးနဲ့အချက်အလက်တွေ သိမ်းထားလို့ရနိုင်မှာဖြစ်ပြီး လက်ရှိ အခပေး Google Drive ဝန်ဆောင်မှု သုံးနေသူများဟာ နောက်လများမှာ Google One ကို upgrade လုပ်ပေးသွားမှာ ဖြစ်ပြီး အမေရိကန်မှာ စပြီး ဖြန့်ချိသွားမယ်လို့လည်း ဆိုပါတယ်။

Google One ဟာယခင် Google Drive စနစ်ကနေ လုံးဝခွဲထွက်လာတဲ့ အစီအစဉ်သစ်ဖြစ်ပြီး ငွေနည်းနည်းသုံးပြီး storage အများကြီး သိမ်းနိုင်မှာပါ ။ 2TB plan မှာဆို အရင်က တစ်လကို ၁၉.၉၉ ဒေါ်လာ ကျသင့်ရာကနေ Google One မှာတော့ တစ်ဝက်ဈေးဖြစ်တဲ့ ၉.၉၉ ဒေါ်လာနဲ့ဝယ်ထားလို့ရတော့မှာ ဖြစ်ပါတယ်။ အခြားဈေးနှုန်းတွေအနေနဲ့ 100GB ကို $1.99, 200GB ဆိုရင် $2.99 သာကျသင့်တော့မှာ ဖြစ်ပါတယ်။

Google အကောင့်ရှိသူတိုင်း Gmail နဲ့Google Drive အကြား ဒေတာပေါင်း 15GB free ပေးတဲ့ အစီအစဉ်ကလည်း အရင်အတိုင်းပဲ ထားရှိတုန်းဖြစ်လို့plan မဝယ်နိုင်သေးသူများအတွက်လည်း အဆင်ပြေမှာပါ။ Google ရဲ့ ဒီ plan ကို မိသားစုဝင် ၅ ဦးအထိ share လုပ်ပြီး သုံးနိုင်မှာ ဖြစ်သလို live chat support အတွက်လည်း user access ပေးထားတယ်လို့ဆိုပါတယ်။ သင့်ကိုယ်ပိုင် private storage space ကိုလည်း သတ်မှတ်ထားနိုင်ပါတယ်။

 

Leave a Reply