Galaxy Note 9 နဲ႕ S10 ကို အေလာတၾကီး launch လုပ္ရမယ့္ Samsung ျဖစ္အင္

0
2246

Zawgyi Version

ၾကည့္ရတာ Samsung အေနနဲ႕ ၂၀၁၆ Galaxy Note 7 ကိစၥနဲ႕တင္ ထိခိုက္တာအားမရေသးဘူးနဲ႕တူပါတယ္။ မႏွစ္က Galaxy S8 ကတည္းက Samsung ဟာ သူ႕ရဲ႕ flagship launch ေတြကို ေစာသထက္ေစာေအာင္ လုပ္ေနတာကို ေတြ႕ရပါတယ္။ အရင္တုန္းက ဘယ္ခ်ိန္ထြက္လာမလဲဆိုတာကို ခန္႕မွန္းလို႕ရတဲ့အေနအထားကေန ကြဲျပားသြားတာ ျဖစ္ပါတယ္။ Galaxy Note 9 ကို ဒီႏွစ္အေစာပိုင္းမွာ launch လုပ္မွာလို႕ ေျပာထားပါတယ္။ အဲဒီလိုပဲ Galaxy S10 ကိုလည္း ျမင္ရပါလိမ့္မယ္။ ဟုတ္ပါတယ္။ ဒီလိုလုပ္ဖို႕အတြက္ အေၾကာင္းရင္းေတြ Samsung မွာရွိေနပါတယ္။

ပထမတစ္ခုကေတာ့ Galaxy S9 နဲ႕ သူ႕ရဲ႕ေရာင္းအားက်ဆင္းမႈေတြေၾကာင့္ပါပဲ။ Galaxy S8 ထက္ နည္းနည္းေလး တုိးတက္ေအာင္လုပ္ေဆာင္ထားေပမယ့္လည္း Galaxy S9 က Samsung ေမွ်ာ္လင့္ထားသေလာက္ မေရာင္းရခဲ့ပါဘူး။ ့ Galaxy Note 9 ကုိ နည္းနည္းေလးေစာျပီးေတာ့ launch လုပ္လိုက္တယ္။ အက်ိိဳးဆက္ကေတာ့ Galaxy S10 ကလည္း ေနာက္ႏွစ္အေစာပိုင္းမွာ ေတြ႕ရလိမ့္မယ္။

ေနာက္တစ္ခုကေတာ့ Apple ေၾကာင့္ပါ။ ထြက္မယ့္ရက္ကို တစ္လ၊ ႏွစ္လေလာက္ ေျပာင္းတဲ့အတြက္ Samsung က iPhone အသစ္ေတြရဲ႕ Launch လုပ္ခ်ိန္ စက္တင္ဘာကို ေရွာင္ႏုိင္သြားပါတယ္။ ဒီႏွစ္မွာေတာ့ Samsung က Galaxy Note 9 ကို မေၾကညာခင္မွာ iPhone SE ဒုတိယေျမာက္အလံုးကို ေၾကညာခြင့္ေပးလိုက္သလို ျဖစ္သြားပါတယ္။

Display supplier ေတြရဲ႕ေျပာၾကားခ်က္အရ Galaxy Note 9 မွာ အသံုးျပဳမယ့္ 6.38-inch Super AMOLED display ေတြကို အမ်ားၾကီးထုတ္လုပ္ေနပါတယ္။ မႏွစ္ကထုတ္လုပ္မႈထက္ ႏွစ္လေလာက္ေစာေနတယ္ဆိုေတာ့ Galaxy Note 9 ကို ၾသဂုတ္လမွာ launch လုပ္ႏုိင္ပါတယ္။ ဆယ္ႏွစ္ျပည့္ Galaxy S10 ကေရာ CES 2019 မွာ ျမင္ရႏိုင္တယ္။

အခ်ိန္ေစာေနရျခင္းရဲ႕ အေၾကာင္းရင္းက ေနာက္တစ္ခုလည္း ရွိေနေသးတယ္။ Flexible display panel ေတြကို ႏို၀င္ဘာလမွာ ထုတ္လုပ္ဖို႕မွန္းထားတယ္။ တပ္ဆင္ဖို႕အတြက္ ႏွစ္လ၊ သံုးလအခ်ိန္ေပးရမွာဆိုေတာ့ ေဖေဖာ္၀ါရီလမွာက်င္းပမယ့္ MWC 2019 မွာ ပထမဆံုုးေသာ Samsung ေခါက္ဖုန္းကို ေတြ႕ရႏုိ္င္တယ္။

Unicode Version

ကြည့်ရတာ Samsung အနေနဲ့ ၂၀၁၆ Galaxy Note 7 ကိစ္စနဲ့တင် ထိခိုက်တာအားမရသေးဘူးနဲ့တူပါတယ်။ မနှစ်က Galaxy S8 ကတည်းက Samsung ဟာ သူ့ရဲ့ flagship launch တွေကို စောသထက်စောအောင် လုပ်နေတာကို တွေ့ရပါတယ်။ အရင်တုန်းက ဘယ်ချိန်ထွက်လာမလဲဆိုတာကို ခန့်မှန်းလို့ရတဲ့အနေအထားကနေ ကွဲပြားသွားတာ ဖြစ်ပါတယ်။ Galaxy Note 9 ကို ဒီနှစ်အစောပိုင်းမှာ launch လုပ်မှာလို့ ပြောထားပါတယ်။ အဲဒီလိုပဲ Galaxy S10 ကိုလည်း မြင်ရပါလိမ့်မယ်။ ဟုတ်ပါတယ်။ ဒီလိုလုပ်ဖို့အတွက် အကြောင်းရင်းတွေ Samsung မှာရှိနေပါတယ်။
ပထမတစ်ခုကတော့ Galaxy S9 နဲ့ သူ့ရဲ့ရောင်းအားကျဆင်းမှုတွေကြောင့်ပါပဲ။ Galaxy S8 ထက် နည်းနည်းလေး တိုးတက်အောင်လုပ်ဆောင်ထားပေမယ့်လည်း Galaxy S9 က Samsung မျှော်လင့်ထားသလောက် မရောင်းရခဲ့ပါဘူး။့ Galaxy Note 9 ကို နည်းနည်းလေးစောပြီးတော့ launch လုပ်လိုက်တယ်။ အကျိုးဆက်ကတော့ Galaxy S10 ကလည်း နောက်နှစ်အစောပိုင်းမှာ တွေ့ရလိမ့်မယ်။
နောက်တစ်ခုကတော့ Apple ကြောင့်ပါ။ ထွက်မယ့်ရက်ကို တစ်လ၊ နှစ်လလောက် ပြောင်းတဲ့အတွက် Samsung က iPhone အသစ်တွေရဲ့ Launch လုပ်ချိန် စက်တင်ဘာကို ရှောင်နိုင်သွားပါတယ်။ ဒီနှစ်မှာတော့ Samsung က Galaxy Note 9 ကို မကြေညာခင်မှာ iPhone SE ဒုတိယမြောက်အလုံးကို ကြေညာခွင့်ပေးလိုက်သလို ဖြစ်သွားပါတယ်။
Display supplier တွေရဲ့ပြောကြားချက်အရ Galaxy Note 9 မှာ အသုံးပြုမယ့် 6.38-inch Super AMOLED display တွေကို အများကြီးထုတ်လုပ်နေပါတယ်။ မနှစ်ကထုတ်လုပ်မှုထက် နှစ်လလောက်စောနေတယ်ဆိုတော့ Galaxy Note 9 ကို သြဂုတ်လမှာ launch လုပ်နိုင်ပါတယ်။ ဆယ်နှစ်ပြည့် Galaxy S10 ကရော CES 2019 မှာ မြင်ရနိုင်တယ်။
အချိန်စောနေရခြင်းရဲ့ အကြောင်းရင်းက နောက်တစ်ခုလည်း ရှိနေသေးတယ်။ Flexible display panel တွေကို နိုဝင်ဘာလမှာ ထုတ်လုပ်ဖို့မှန်းထားတယ်။ တပ်ဆင်ဖို့အတွက် နှစ်လ၊ သုံးလအချိန်ပေးရမှာဆိုတော့ ဖေဖော်ဝါရီလမှာကျင်းပမယ့် MWC 2019 မှာ ပထမဆုံုးသော Samsung ခေါက်ဖုန်းကို တွေ့ရနိုင်တယ်။

Leave a Reply