၆ လက္မ Display , P60 Chipset ပါတဲ့ Oppo Realme1

0
1006

Oppo ရဲ႕ Sub-Brand အသစ္ျဖစ္တဲ့ ပထမဆံုး စမတ္ဖုန္းကို တရား၀င္ေၾကညာလိုက္ပါတယ္။ သူ႔ရဲ႕ အမည္မွာ Realme1 ျဖစ္ၿပီး Amazon India ကေနသာ ေရာင္းခ်ေပးမွာပါ။ သူ႔မွာ စြဲေဆာင္မႈရွိတဲ့ Specs မ်ားပါပါတယ္။ ဒီထက္ ပိုေကာင္းတာက Oppo F7 Diamond Black လို အေနာက္ဘက္မွာ Diamond Black Design ကို အသံုုးျပဳထားတာပါ။

သူ႔မွာ ၆ လက္မ 2160x1080p LCD Display တပ္ဆင္ထားၿပီး အခုေခတ္စားေနတဲ့ မ်က္ႏွာျပင္အရွည္ ဒီဇိုင္း ျဖစ္ပါတယ္။ Android 8.1 အေျချပဳ ColorOS 5.0 ထည့္ေပးထားပါတယ္။ Helio P60 Chipset ေမာင္းႏွင္ထားၿပီး Octa-Core CPU ပါပါတယ္။ 3GB or 6GB RAM မ်ား ေရြးခ်ယ္ႏုိင္ပါတယ္။ 3410mAh Battery ထည့္ေပးထားပါတယ္။

သူ႔မွာ AI စြမ္းရည္မ်ားစြာ ပါပါတယ္။ စြမ္းေဆာင္ရည္ ေကာင္းဖို႔အတြက္ Chipset ရဲ႕ အလုပ္လုပ္ပံုကို AI က ထိန္းခ်ဳပ္ေပးပါတယ္။ ဘက္ထရီ သက္တမ္း ၾကာရွည္ေစဖို႔ ေနာက္ကြယ္မွ App မ်ားကို ပိတ္ေပးတဲ့ AI စြမ္းရည္လည္း ပါပါတယ္။ ကင္မရာမွာလည္း AI ပါလာပါတယ္။ Portrait Mode , AR Stickers, Beauty Mode , Scene Recognition မ်ားကို AI က အေကာင္းဆံုး ဖန္တီးေပးပါတယ္။

အေရွ႕ဘက္ 8MP Camera မွာ Face Unlock လုပ္ေဆာင္ခ်က္ပါပါတယ္။ လက္ေဗြရာ ဆန္ဆာေတာ့ မပါပါဘူး။ အေနာက္ဘက္မွာ 13MP Camera ပါပါတယ္။ 4G SIM Card ၂ ခုနဲ႔ microSD Card မ်ားအတြက္ Triple Slot ပါပါတယ္။ Diamond Black , Solar Red အေရာင္မ်ား ထုတ္လုပ္ေပးထားၿပီး 3GB/32GB Model ကို ယူရို ၁၁၂ နဲ႔ သူ႔ထက္စြမ္းရည္ျမင့္တဲ့ ေမာ္ဒယ္ကို ယူရို ၁၇၄ သတ္မွတ္ထားပါတယ္။ ေမလ ၂၅ ရက္ေန႔မွာ စတင္ ေရာင္းခ်မွာပါ။

unicode

၆ လက်မ Display , P60 Chipset ပါတဲ့ Oppo Realme1

Oppo ရဲ့ Sub-Brand အသစ်ဖြစ်တဲ့ ပထမဆုံး စမတ်ဖုန်းကို တရားဝင်ကြေညာလိုက်ပါတယ်။ သူ့ရဲ့ အမည်မှာ Realme1 ဖြစ်ပြီး Amazon India ကနေသာ ရောင်းချပေးမှာပါ။ သူ့မှာ စွဲဆောင်မှုရှိတဲ့ Specs များပါပါတယ်။ ဒီထက် ပိုကောင်းတာက Oppo F7 Diamond Black လို အနောက်ဘက်မှာ Diamond Black Design ကို အသုံုးပြုထားတာပါ။

သူ့မှာ ၆ လက်မ 2160x1080p LCD Display တပ်ဆင်ထားပြီး အခုခေတ်စားနေတဲ့ မျက်နှာပြင်အရှည် ဒီဇိုင်း ဖြစ်ပါတယ်။ Android 8.1 အခြေပြု ColorOS 5.0 ထည့်ပေးထားပါတယ်။ Helip P60 Chipset မောင်းနှင်ထားပြီး Octa-Core CPU ပါပါတယ်။ 3GB or 6GB RAM များ ရွေးချယ်နိုင်ပါတယ်။ 3410mAh Battery ထည့်ပေးထားပါတယ်။

သူ့မှာ AI စွမ်းရည်များစွာ ပါပါတယ်။ စွမ်းဆောင်ရည် ကောင်းဖို့အတွက် Chipset ရဲ့ အလုပ်လုပ်ပုံကို AI က ထိန်းချုပ်ပေးပါတယ်။ ဘက်ထရီ သက်တမ်း ကြာရှည်စေဖို့ နောက်ကွယ်မှ App များကို ပိတ်ပေးတဲ့ AI စွမ်းရည်လည်း ပါပါတယ်။ ကင်မရာမှာလည်း AI ပါလာပါတယ်။ Portrait Mode , AR Stickers, Beauty Mode , Scene Recognition များကို AI က အကောင်းဆုံး ဖန်တီးပေးပါတယ်။

အရှေ့ဘက် 8MP Camera မှာ Face Unlock လုပ်ဆောင်ချက်ပါပါတယ်။ လက်ဗွေရာ ဆန်ဆာတော့ မပါပါဘူး။ အနောက်ဘက်မှာ 13MP Camera ပါပါတယ်။ 4G SIM Card ၂ ခုနဲ့ microSD Card များအတွက် Triple Slot ပါပါတယ်။ Diamond Black , Solar Red အရောင်များ ထုတ်လုပ်ပေးထားပြီး 3GB/32GB Model ကို ယူရို ၁၁၂ နဲ့ သူ့ထက်စွမ်းရည်မြင့်တဲ့ မော်ဒယ်ကို ယူရို ၁၇၄ သတ်မှတ်ထားပါတယ်။ မေလ ၂၅ ရက်နေ့မှာ စတင် ရောင်းချမှာပါ။

Leave a Reply