အရင္ဖုန္းမ်ားကိုေက်ာ္လြန္ျပီးေတာ့ မွတ္တုိင္အသစ္စိုက္ထူႏုိင္ခဲ့တဲ့ Galaxy S9

0
1914

Zawgyi Vesion

Galaxy S9 ဟာ ေတာင့္တင္းျပီးေတာ့ စြဲျငိဖြယ္ဖုန္းတစ္လံုးဆိုတာကို ျငင္းရက္စရာမရွိပါဘူး။ ျပီးေတာ့ Apple ရင္ဆုိင္ေနရတဲ့စိန္ေခၚမႈေတြကိုလည္း Samsung အေနနဲ႕ ရင္ဆုိင္ေနရပါတယ္။ ဒါကေတာ့ မႏွစ္ကထက္ ေျပာင္းလဲတာမ်ိဳး သိပ္မေတြ႕ရျခင္းပါပဲ။ ထိပ္တန္းစမတ္ဖုန္းေတြက စြမ္းေဆာင္ရည္ျမင့္မားတဲ့အတြက္ေၾကာင့္ မိတ္ဆက္ျပီး ႏွစ္အနည္းငယ္ၾကာေအာင္ေတာ့ စင္ေပၚမွာ ေအးေအးေဆးေဆး ေနႏုိင္သင့္ပါတယ္။ ေနာက္တစ္ခုက ဖုန္းအသစ္မိတ္ဆက္ဖုိ႕ၾကိဳးစားတဲ့အခါမွာ upgrade ျဖစ္ရမယ္ဆိုတဲ့အခ်က္က ထုတ္လုပ္သူေတြကို အေတာ္ေလးရုန္းကန္ေစတဲ့အခ်က္တစ္ခုျဖစ္ပါတယ္။ ဟုတ္ပါတယ္။ ႏွစ္တုိင္းမွာ feature အသစ္ေတြကို ထည့္သြင္းႏုိင္ေအာင္ ၾကိဳးစားေပးၾကရပါတယ္။

Galaxy S9 ေရာင္းအားေတြဟာ ဒီအပတ္အတြင္းမွာ ၁သန္းရွိခဲ့ပါတယ္။ မတ္လ၁၆ရက္ေန႕ကတည္းကဆိုေတာ့ ႏွစ္လေတာင္ၾကာေနပါျပီ။ ေတာင္ကိုရီးယားမွာ ၁သန္းေရာင္းရတာ အထင္ၾကီးစရာျဖစ္ပါတယ္။ S9 ဟာ မႏွစ္က Galaxy S8 ထက္ ေစ်းကြက္ေရာက္တာေတာ့ မ်ားပါတယ္။

Phone Arena ကလည္း ဒီလိုေျပာထားပါတယ္။

ႏႈိင္းယွဥ္ျပရမယ္ဆိုရင္ မႏွစ္က flagship ေလးဟာ အဲဒီကိန္းဂဏန္းေရာက္ေအာင္ ၃၇ရက္ အခ်ိန္ယူရပါတယ္။ ၂၀၁၁ရဲ႕ Galaxy S2 ကေတာ့ မွတ္တုိင္စိုက္ထူႏိုင္ဖို႕အတြက္ ရက္ ၄၀ အခ်ိန္ယူခဲ့ရတယ္။ Galaxy S9 စီးရီးကေတာ့ အနိမ့္ဆံုးပါပဲ။

ေတာင္ကိုရီးယားျပင္ပမွာေတာ့ Galaxy S9 ရဲ႕ေရာင္းအားက အသင့္အတင့္ပါပဲ။ S9 ေရာင္းအားက S8 ထက္ေတာင္ သာေနတယ္လို႕ ေျပာၾကတယ္။ S8 ေရာ္ငအားကေတာ့ အရင္တုန္းက S7 ေရာင္းအားကို မမီေသးတာေတာ့ အမွန္ပါပဲ။ ဒါ့အျပင္ Samsung ရဲ႕ စမတ္ဖုန္းေစ်းကြက္က ဒီႏွစ္ထဲမွာ လံုး၀က်ေနတာလည္း ေဖာ္ျပခဲ့ျပီးသားဆိုေတာ့ အံ့ၾသစရာေတာ့ မရွိေလာက္ပါဘူး။

Unicode Version

Galaxy S9 ဟာ တောင့်တင်းပြီးတော့ စွဲငြိဖွယ်ဖုန်းတစ်လုံးဆိုတာကို ငြင်းရက်စရာမရှိပါဘူး။ ပြီးတော့ Apple ရင်ဆိုင်နေရတဲ့စိန်ခေါ်မှုတွေကိုလည်း Samsung အနေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒါကတော့ မနှစ်ကထက် ပြောင်းလဲတာမျိုး သိပ်မတွေ့ရခြင်းပါပဲ။ ထိပ်တန်းစမတ်ဖုန်းတွေက စွမ်းဆောင်ရည်မြင့်မားတဲ့အတွက်ကြောင့် မိတ်ဆက်ပြီး နှစ်အနည်းငယ်ကြာအောင်တော့ စင်ပေါ်မှာ အေးအေးဆေးဆေး နေနိုင်သင့်ပါတယ်။ နောက်တစ်ခုက ဖုန်းအသစ်မိတ်ဆက်ဖို့ကြိုးစားတဲ့အခါမှာ upgrade ဖြစ်ရမယ်ဆိုတဲ့အချက်က ထုတ်လုပ်သူတွေကို အတော်လေးရုန်းကန်စေတဲ့အချက်တစ်ခုဖြစ်ပါတယ်။ ဟုတ်ပါတယ်။ နှစ်တိုင်းမှာ feature အသစ်တွေကို ထည့်သွင်းနိုင်အောင် ကြိုးစားပေးကြရပါတယ်။
Galaxy S9 ရောင်းအားတွေဟာ ဒီအပတ်အတွင်းမှာ ၁သန်းရှိခဲ့ပါတယ်။ မတ်လ၁၆ရက်နေ့ကတည်းကဆိုတော့ နှစ်လတောင်ကြာနေပါပြီ။ တောင်ကိုရီးယားမှာ ၁သန်းရောင်းရတာ အထင်ကြီးစရာဖြစ်ပါတယ်။ S9 ဟာ မနှစ်က Galaxy S8 ထက် ဈေးကွက်ရောက်တာတော့ များပါတယ်။
Phone Arena ကလည်း ဒီလိုပြောထားပါတယ်။
နှိုင်းယှဉ်ပြရမယ်ဆိုရင် မနှစ်က flagship လေးဟာ အဲဒီကိန်းဂဏန်းရောက်အောင် ၃၇ရက် အချိန်ယူရပါတယ်။ ၂၀၁၁ရဲ့ Galaxy S2 ကတော့ မှတ်တိုင်စိုက်ထူနိုင်ဖို့အတွက် ရက် ၄၀ အချိန်ယူခဲ့ရတယ်။ Galaxy S9 စီးရီးကတော့ အနိမ့်ဆုံးပါပဲ။
တောင်ကိုရီးယားပြင်ပမှာတော့ Galaxy S9 ရဲ့ရောင်းအားက အသင့်အတင့်ပါပဲ။ S9 ရောင်းအားက S8 ထက်တောင် သာနေတယ်လို့ ပြောကြတယ်။ S8 ရော်ငအားကတော့ အရင်တုန်းက S7 ရောင်းအားကို မမီသေးတာတော့ အမှန်ပါပဲ။ ဒါ့အပြင် Samsung ရဲ့ စမတ်ဖုန်းဈေးကွက်က ဒီနှစ်ထဲမှာ လုံးဝကျနေတာလည်း ဖော်ပြခဲ့ပြီးသားဆိုတော့ အံ့သြစရာတော့ မရှိလောက်ပါဘူး။

Leave a Reply