ယူအက်စ်ကိုဝင်ရောက်လာမည့် ဂျပန်နိုင်ငံထုတ် ခေါက်နိုင်တဲ့ E Ink typewriter လေး
0
1243
Zawgyi Version
Unicode Version
Pomera ဆိုတာကတော့ အသေးစားစာရိုက်ကွန်ပျူတာလေးတွေဖြစ်ပြီးတော့ ဂျပန်ကုမ္ပဏီ King Jim က ထုတ်လုပ်တာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ဆယ်နှစ်လောက်ကတည်းက မော်ဒယ်လ်အမျိုးမျိုးနဲ့ ထုတ်လုပ်ပေးနေတာဖြစ်ပါတယ်။ သူတို့ဟာ အလွန်ပေါ့ပါးပြီး ကီးဘုတ်မိုက်မိုက်လေး၊ monochrome screen ၊ ကြာရှည်ခံတဲ့ ဘတ်ထရီလေးတွေ ပါဝင်ပါတယ်။ ဒီတော့ ကြိုက်တဲ့နေရာကိုသယ်သွား၊ လိုအပ်တဲ့အခါ ထုတ်ရိုက်လို့ရပါတယ်။ ဖုန်း၊ ကွန်ပျူတာကို ရိုက်ပြီးသားစာတွေ လွှဲပေးချင်လား။ QR code or microSD card ကို အသုံးပြုရမှာပါ။
King Jim မှ Pomera ကို ယူအက်စ်ဈေးကွက်ကို ခေါ်ဆောင်ဖို့အတွက် Kickstarter campaign ကနေ စတင်လိုက်ပါတယ်။ DM30 ဆိုတဲ့မော်ဒယ်လ်လေးကတော့ ဂျပန်မှာ နောက်လဆိုရင် ထွက်ရှိတော့မှာပါ။ သူက ခေါက်နိုင်တဲ့ကီးဘုတ်ဒီဇိုင်းလေးကတော့ သေသပ်လွန်းပါတယ်။ ကီးဘုတ်တွေက ဂျပန် layout ကို အသုံးပြုထားပါတယ်။ ဒါလေးတော့ ပြင်ဆင်ပေးရမယ်ထင်တယ်။
King Jim က ယူအက်စ်ဗားရှင်းအတွက် နိုဝင်ဘာလောက်မှာ launch လုုပ်ဖို့မှန်းထားပါတယ်။ ဒေါ်လာ၄၉၉ လောက်ကျသင့်မှာပါ။ early-bird တွေအတွက်ကတော့ ဒေါ်လာ၃၄၉ နဲ့ရနိုင်ပါတယ်။ Kickstarter ရဲ့ဖန်ငွေ ဒေါ်လာ ၉၀ ၀၀၀ ရနိုင်ဖို့မှန်းထားပါတယ်။
Leave a Reply