အိႏိၵယေစ်းကြက္မွာ OPPO Realme နဲ႔ယွဥ္ၿပိဳင္ေတာ့မယ့္ Xiaomi RealYou

0
1708

တရုတ္စမတ္ဖုန္းထုတ္လုပ္သူ OPPO အေနနဲ႔အိႏၵိ္ယေစ်းကြက္မွာ ကုမၸဏီရဲ႕ ဒုတိယအမွတ္တံဆိပ္ျဖစ္တဲ့ Realme ကိုျဖန္႔ခ်ိဖို႔အသင့့္ျဖစ္ေနပါၿပီ။ OPPO ရဲ႕အသစ္မိတ္ဆက္မယ့္ ဖုန္းရဲ႕ေမာ္ဒယ္နာမည္ကိုေတာ့ Realme 1ကိုေခၚဆိုၿပီး Realme စီးရီးရဲ႕ပထမဆုံး ဖုန္းျဖစ္လာမွာပါ။ ဒီအခ်ိန္မွာ Xiaomi ရဲ႕ India website ကေနသူတို႔ရဲ႕ အသစ္မိတ္ဆက္ေတာ့မယ့္ စမတ္ဖုန္းနာမည္ကို ေၾကညာလာခဲ့ပါတယ္။ Xiaomi အေနနဲ႔ဇြန္လဆန္းပိုင္းေလာက္မွာ မိတ္ဆက္သြားမွာ ျဖစ္ၿပီး ျပသမယ့္ဖုန္းရဲ႕ နာမည္ကိုေတာ့  RealYou လို႔နာမည္ေပးထားပါတယ္။

ဇြန္လ၇ရက္ေန႔မွာ မိတ္ဆက္သြားမွာျဖစ္ၿပီး ေၾကာ္ျငာပုံရိပ္ေလးမွာ ‘RealYou’  ဆိုတဲ့စာသားေလးကို  tag ျပဳလုပ္ထားပါတယ္။ Xiaomi အေနနဲ႔ Y စီးရီးစမတ္ဖုန္းကို update ျပဳလုပ္သြားမွာျဖစ္ၿပီး ဆန္းသစ္ထားတဲ့ အေရာင္နဲ႔ထြက္ေပၚလာႏုိင္ပါတယ္။ လက္ရွိထြက္ေပၚေနတဲ့ သတင္းေတြအရ Yစီးရီးဖုန္းသစ္ဟာ လက္ရွိတရုတ္ႏိုင္ငံမွာ ျဖန္႔ခ်ိထားတဲ့ Redmi S2 ကိုေမာ္ဒယ္နာမည္ေျပာင္းၿပီးေတာ့ ေရာင္းခ်လာဖြယ္ရွိေနပါတယ္။

Redmi S2 စမတ္ဖုန္းမွာ  Snapdragon 625 Octa core ပရိုဆက္ဆာသုံးထားၿပီး RAM 4GB နဲ႔ ROM 64GB ထည့္သြင္းထားပါတယ္။ ကင္မရာကိုေတာ့ အေရွ႕ဘက္မွာ LED softlight ပါတဲ့ 16MP ကင္မရာကိုတပ္ဆင္ထားၿပီး၊ေနာက္ေက်ာဘက္မွာ 12MP+5MP Dual ကင္မရာတပ္ဆင္ေပးထားပါတယ္။ ေစ်းႏႈန္းကေတာ့ ေဒၚလာ ၁၆၆ ျဖစ္ပါတယ္။ Xiaomi ရဲ႕ RealYou စီးရီးဖုန္းေတြဟာ အိႏၵိယေစ်းကြက္မွာ OPPO RealMe  ဖုန္းေတြကိုအေကာင္းဆုံးယွဥ္ၿပိဳင္ဘက္ ျဖစ္လာပါလိမ့္မယ္။ Oppo Realme 1 ဖုန္းမွာေတာ့  မ်က္ႏွာျပင္ ၆(notch-less display )လက္မရွိၿပီး၊ သူ႕မွာ Full HD+ (18:9 aspect ratio) နဲ႔ျဖစ္ၿပီး 1080×2160 IPSLCD ႐ုပ္ထြက္ႏွင့္ေထာက္ပံ့ထားပါတယ္။ ပရိုဆက္ဆာပိုင္းမွာေတာ့2.0 GHz အျမန္ႏႈန္းရွိတဲ့ MediaTek Helio P60 ၊ RAM6GB ႏွင့္ Storage 128GB ပါ၀င္ပါတယ္။ Android 8.1 Oreo အေျခခံ ColorOS 5.0 သံုးထားပါတယ္။

Unicode

တရုတ်စမတ်ဖုန်းထုတ်လုပ်သူ OPPO အနေနဲ့အိန္ဒိယဈေးကွက်မှာ ကုမ္ပဏီရဲ့ ဒုတိယအမှတ်တံဆိပ်ဖြစ်တဲ့ Realme ကိုဖြန့်ချိဖို့အသင့့်ဖြစ်နေပါပြီ။ OPPO ရဲ့အသစ်မိတ်ဆက်မယ့် ဖုန်းရဲ့မော်ဒယ်နာမည်ကိုတော့ Realme 1ကိုခေါ်ဆိုပြီး Realme စီးရီးရဲ့ပထမဆုံး ဖုန်းဖြစ်လာမှာပါ။ ဒီအချိန်မှာ Xiaomi ရဲ့ India website ကနေသူတို့ရဲ့ အသစ်မိတ်ဆက်တော့မယ့် စမတ်ဖုန်းနာမည်ကို ကြေညာလာခဲ့ပါတယ်။ Xiaomi အနေနဲ့ဇွန်လဆန်းပိုင်းလောက်မှာ မိတ်ဆက်သွားမှာ ဖြစ်ပြီး ပြသမယ့်ဖုန်းရဲ့ နာမည်ကိုတော့  RealYou လို့နာမည်ပေးထားပါတယ်။

ဇွန်လ၇ရက်နေ့မှာ မိတ်ဆက်သွားမှာဖြစ်ပြီး ကြော်ငြာပုံရိပ်လေးမှာ ‘RealYou’  ဆိုတဲ့စာသားလေးကို  tag ပြုလုပ်ထားပါတယ်။ Xiaomi အနေနဲ့ Y စီးရီးစမတ်ဖုန်းကို update ပြုလုပ်သွားမှာဖြစ်ပြီး ဆန်းသစ်ထားတဲ့ အရောင်နဲ့ထွက်ပေါ်လာနိုင်ပါတယ်။ လက်ရှိထွက်ပေါ်နေတဲ့ သတင်းတွေအရ Yစီးရီးဖုန်းသစ်ဟာ လက်ရှိတရုတ်နိုင်ငံမှာ ဖြန့်ချိထားတဲ့ Redmi S2 ကိုမော်ဒယ်နာမည်ပြောင်းပြီးတော့ ရောင်းချလာဖွယ်ရှိနေပါတယ်။

Redmi S2 စမတ်ဖုန်းမှာ  Snapdragon 625 Octa core ပရိုဆက်ဆာသုံးထားပြီး RAM 4GB နဲ့ ROM 64GB ထည့်သွင်းထားပါတယ်။ ကင်မရာကိုတော့ အရှေ့ဘက်မှာ LED softlight ပါတဲ့ 16MP ကင်မရာကိုတပ်ဆင်ထားပြီး၊နောက်ကျောဘက်မှာ 12MP+5MP Dual ကင်မရာတပ်ဆင်ပေးထားပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၁၆၆ ဖြစ်ပါတယ်။ Xiaomi ရဲ့ RealYou စီးရီးဖုန်းတွေဟာ အိန္ဒိယဈေးကွက်မှာ OPPO RealMe  ဖုန်းတွေကိုအကောင်းဆုံးယှဉ်ပြိုင်ဘက် ဖြစ်လာပါလိမ့်မယ်။ Oppo Realme 1 ဖုန်းမှာတော့  မျက်နှာပြင် ၆(notch-less display )လက်မရှိပြီး၊ သူ့မှာ Full HD+ (18:9 aspect ratio) နဲ့ဖြစ်ပြီး 1080×2160 IPSLCD ရုပ်ထွက်နှင့်ထောက်ပံ့ထားပါတယ်။ ပရိုဆက်ဆာပိုင်းမှာတော့2.0 GHz အမြန်နှုန်းရှိတဲ့ MediaTek Helio P60 ၊ RAM6GB နှင့် Storage 128GB ပါဝင်ပါတယ်။ Android 8.1 Oreo အခြေခံ ColorOS 5.0 သုံးထားပါတယ်။

 

Leave a Reply