Xiaomi Mi 7 ကို ေမလ ၂၇ ရက္ေန႔မွာ ႀကိဳတင္မွာယူႏုိင္ေတာ့မလား?

0
1407

 

China Mobile Store က သူ႔ရဲ႕ အေရာင္းဆိုင္ အေရွ႕မွာ Xiaomi Mi 7 ကို ယခုလ ၂၇ ရက္ေန႔မွာ  ႀကိဳတင္မွာယူႏုိင္မယ္လို႔ ေရးသားထားပါတယ္။ ေရွာင္မီဟာ ေမလ ၂၃ ရက္ေန႔မွာ Mi 7 ကို တရား၀င္ေၾကညာမယ္လို႔ သတင္းထြက္ထားတဲ့အတြက္ ယခုထြက္ေပၚလာတဲ့ သတင္းနဲ႔ ကိုက္ညီမႈ ရွိေနပါတယ္။

 

ေရွာင္မီကေတာ့ Mi 7 ကို တရား၀င္ မေၾကညာေသးတဲ့အတြက္ ႀကိဳတင္မွာယူခြင့္ ျပဳမယ့္ အခ်ိန္ကိုလည္း မေျပာၾကားေသးပါဘူး။ Mi 7 ရဲ႕ သတင္းအခ်က္အလက္မ်ားဟာ မၾကာခင္က Geekbench ၀က္ဆိုက္မွာ ထြက္ေပၚခဲ့ဖူးပါတယ္။ ၀က္ဆိုက္မွ သတင္းအခ်က္အလက္မ်ားအရ Xiaomi Mi 7 မွာ ၅.၆၅ လက္မ Full HD+ Display တပ္ဆင္ထားၿပီး အခုေခတ္စားေနတဲ့ မ်က္ႏွာျပင္ အရွည္ ဒီဇိုင္း ျဖစ္ႏုိင္ပါတယ္။ အေနာက္ဘက္မွာ 16MP Camera ၂ လံုး တပ္ဆင္ထားႏုိင္ပါတယ္။

 

Qualcomm Snapdragon 845 Chipset ထည့္သြင္းထားမွာေတာ့ ေသခ်ာသေလာက္ ရွိပါတယ္။ Mi 6 တုန္းကလည္း 4GB နဲ႔ 6GB RAM ေမာ္ဒယ္ႏွစ္မ်ိဳးကို ထုတ္လုပ္ေရာင္းခ်ေပးခဲ့ဖူးပါတယ္။ Mi 7 မွာလည္း 6GB RAM နဲ႔ 8GB RAM Models မ်ား ထုတ္လုပ္ေပးထားႏိုင္ပါတယ္။ 64GB နဲ႔ 128GB Storage Model မ်ား ထုတ္လုပ္ေပးထားႏုိင္ၿပီး ႀကိဳးမဲ့အားသြင္းစနစ္ ပါလာႏုိင္ပါတယ္။

 

Geekbench ရဲ႕ စမ္းသပ္ခ်က္အရ  Mi 7 ရဲ႕ Single နဲ႔ Multi-Cores ရမွတ္မ်ားဟာ အျခား Snapdragon 845 Phone မ်ားနဲ႔ သိပ္ကြာျခားမႈ မရွိဘူးလို႔ သိရပါတယ္။  သူ႔ရဲ႕ တန္ဖိုုးဟာ ၄၇၅ ေဒၚလာ ၀န္းက်င္ ရွိႏုိင္ပါတယ္။

unicode

Xiaomi Mi 7 ကို မေလ ၂၇ ရက်နေ့မှာ ကြိုတင်မှာယူနိုင်တော့မလား?

China Mobile Store က သူ့ရဲ့ အရောင်းဆိုင် အရှေ့မှာ Xiaomi Mi 7 ကို ယခုလ ၂၇ ရက်နေ့မှာ ကြိုတင်မှာယူနိုင်မယ်လို့ ရေးသားထားပါတယ်။ ရှောင်မီဟာ မေလ ၂၃ ရက်နေ့မှာ Mi 7 ကို တရားဝင်ကြေညာမယ်လို့ သတင်းထွက်ထားတဲ့အတွက် ယခုထွက်ပေါ်လာတဲ့ သတင်းနဲ့ ကိုက်ညီမှု ရှိနေပါတယ်။

ရှောင်မီကတော့ Mi 7 ကို တရားဝင် မကြေညာသေးတဲ့အတွက် ကြိုတင်မှာယူခွင့် ပြုမယ့် အချိန်ကိုလည်း မပြောကြားသေးပါဘူး။ Mi 7 ရဲ့ သတင်းအချက်အလက်များဟာ မကြာခင်က Geekbench ဝက်ဆိုက်မှာ ထွက်ပေါ်ခဲ့ဖူးပါတယ်။ ဝက်ဆိုက်မှ သတင်းအချက်အလက်များအရ Xiaomi Mi 7 မှာ ၅.၆၅ လက်မ Full HD+ Display တပ်ဆင်ထားပြီး အခုခေတ်စားနေတဲ့ မျက်နှာပြင် အရှည် ဒီဇိုင်း ဖြစ်နိုင်ပါတယ်။ အနောက်ဘက်မှာ 16MP Camera ၂ လုံး တပ်ဆင်ထားနိုင်ပါတယ်။

Qualcomm Snapdragon 845 Chipset ထည့်သွင်းထားမှာတော့ သေချာသလောက် ရှိပါတယ်။ Mi 6 တုန်းကလည်း 4GB နဲ့ 6GB RAM မော်ဒယ်နှစ်မျိုးကို ထုတ်လုပ်ရောင်းချပေးခဲ့ဖူးပါတယ်။ Mi 7 မှာလည်း 6GB RAM နဲ့ 8GB RAM Models များ ထုတ်လုပ်ပေးထားနိုင်ပါတယ်။ 64GB နဲ့ 128GB Storage Model များ ထုတ်လုပ်ပေးထားနိုင်ပြီး ကြိုးမဲ့အားသွင်းစနစ် ပါလာနိုင်ပါတယ်။

Geekbench ရဲ့ စမ်းသပ်ချက်အရ Mi 7 ရဲ့ Single နဲ့ Multi-Cores ရမှတ်များဟာ အခြား Snapdragon 845 Phone များနဲ့ သိပ်ကွာခြားမှု မရှိဘူးလို့ သိရပါတယ်။ သူ့ရဲ့ တန်ဖိုုးဟာ ၄၇၅ ဒေါ်လာ ဝန်းကျင် ရှိနိုင်ပါတယ်။

Leave a Reply