10,000mAh ဘက္ထရီစြမ္းအားနဲ႔ထြက္လာမယ့္ OUKITEL K7

0
1814

OUKITEL ရဲ႕ေၾကာက္စရာအေကာင္းဆုံး ဘက္ထရီစြမ္းအားနဲ႔ ၅ႀကိမ္ေျမာက္ထြက္လာေတာ့မယ့္ ဖုန္းဟာသုံးစြဲသူေတြအတြက္ ေစာင့္ဆိုင္းရက်ိဳးနပ္တဲ့ ဖုန္းတစ္လုံးျဖစ္ပါလိမ့္မယ္။ အခုဆိုရင္သူနဲ႔ပတ္သတ္တဲ့ ေစ်းႏႈန္းနဲ႔ အခ်က္အလက္ေတြ ထြက္ရွိလာတဲ့ အျပင္hands on ျပဳလုပ္ထားတဲ့ video ကိုပါေတြ႕ရွိလာရပါၿပီ။ ေမလကုန္(သို႔)ဇြန္လဆန္းပိုင္းေလာက္မွာ ထြက္ရွိလာမယ့္ဖုန္းဟာ လက္ရွိထြက္ထားသမွ် ဖုန္းေတြထဲမွာ ဘက္ထရီသက္တမ္းအေကာင္းဆုံး ျဖစ္ပါလိမ္မယ္။

OUKITEL K7 ဟာ  K10 စမတ္ဖုန္းကို အဆင့္တိုးျမင့္ထားတဲ့ဖုန္းျဖစ္မွာ မဟုတ္ဘဲ၊ယခင္မ်ိဳးဆက္ျဖစ္တဲ့ K10000 Pro ဖုန္းထက္အမ်ားႀကီးတိုးတက္ေကာင္းမြန္မႈေတြကို ေတြ႕ရမွာပါ။ သူ႕မွာ 6 inch FHD+ နဲ႔2160*1080 resolution(18:9 )ရွိမွာျဖစ္ၿပီးအေရာင္ကေတာ့ အနက္ေရာင္ပါ။ ပရိုဆက္ဆာပိုင္းမွာေတာ့ MediaTek MT6750T octa-core 1.5GHz သုံးထားမွာျဖစ္ၿပီး Android 8.1 Oreo OS တစ္ပါတည္း ထည့္သြင္းေပးထားမွာျဖစ္ပါတယ္။ ကင္မရာပိုင္းမွာ 13.0MP+2MP Dual သုံးထားမွာျဖစ္ၿပီး true-tone LED flashlight ေထာက္ပ့ံပါလိမ့္မယ္။ အေရွ႕ဘက္ကင္မရာကိုေတာ့ 5.0MP သာသုံးထားပါတယ္။

အခ်က္အလက္သိုေလွာင္မႈပိုင္းအတြက္ 4GB RAMနဲ႔အတူ 64GB ROMပါဝင္မွာျဖစ္ၿ႔ပီး၊ SD ကတ္ထပ္စိုက္ၿပီး 64GB အထိထပ္တိုးႏုိင္ပါလိမ့္မယ္။ fingerprint ဆင္ဆာပါဝင္မွာ ျဖစ္ၿပီး၊5-pin USB port၊Bluetooth V4.0နဲ႔ WLAN 802.11 a/b/g/n/ ေထာက္ပံ့ေပးပါလိမ့္မယ္။ 5-pin USB port ကေန OTG သုံးႏုိင္မွာျဖစ္ၿပီး ဘက္ထရီကေတာ့ 10,000mAh စြမ္းအားမွာ 9V/2A charger နဲ႔ျဖစ္ပါတယ္။ ေစ်းႏႈန္းကေတာ့ ေဒၚလာ180ဝန္းက်င္ေလာက္ ရွိပါလိမ့္မယ္။

Unicode

OUKITEL ရဲ့ကြောက်စရာအကောင်းဆုံး ဘက်ထရီစွမ်းအားနဲ့ ၅ကြိမ်မြောက်ထွက်လာတော့မယ့် ဖုန်းဟာသုံးစွဲသူတွေအတွက် စောင့်ဆိုင်းရကျိုးနပ်တဲ့ ဖုန်းတစ်လုံးဖြစ်ပါလိမ့်မယ်။ အခုဆိုရင်သူနဲ့ပတ်သတ်တဲ့ ဈေးနှုန်းနဲ့ အချက်အလက်တွေ ထွက်ရှိလာတဲ့ အပြင်hands on ပြုလုပ်ထားတဲ့ video ကိုပါတွေ့ရှိလာရပါပြီ။ မေလကုန်(သို့)ဇွန်လဆန်းပိုင်းလောက်မှာ ထွက်ရှိလာမယ့်ဖုန်းဟာ လက်ရှိထွက်ထားသမျှ ဖုန်းတွေထဲမှာ ဘက်ထရီသက်တမ်းအကောင်းဆုံး ဖြစ်ပါလိမ်မယ်။

OUKITEL K7 ဟာ  K10 စမတ်ဖုန်းကို အဆင့်တိုးမြင့်ထားတဲ့ဖုန်းဖြစ်မှာ မဟုတ်ဘဲ၊ယခင်မျိုးဆက်ဖြစ်တဲ့ K10000 Pro ဖုန်းထက်အများကြီးတိုးတက်ကောင်းမွန်မှုတွေကို တွေ့ရမှာပါ။ သူ့မှာ 6 inch FHD+ နဲ့2160*1080 resolution(18:9 )ရှိမှာဖြစ်ပြီးအရောင်ကတော့ အနက်ရောင်ပါ။ ပရိုဆက်ဆာပိုင်းမှာတော့ MediaTek MT6750T octa-core 1.5GHz သုံးထားမှာဖြစ်ပြီး Android 8.1 Oreo OS တစ်ပါတည်း ထည့်သွင်းပေးထားမှာဖြစ်ပါတယ်။ ကင်မရာပိုင်းမှာ 13.0MP+2MP Dual သုံးထားမှာဖြစ်ပြီး true-tone LED flashlight ထောက်ပံ့ပါလိမ့်မယ်။ အရှေ့ဘက်ကင်မရာကိုတော့ 5.0MP သာသုံးထားပါတယ်။

အချက်အလက်သိုလှောင်မှုပိုင်းအတွက် 4GB RAMနဲ့အတူ 64GB ROMပါဝင်မှာဖြစ်ြ့ပီး၊ SD ကတ်ထပ်စိုက်ပြီး 64GB အထိထပ်တိုးနိုင်ပါလိမ့်မယ်။ fingerprint ဆင်ဆာပါဝင်မှာ ဖြစ်ပြီး၊5-pin USB port၊Bluetooth V4.0နဲ့ WLAN 802.11 a/b/g/n/ ထောက်ပံ့ပေးပါလိမ့်မယ်။ 5-pin USB port ကနေ OTG သုံးနိုင်မှာဖြစ်ပြီး ဘက်ထရီကတော့ 10,000mAh စွမ်းအားမှာ 9V/2A charger နဲ့ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ180ဝန်းကျင်လောက် ရှိပါလိမ့်မယ်။

Leave a Reply