OnePlus CEO မွ်ေ၀လိုက္တဲ့ OnePlus 6 နဲ႔ ရိုက္ထားတဲ့ ဓါတ္ပံုမ်ား

0
1315

ေမလ ၁၇ ရက္ေန႔မွာ OnePlus 6 ကို တရား၀င္ေၾကညာေတာ့မွာပါ။ လြန္ခဲ့တဲ့ လအနည္းငယ္ ကတည္းက သူ႔ရဲ႕ သတင္းအခ်က္အလက္မ်ားဟာလည္း ေပါက္ၾကားထြက္ေပၚခဲ့ပါတယ္။ ကုမၸဏီကိုယ္တိုင္ကလည္း သူ႔ရဲ႕ သတင္းအခ်က္အလက္မ်ားကို စဥ္ဆက္မျပတ္ မွ်ေ၀ခဲ့ပါတယ္။ အခုလည္း စီအီးအို ျဖစ္သူ Pete Lau က သူ႔႔ရဲ႕ သတင္းအခ်က္အလက္ အခ်ိဳ႕ကို ျပသလိုက္ပါတယ္။

တရုတ္ လူမႈကြန္ရက္ ၀ီဘိုမွာ OnePlus ရဲ႕ တရား၀င္ အေကာင့္ကေန OnePlus 6 နဲ႔ ရိုက္ကူးထားတဲ့ ဓါတ္ပံုမ်ားကို မွ်ေ၀လိုက္ပါတယ္။ ဒါေပမယ့္ ဓါတ္ပံုမ်ားကို Compress လုပ္ထားတဲ့အတြက္ အေနာက္ကင္မရာ ႏွစ္လံုးရဲ႕ ဓါတ္ပံု အရည္အေသြး အစစ္ကို ခန္႔မွန္းလို႔ မရပါဘူး။ သူ႔ရဲ႕ အေနာက္ ကင္မရာမ်ားဟာ OnePlus 5T နဲ႔ အလြန္ ဆင္တူႏုိင္ပါတယ္။ 16MP Main Camera ကို 20MP Secondary Camera နဲ႔ တြဲဖက္ထားႏုိင္ပါတယ္။

OnePlus 6 ဟာ OnePlus 5T ထက္ HDR Photos နဲ႔ Low-Light စြမ္းရည္ အပိုင္းမွာ ပိုမိုေကာင္းမြန္လာမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ Portrait Photos နဲ႔ Scene Recognition တို႔အတြက္ AI ဟာလည္း ပိုမုိ အဆင့္ျမင့္လာႏုိင္ပါတယ္။

ကုမၸဏီက အတည္ျပဳထားမႈမ်ားအရ သူ႔မွာ 6.2” Display, Snapdragon 845 Processor, 8GB RAM , 256GB Storage မ်ားထည့္သြင္းထား မွာေသခ်ာပါတယ္။ မၾကာခင္ကလည္း သူ႔မွာ ေရစိုခံ စြမ္းရည္ပါမယ္ ဆိုတာကို တြစ္တာ အေကာင့္ကေန အရိပ္အျမြက္ေျပာၾကားခဲ့ပါတယ္။ အေနာက္ဘက္မွာ ဖန္ကိုယ္ထည္ တပ္ဆင္ထားမယ္လို႔လည္း ယခင္ကတည္းက အတည္ျပဳထားပါတယ္။

သူ႔ရဲ႕ တန္ဖိုးဟာ ၇၄၉ ေဒၚလာ၀န္းက်င္ က်သင့္ႏုိင္ပါတယ္။ CEO Lau က ယခင္ကလည္း OnePlus 6 ရဲ႕ စြမ္းရည္အေၾကာင္းကို ေျပာခဲ့ဖူးပါတယ္။ Lau က “စြမ္းေဆာင္ရည္ျမင့္ ဖုန္းမ်ားမွာ ည့့့ံဖ်င္းတဲ့ ေဆာ့ဖ္၀ဲေၾကာင့္ ေႏွးေကြးမႈမ်ားကို ေတြ႕ေနၾကရပါ တယ္။ OnePlus အဖြဲ႔ကေတာ့ သူ႔ရဲ႕ စြမ္းေဆာင္ရည္ျမင့္ စမတ္ဖုန္းမ်ားမွာ အျမန္ႏႈန္းကို အဓိက ဦးစားေပးထားပါတယ္။ OnePlus ရဲ႕ စမတ္ဖုန္းမ်ား ဟာ Stock Android ထည့္သြင္းထားတဲ့ Google Pixel Phones မ်ားကို ေခ်ာမြတ္မႈ အပိုင္းမွာ အမွီလိုက္ႏုိင္ပါတယ္။” လို႔ ေျပာပါတယ္။

unicode

OnePlus CEO မျှဝေလိုက်တဲ့ OnePlus 6 နဲ့ ရိုက်ထားတဲ့ ဓါတ်ပုံများ

မေလ ၁၇ ရက်နေ့မှာ OnePlus 6 ကို တရားဝင်ကြေညာတော့မှာပါ။ လွန်ခဲ့တဲ့ လအနည်းငယ် ကတည်းက သူ့ရဲ့ သတင်းအချက်အလက်များဟာလည်း ပေါက်ကြားထွက်ပေါ်ခဲ့ပါတယ်။ ကုမ္ပဏီကိုယ်တိုင်ကလည်း သူ့ရဲ့ သတင်းအချက်အလက်များကို စဉ်ဆက်မပြတ် မျှဝေခဲ့ပါတယ်။ အခုလည်း စီအီးအို ဖြစ်သူ Pete Lau က သူ့ရဲ့ သတင်းအချက်အလက် အချို့ကို ပြသလိုက်ပါတယ်။

တရုတ် လူမှုကွန်ရက် ဝီဘိုမှာ OnePlus ရဲ့ တရားဝင် အကောင့်ကနေ OnePlus 6 နဲ့ ရိုက်ကူးထားတဲ့ ဓါတ်ပုံများကို မျှဝေလိုက်ပါတယ်။ ဒါပေမယ့် ဓါတ်ပုံများကို Compress လုပ်ထားတဲ့အတွက် အနောက်ကင်မရာ နှစ်လုံးရဲ့ ဓါတ်ပုံ အရည်အသွေး အစစ်ကို ခန့်မှန်းလို့ မရပါဘူး။ သူ့ရဲ့ အနောက် ကင်မရာများဟာ OnePlus 5T နဲ့ အလွန် ဆင်တူနိုင်ပါတယ်။ 16MP Main Camera ကို 20MP Secondary Camera နဲ့ တွဲဖက်ထားနိုင်ပါတယ်။

OnePlus 6 ဟာ OnePlus 5T ထက် HDR Photos နဲ့ Low-Light စွမ်းရည် အပိုင်းမှာ ပိုမိုကောင်းမွန်လာမယ်လို့ မျှော်လင့်ရပါတယ်။ Portrait Photos နဲ့ Scene Recognition တို့အတွက် AI ဟာလည်း ပိုမို အဆင့်မြင့်လာနိုင်ပါတယ်။

ကုမ္ပဏီက အတည်ပြုထားမှုများအရ သူ့မှာ 6.2” Display, Snapdragon 845 Processor, 8GB RAM , 256GB Storage များထည့်သွင်းထား မှာသေချာပါတယ်။ မကြာခင်ကလည်း သူ့မှာ ရေစိုခံ စွမ်းရည်ပါမယ် ဆိုတာကို တွစ်တာ အကောင့်ကနေ အရိပ်အမြွက်ပြောကြားခဲ့ပါတယ်။ အနောက်ဘက်မှာ ဖန်ကိုယ်ထည် တပ်ဆင်ထားမယ်လို့လည်း ယခင်ကတည်းက အတည်ပြုထားပါတယ်။

သူ့ရဲ့ တန်ဖိုးဟာ ၇၄၉ ဒေါ်လာဝန်းကျင် ကျသင့်နိုင်ပါတယ်။ CEO Lau က ယခင်ကလည်း OnePlus 6 ရဲ့ စွမ်းရည်အကြောင်းကို ပြောခဲ့ဖူးပါတယ်။ Lau က “စွမ်းဆောင်ရည်မြင့် ဖုန်းများမှာ ည့ံ့ဖျင်းတဲ့ ဆော့ဖ်ဝဲကြောင့် နှေးကွေးမှုများကို တွေ့နေကြရပါ တယ်။ OnePlus အဖွဲ့ကတော့ သူ့ရဲ့ စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းများမှာ အမြန်နှုန်းကို အဓိက ဦးစားပေးထားပါတယ်။ OnePlus ရဲ့ စမတ်ဖုန်းများ ဟာ Stock Android ထည့်သွင်းထားတဲ့ Google Pixel Phones များကို ချောမွတ်မှု အပိုင်းမှာ အမှီလိုက်နိုင်ပါတယ်။” လို့ ပြောပါတယ်။

Leave a Reply