Lenovo Z5 ဟာ ေဘာင္မဲ့၊ notch မပါတဲ့ မ်က္ႏွာျပင္ျပည့္ဖုန္းျဖစ္လာႏုိင္ဖြယ္ရွိ

0
1723

Zawgyi Version

Lenovo ဟာ ကိုယ္ထည္အခ်ိဳးနည္းပါးျပီးေတာ့ ေဘာင္ေပ်ာက္ဖုန္းတစ္လံုးကို လုပ္ေဆာင္ေနပါတယ္။ အဲဒီအေၾကာင္း teaser ေလးတစ္ခုထြက္လာျပီးေတာ့ အြန္လိုင္းေပၚမွာ ပ်ံ႕ႏွံ႕ေနပါတယ္။ notch ေလးမပါ၀င္တဲ့အတြက္ေၾကာင့္ notch design ကို အသံုးျပဳဖုိ႕ စိတ္ကူးမရွိတာေသခ်ာသေလာက္ပါပဲ။ မ်က္ႏွာျပင္ကိုယ္ထည္အခ်ိဳး 95% ဆိုေတာ့ အထင္ၾကီးစရာပါပဲ။ မ်က္ႏွာျပင္ျပည့္ဖုန္းေတြကို notchမပါဘဲနဲ႕ေတြ႕ျမင္ရမယ္ဆိုေတာ့ အိပ္မက္ေတြ ျဖစ္လာပါျပီ။

Lenovo ရဲ႕ VPျဖစ္သူ Chang Cheng က Chinese Twitter Weibo ေပၚမွာ Lenovo Z5 ရဲ႕ teaser ေလးကို တင္ေပးခဲ့တာပါ။

ကၽြန္ေတာ္တို႕ကေတာ့ Lenovo Z5 လို႕ ထင္ပါတယ္။ Lenovo ဆီကေနထြက္လာမယ့္ next-gen premium flagship ေလးလို႕ ယူဆထားျပီးေတာ့ Motorola brand နဲ႕ မဟုတ္ေလာက္ပါဘူး။ live photo ၊ render ေတြ မထြက္လာေသးေပမယ့္လည္း Lenovo Android အေနနဲ႕ထြက္လာမွာ ေသခ်ာသေလာက္ပါပဲ။

Notch ေတြ၊ ေအာက္ေဘာင္၊ အေပၚေဘာင္ေတြမျမင္ရဘူးဆိုေတာ့ လံုး၀ေဘာင္ေပ်ာက္မယ့္သေဘာပါပဲ။ ဖုန္းမွာ သတၳဳcase ကို အသံုးျပဳထားမွာပါ။ အေနာက္ဘက္ဖန္သားကိုေတာ့ ေမွ်ာ္မေနပါနဲ႕ဦး။ earpiece ေတာင္ ဘယ္နားရွိမွန္းမျမင္ရေသးပါဘူး။ selfie ကင္မရာကေတာ့ အဲဒီေနရာမွာပဲ ရွိေလာက္မွာပါ။ မ်က္ႏွာျပင္ေအာက္မွာ ထားမလား၊ ေအာက္ကေန ထိုးထြက္လာမလား မသိေသးပါဘူး။

Lenovo Z5 ကို ဂၽြန္၁၄ရက္ေန႕မွာ ေတြ႕ျမင္ရမယ္လို႕ ေျပာေနၾကပါတယ္။ ဒီအခ်ိန္မွာေတာ့ ေျပာလို႕မရပါဘူး။ ေစာင့္ၾကည့္ရဦးမွာပါ။

Unicode Version

Lenovo ဟာ ကိုယ်ထည်အချိုးနည်းပါးပြီးတော့ ဘောင်ပျောက်ဖုန်းတစ်လုံးကို လုပ်ဆောင်နေပါတယ်။ အဲဒီအကြောင်း teaser လေးတစ်ခုထွက်လာပြီးတော့ အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေပါတယ်။ notch လေးမပါဝင်တဲ့အတွက်ကြောင့် notch design ကို အသုံးပြုဖို့ စိတ်ကူးမရှိတာသေချာသလောက်ပါပဲ။ မျက်နှာပြင်ကိုယ်ထည်အချိုး 95% ဆိုတော့ အထင်ကြီးစရာပါပဲ။ မျက်နှာပြင်ပြည့်ဖုန်းတွေကို notchမပါဘဲနဲ့တွေ့မြင်ရမယ်ဆိုတော့ အိပ်မက်တွေ ဖြစ်လာပါပြီ။
Lenovo ရဲ့ VPဖြစ်သူ Chang Cheng က Chinese Twitter Weibo ပေါ်မှာ Lenovo Z5 ရဲ့ teaser လေးကို တင်ပေးခဲ့တာပါ။
ကျွန်တော်တို့ကတော့ Lenovo Z5 လို့ ထင်ပါတယ်။ Lenovo ဆီကနေထွက်လာမယ့် next-gen premium flagship လေးလို့ ယူဆထားပြီးတော့ Motorola brand နဲ့ မဟုတ်လောက်ပါဘူး။ live photo ၊ render တွေ မထွက်လာသေးပေမယ့်လည်း Lenovo Android အနေနဲ့ထွက်လာမှာ သေချာသလောက်ပါပဲ။
Notch တွေ၊ အောက်ဘောင်၊ အပေါ်ဘောင်တွေမမြင်ရဘူးဆိုတော့ လုံးဝဘောင်ပျောက်မယ့်သဘောပါပဲ။ ဖုန်းမှာ သတ္ထုcase ကို အသုံးပြုထားမှာပါ။ အနောက်ဘက်ဖန်သားကိုတော့ မျှော်မနေပါနဲ့ဦး။ earpiece တောင် ဘယ်နားရှိမှန်းမမြင်ရသေးပါဘူး။ selfie ကင်မရာကတော့ အဲဒီနေရာမှာပဲ ရှိလောက်မှာပါ။ မျက်နှာပြင်အောက်မှာ ထားမလား၊ အောက်ကနေ ထိုးထွက်လာမလား မသိသေးပါဘူး။
Lenovo Z5 ကို ဂျွန်၁၄ရက်နေ့မှာ တွေ့မြင်ရမယ်လို့ ပြောနေကြပါတယ်။ ဒီအချိန်မှာတော့ ပြောလို့မရပါဘူး။ စောင့်ကြည့်ရဦးမှာပါ။

Leave a Reply