iPhone X ထက္ ေဒါင္းလုတ္ဆြဲႏႈန္း ၃၇% ျမန္ဆန္တဲ့ Samsung Galaxy S9

0
1900

Zawgyi Version

စမတ္ဖုန္းတစ္လံုးကို ၀ယ္ေတာ့မယ္ဆိုရင္ စဥ္းစားရမယ့္အခ်က္ေတြ အမ်ားၾကီးရွိေနပါတယ္။ စမတ္ဖုန္းရဲ႕ ဒီဇိုင္း၊ ကင္မရာ၊ performance အမ်ားၾကီးပဲေနာ္။ ဒါေပမယ့္ဖုိင္ေတြကို upload ၊ download လုပ္တဲ့အခါ ဘယ္ေလာက္ျမန္သလဲဆိုတာေရာ အေရးမၾကီးဘူးလား။ အင္တာနက္က သင့္အတြက္ အေရးပါေနတယ္ဆိုရင္ေတာ့ အျမန္ဆံုးဖုန္းကို ေလ့လာလိုက္တဲ့အခါမွာ Samsung က winner ျဖစ္သြားပါတယ္။

Ookla ရဲ႕ ေလ့လာမႈအရ Samsung Galaxy S9 နဲ႕ Galaxy S9 Plus ဟာ ေဒါင္းလုတ္နဲ႕ streaming ပိုင္းမွာ အျခားစမတ္ဖုန္းေတြထက္ သာလြန္ေနတာကို ေတြ႕လုိက္ရပါတယ္။ ဘယ္ေလာက္ေတာင္မ်ားလဲ။ ၄၂%ၾကီးမ်ားေတာင္ပါ။

CAT 18 LTE modem ကို ထည့္သြင္းထားတဲ့အတြက္ေၾကာင့္ ေဒါင္းလုတ္အျမန္ႏႈန္းကို 1.2 Gbps အထိ လုပ္ေဆာင္ေပးႏုိင္ပါတယ္။ ဟုတ္ပါတယ္။ ဒါကေတာ့ သင္သံုးစြဲေနတဲ့ network နဲ႕လည္း ဆိုင္ပါေသးတယ္။ ဒါေပမယ့္ network အတူတူမွာဆိုရင္ ဘယ္ဖုန္းကိုသံုးသလဲဆိုတာကို မူတည္ျပီးေတာ့ အျမန္ႏႈန္းေတြက ကြဲျပားသြားမွာပါ။ Galaxy S9 ၊ S9 Plus တို႕ဟာ iPhone X ထက္ ၃၇% ျမန္ဆန္ပါတယ္။ Google Pixel 2 ထက္ ၁၇% ၊ Galaxy S7 ထက္ ၃၈% ျမန္ဆန္တာကို ေတြ႕လုိက္ရတာပါ။

“ဒီႏွစ္ေႏြမွာ သံုးစြဲသူေတြအေနနဲ႕ ကမ္းေျခကိုသြားမယ္။ ဖုန္းသံုးမယ္ဆုိရင္ေတာ့ Galaxy S9 ၊ S9+ မ်ာ ရႏုိင္တဲ့အျမန္ဆံုးကြန္ရက္နည္းပညာမပါဘူးဆုိရင္ ဖုန္းေတြက ေႏွးေကြးမယ္” လို႕ Samsung Electronics America ရဲ႕ စီနီယာဥကၠဌ Justin Denison က အီးေမးလ္နဲ႕ ေရးသားထားပါတယ္။

Samsung Galaxy S9 နဲ႕ Galaxy S9 Plus တို႕ဟာ ျမန္ဆန္ရံုသာမက ေနာက္ဆံုးေပၚ Qualcomm processor Snapdragon 845 ၊ RAM က 4GB or 6GB ၊ 64GB storage တို႕ကို အသံုးျပဳထားတာပါ။

အျမန္ႏႈန္းကေတာ့ ျမန္လာပါတယ္။ 5G ကိုသြားေနခ်ိန္မွာ carrier ေတြကလညး္ 1 Gbps ေက်ာ္ေအာင္ ၾကိဳးစားေနၾကပါျပီ။ ဒါေၾကာင့္ ထုတ္လုပ္သူေတြအေနနဲ႕လည္း ေရွ႕ေျခလွမ္းတိုးဖို႕လိုေနျပီဆိုတာ ဆမ္ေဆာင္းက ျပသလိုက္တာပါ။

Unicode Version

စမတ်ဖုန်းတစ်လုံးကို ဝယ်တော့မယ်ဆိုရင် စဉ်းစားရမယ့်အချက်တွေ အများကြီးရှိနေပါတယ်။ စမတ်ဖုန်းရဲ့ ဒီဇိုင်း၊ ကင်မရာ၊ performance အများကြီးပဲနော်။ ဒါပေမယ့်ဖိုင်တွေကို upload ၊ download လုပ်တဲ့အခါ ဘယ်လောက်မြန်သလဲဆိုတာရော အရေးမကြီးဘူးလား။ အင်တာနက်က သင့်အတွက် အရေးပါနေတယ်ဆိုရင်တော့ အမြန်ဆုံးဖုန်းကို လေ့လာလိုက်တဲ့အခါမှာ Samsung က winner ဖြစ်သွားပါတယ်။
Ookla ရဲ့ လေ့လာမှုအရ Samsung Galaxy S9 နဲ့ Galaxy S9 Plus ဟာ ဒေါင်းလုတ်နဲ့ streaming ပိုင်းမှာ အခြားစမတ်ဖုန်းတွေထက် သာလွန်နေတာကို တွေ့လိုက်ရပါတယ်။ ဘယ်လောက်တောင်များလဲ။ ၄၂%ကြီးများတောင်ပါ။
CAT 18 LTE modem ကို ထည့်သွင်းထားတဲ့အတွက်ကြောင့် ဒေါင်းလုတ်အမြန်နှုန်းကို 1.2 Gbps အထိ လုပ်ဆောင်ပေးနိုင်ပါတယ်။ ဟုတ်ပါတယ်။ ဒါကတော့ သင်သုံးစွဲနေတဲ့ network နဲ့လည်း ဆိုင်ပါသေးတယ်။ ဒါပေမယ့် network အတူတူမှာဆိုရင် ဘယ်ဖုန်းကိုသုံးသလဲဆိုတာကို မူတည်ပြီးတော့ အမြန်နှုန်းတွေက ကွဲပြားသွားမှာပါ။ Galaxy S9 ၊ S9 Plus တို့ဟာ iPhone X ထက် ၃၇% မြန်ဆန်ပါတယ်။ Google Pixel 2 ထက် ၁၇% ၊ Galaxy S7 ထက် ၃၈% မြန်ဆန်တာကို တွေ့လိုက်ရတာပါ။
“ဒီနှစ်နွေမှာ သုံးစွဲသူတွေအနေနဲ့ ကမ်းခြေကိုသွားမယ်။ ဖုန်းသုံးမယ်ဆိုရင်တော့ Galaxy S9 ၊ S9+ မျာ ရနိုင်တဲ့အမြန်ဆုံးကွန်ရက်နည်းပညာမပါဘူးဆိုရင် ဖုန်းတွေက နှေးကွေးမယ်” လို့ Samsung Electronics America ရဲ့ စီနီယာဥက္ကဌ Justin Denison က အီးမေးလ်နဲ့ ရေးသားထားပါတယ်။
Samsung Galaxy S9 နဲ့ Galaxy S9 Plus တို့ဟာ မြန်ဆန်ရုံသာမက နောက်ဆုံးပေါ် Qualcomm processor Snapdragon 845 ၊ RAM က 4GB or 6GB ၊ 64GB storage တို့ကို အသုံးပြုထားတာပါ။
အမြန်နှုန်းကတော့ မြန်လာပါတယ်။ 5G ကိုသွားနေချိန်မှာ carrier တွေကလည်း 1 Gbps ကျော်အောင် ကြိုးစားနေကြပါပြီ။ ဒါကြောင့် ထုတ်လုပ်သူတွေအနေနဲ့လည်း ရှေ့ခြေလှမ်းတိုးဖို့လိုနေပြီဆိုတာ ဆမ်ဆောင်းက ပြသလိုက်တာပါ။

Leave a Reply